Sunday, February 15, 2009
Friday, January 9, 2009
များလိုက်တဲ့ ဗိုလ်ချုပ်တွေ
Wednesday, January 7, 2009
Thursday, January 1, 2009
၂၀၀၉ အတွက် အမိမြေမှသားကောင်းများ
ကျွန်တော် လွယ်အိတ်ဆွဲပြီးထွက်လာခဲ့သည်။ လမ်းတလျှောက် ခင်မတို့ ကျွန်တော်တို့ငယ်ဘ၀တွေ တရိပ်ရိပ်ပြေးနေသည်..
ခင်မတို့ ကျွန်တော်တို့ အိမ်ဘေးက သုံးပင်ခန်းလေးကို ပြောင်းလာတော့ ခင်မအဖေခြေတဖက်မပါပါ.. နောက်အဖေသွားမိတ်ဆက်မှ တပ်မတော်မှ ဗိုလ်ကြီးဟောင်းဖြစ်ပြီး တိုက်ပွဲတွင် နိုင်ငံအတွက် ခြေတစ်ဖက်ပေးလှူ ခဲ့ရကြောင်းသိခဲ့ရပါသည်။ ထိုအချိန်က ကျွန်တော်တို့ ညီအကိုသည် စစ်ရူးရူးနေပါသည်။ အဖေကတော်လှန်ရေးနေ့ဆို ဦးဝိစာရလမ်းလိုက်ပို့သလို ကျွန်တော်တို့ ညီအစ်ကို သုံးယောက်ကို တလှည့်စီဂုန်းပိုးကာ စစ်ချီလာသော စစ်သားများကို ပြခဲ့ပါသည်။ ကစားရင်တောင်စစ်တိုက်တမ်းမှ ကစားသည့် ကျွန်တော်တို့ ညီအစ်ကိုတွေသည် အမိမြေမှသားကောင်းများ ရုပ်ရှင်ကို မြန်မာ့အသံတွင်ပြသောအခါ ရုပ်မြင်သံကြားစက်မရှိသော ကျွန်တော်တို့ညီအစ်ကိုတွေ လမ်းထိပ် မျက်နှာစူစူ တရုပ်မကြီးအိမ်တွင် ခွေးကတက်မှ အသည်းအမဲ ကြည့်ခဲ့ကြသည်။ ထိုစဉ်က ၈း၀၀ နာရီ သတင်းရှည်ကြီးတွေ မရှိခဲ့တာတောင် ရုပ်ရှင်ချိန်ရောက်ရင် အိပ်တတ်သော အငယ်ကောင်တောင် ပြူးပြဲပြီး ကြည့်သည်။ နောက်နေ့ရောက် ဒိုင်းညှောင့် ဒိုင်းညှောင့်နှင့် ညီအစ်ကိုတသိုက် ဆူညံပွက်ထတော့သည်။ ခင်မတို့ အဖေက ကျွန်တော်တို့ စစ်တိုက်တမ်းကစားရင် ပြုံးပြုံးကြီးကြည့်နေသလို ကျွန်တော်တို့တွေကလည်း ခြေပြတ်ကြီးကို ဂုဏ်ယူစွာကိုင်ကြည့်ချင်ကြပါသည်။
ကျွန်တော်တို့ အရွယ်ရောက်လာတော့ ခင်မတို့ အဖေက သူပါဝင်တိုက်ခိုက်သော စစ်ပွဲတွေ အကြောင်း သူတိုင်းပြည်ရန်ကာကွယ် ဖို့ ရဲဘော်ဘ၀ကနေ စတင်စစ်ထဲဝင်ခဲ့ကြောင်း၊ သူရခဲ့သောဆုတံဆိပ်တွေထုတ်ပြ သူအရာရှိသင်တန်းတက် ဗိုလ်ဖြစ်ခဲ့ပုံအထိ မရိုးအောင် ပြောပြခဲ့ပါသည်။ သူ့ဘ၀မှာ ရဲဘော်တက်လို့ အမိန့်မပေးဘဲ ရဲဘော်တို့ ငါ့နောက်လိုက်ခဲ့လို့သာ အမိန့်ပေးခဲကြောင်း ပြောသောအခါတိုင်း ကျွန်တော်တို့ရင်ထဲ လှိုင်းထမိပါသည်။
ထိုစဉ်အခါက စစ်တပ်ကပင်စင်စားဗိုလ်ကြီး တိုက်ပွဲတွင်မိုင်းထိခြေပြတ်ခဲ့သော စစ်သားကြီးတို့ အိမ်စီးပွားရေးမှာ သာမန်သာဖြစ်ခဲ့သည် ကိုပြန်တွေးမိသည်။ ၁၉၈၈ ခုနှစ် ကျွန်တော်တို့လူပျိုမပေါက်တပေါက် အချိန်တွင် တပါတီ စနစ်ဆိုးကို လူထု ကတော်လှန်သောအခါ စစ်တပ်က လူထုကိုရက်စက်စွာပစ်ခက်နှိမ်နှင်းသောအခါ လူထုထဲရောက် လူထုနဲ့ တသားထဲ ဖြစ်နေသော သူရဲကောင်းမှတ်တမ်းဝင် စစ်သားကြီးတောက်တခေါက်ခေါက်နှင့် ဖြစ်နေပါသည်။ ထို့အတူ စစ်တပ်ထဲဝင်ခြင်သော ကွန်တော်အစ်ကိုသည် တောခိုပြီး စစ်တပ်ကို ပြန်ချဖို့ကြိုးစားသလို.. ဘာမသိညာမသိ အငယ်ကောင်သည်လည်း စစ်တပ်ဆို ရေတောင်စစ်မသောက် ဖူးဆိုတဲ့အထိဖြစ်လာပါသည်
ကျွန်တော်တို့ အဖေကတော့ တော်လှန်ရေးနေ့ရောက်ရင် သွားကြည့်ဖို့မပြောနှင့် ရပ်ကွက်ကောင်စီက မလွင့်ရင် ကိုယ့်တာဝန်ကို ယူရမည်ဆိုသော အမိန့်နှင့်လွှင့်ခိုင်းသည့် ပြည်ထောင်စုမြန်မာနိုင်ငံ အလံတောင် မသိချင်ယောင်ဆောင်ကာ မထောင်ခဲ့ပေ။ ခြေပြတ် သူရဲကောင်းမှတ်တမ်းဝင်ကြီးသည်လည်း စစ်တပ်တက်ခါစ စစ်မှုထမ်းဟောင်းတွေ ယာယီ ရပ်ကွက်အုပ်ချုပ်ရေးတွင် ထမ်းဆောင်ဖို့ မ၀တ ဥက္ကဌ ဗိုလ်ကြီးကလာပြောတာတောင် ကျန်းမာရေးအကြောင်းပြခေါင်းခါခဲ့သည်။
တပ်မတော်နေ့နီးတိုင်း လာလေ့ရှိသည့် ဒါရိုက်တာစိန်ဖေတင် ရိုက်ခဲ့သည့် အမိမြေမှသားကောင်းများသည် ကျွန်တော်တို့ကို မဆွဲဆောင်နိုင်ခဲ့တော့သလို သူရဲကောင်းမှတ်တမ်းဝင် ခြေတဖက်ပြတ် အမိမြေကိုကာကွယ်ဖို့ စစ်ထဲဝင်ခဲ့သည့် ခင်မတို့အဖေ ဗိုလ်ကြီးလည်း ကွယ်လွန်ခဲ့ပါပြီ....... ခုတော့လည်း အမိမြေမှသားကောင်းများ ရုပ်ရှင်သည်လည်း ဆက်ရာဖာရာအပြည့်နှင့် အဖြူအမဲက မထင်ရှားတော့ အရုပ်တွေက မပီပြင်ဝေး၀ါးနေတော့မည်..........
၂၀၀၉ တွင် အမိမြေမှသားကောင်းများသည် မှုန်တိမှုန်ဝါးသာရှိတော့မည် ဖြစ်ကြောင်း.................
ခံစားမိသမျှ
မင်္ဂလာနှစ်သစ်ပါ
မျိုးဝင်းဇော်
Thursday, December 25, 2008
ရယ်မောခြင်း
ဟားဟားဟား ဟားဟားဟား
ဟားဟားဟား
ရယ်ဖို့ဘဲကောင်းတယ်
Tuesday, September 23, 2008
ဆရာကြီးဦးဝင်းတင် လွတ်ပြီ

ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး မြန်မာနိုင်ငံ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေ နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရေး၊ ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် NLD တိုင်းရင်းသားများ နှင့် စစ်တပ် တို့၏ အပြုသဘောဆောင်သည့် ဆွေးနွေးပွဲများပေါ်ထွန်း လာရေးတို့အတွက်လည်း မျော်လင့်နေမိပါကြောင်း.......
Monday, September 22, 2008
ပထမ
ပထမဆုံးတက်ရသည့်ကျောင်း - အ.မ.က.(5) ဒဂုံ (Bishop home)
ပထမဆုံးတက်ရသည့်အတန်း - သူငယ်တန်း (က)
ပထမဆုံးအတန်းပိုင်ဆရာမ - ဆရာမ ဒေါ်နော်အယ်ဒါဖိုးကွန်း
ပထမဆုံးသော သူငယ်ချင်း (ယောက်ကျားလေး) - တွေ့ကရာပေါင်းတော့ မမှတ်မိ
ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - ဂျိုလီဝင်း (ဟိန္ဒူကုလားမလေး)
ပထမဆုံးသော ဖတ်ရသောစာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - မီးလောင်မြေ
ပထမဆုံးသော ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - မြန်မာ့သမိုင်းဖတ်စာ
ပထမဆုံးသော ရဖူးသည့်ဆု - ၆ တန်းတုံးက အတန်းထဲတွင် တတိယရသည်။ အဖေက Eng to Eng Dictionary စာအုပ်လေးဆုပေးသည်။ အဲဒီနောက် ပထမ၊ ဒုတိယ၊ တတိယ မပြောနှင့် အဆင့် ၂၀ တွင်းတောင် ဘွဲ့ရသည်အထိ မ၀င်တော့..
ပထမဆုံးသောစီးရသည့်ကား - မ.ထ.သ. (၃၆) ချက်ပလက်ကား။ အကြွေသုံးဆယ့်ငါးပြားပေးရသည်ကို မှတ်မိသေးသည်။
ပထမဆုံးဆိုခဲ့သောသီချင်း - ဒီတောင်ကိုမောင်ဖြိုမယ် မြင့်မိုရ်မို့လား (စိုင်းထီးဆိုင်) အဲဒီတစ်ကြောင်းထဲ ရသည်။ ၆ တန်းတုန်းက အတန်းထဲက သူငယ်ချင်း ကုလားမလေး ဂျိုလီဝင်း (အလွန်တောင့်တင်းသူ) ကို နောက်ပြောင်ဆိုခဲ့စဉ်..
ပထမဆုံးရေးခဲ့ဘူးသောရည်းစားစာ - မရေးဘူးပါ။ ပထမဆုံးပြောသောရည်စားစကား မှာ
(ကျွန်ုပ်) နာမည်ဘယ်လိုခေါ်သလဲ (ကြောက်ကြောက်နှင့်)
(သူမ) မသိဘူး (တစ္ဆေတွေ့သလိုအော်လိုက်သည်)
(ကျွန်ုပ်) ဘယ်သွားမလို့လဲ (လန့်လာပြီ)
(သူမ) ဘယ်သွားသွား (နုတ်ခမ်းဆူပြီး)
(ကျွန်ုပ်) ဘယ်သွားမလို့လဲ (မေးပြီးသားပြန်မေးလိုက်သည်)
(သူမ) ဘယ်သွားသွားပါဆို ဘာလုပ်မလို့လဲ (ရပ်ပြီးခါးထောက်ကာ)
(ကျွန်ုပ်) ငါကအအအအအအ…ကောင်း…ပြောမလို့ပါ (နောက်ဆုပ်ပြီး..စကားလည်းမပီတော့)
ဝုန်း….
ခိခိ
ဝုန်းဆိုသည့် အသံမှာကြောက်ကြောက်နှင့်နောက်ဆုပ်စဉ် ရေမြောင်းထဲကျသွားသံဖြစ်ပြီး
ခိခိမှာ နောက်ပိုင်းတွင် အလွန်တရာချစ်မြတ်နိုးပါသည်ဟုဆိုသော သူမ၏လှောင်ရယ်သံဖြစ်သည်။
ပထမဆုံးကဗျာ- မဲမှုတ် တဲကုတ် ၀ဲကုတ် ပဲပြုတ် ဆိုသည့် နဘေထပ်လေး
ပထမဆုံးရောက်ခဲ့သောအခြားမြို့- ပုဂံ (ကျနော်က ရန်ကုန်သား)
ပထမဆုံးရောက်ခဲ့သောနိုင်ငံခြား - ထိုင်းနိုင်ငံ
ပထမဆုံးသောက်ဖူးသောဆေးလိပ်- ရွှေပြည်စိုး
ပထမဆုံးသောက်ဖူးသောအရက် - မန္တလေးရမ်၊ စခန်းသာမီးရထားဟိုတယ်၊ ရန်ကုန် ဘူတာကြီး၊ တပတ် ၃ကျပ်ပြားခြောက်ဆယ် ၄ ပတ်ထက်ပိုမရောင်း၊ ၄ ပတ်ထက်ပိုလိုခြင်ရင် ဈေးကြီးသော အမြည်းတပွဲမှာယူရသည်။ (မဆလခေတ်)
ပထမဆုံးပစ်ဖူးသောသေနတ် - ပလက်စတစ်လုံးလေးထည့်ပစ်ရသောသေနတ် ဘုရားပွဲတွင်ပစ်ဘူးသည်
ပထမဆုံး ဘလော့ပိုစ့်- စစ်ခွေးတွေကိုသတ်ချင်တယ်
Tuesday, August 26, 2008
အမှန်တရားဆိုတဲ့လင်းလက်တောက်ပတဲ့အနာဂတ်အတွက်
အနာဂတ်နဲ့လည်းဝေးတယ်
ကြယ်စင်တွေနဲ့ပါဝေးရတဲ့အထဲ
လူ့ဂုဏ်သိက္ခာနဲ့ပါထပ်ဝေးအောင်
အုတ်ကိုအုတ်နဲ့ကာ
သစ်ဘောင်သံဘောင်ပါ ထပ်ကွပ်ထားတဲ့
ထောင်ဆိုတဲ့အထဲ
အမှန်တရားကို မြိုလို့ဆိုပြီး ပိတ်လှောင်ခံထားရတဲ့
ငါတို့ညီအစ်ကိုမောင်နှမတွေရှိတယ်....
အမှန်တရားဆိုတဲ့ လင်းလက်တောက်ပအနာဂတ်အတွက်
သေမင်းတမန်ငှက်ဖျားပေါတဲ့ အမိမြေအစပ်
စီးပွားရေးကောင်းတဲ့ ခြင်္သေ့ကျွန်း
အယုဒ္ဓယလို့ခေါ်တဲ့ထိုင်း
ဘိလပ်တကြော အို.. ကမ္ဘာအနှံ့
ချေးအထပ်ထပ် အမိမြေအတွက်
မုဒိမ်းသမားလက်က အမိမြေအတွက်
မတရားမှုတွေနဲ့ နံစော်ပုတ်ဟောင်နေတဲ့အမိမြေအတွက်
လွတ်မြောက်ရေးဆိုပြီး ငါတို့ညီအစ်ကိုမောင်နှမတွေ
အသံကုန်ခြစ်အော်ကာ တောင်းဆိုနေကြတယ်....
အမှန်တရားဆိုတဲ့ လင်းလက်တောက်ပတဲ့အနာဂတ်အတွက်
တန်းတူရေး လူ့အခွင့်အရေးအတွက်
ဒုက္ခဆိုတဲ့ အန်ချင်စရာကောင်း
အော်ဂလီဆန်စရာကောင်းတဲ့
ချဉ်စုတ်စုတ်အရေသောက်ပြီး
နေထိုင်လာတာ ၄၆ နှစ်ရှိပြီလေ….
အမှန်တရားဆိုတဲ့ လင်းလက်တောက်ပတဲ့အနာဂတ်အတွက်
သေနက်သံတွေကြား ဗုံးသံတွေကြား
ဂါထာရွတ်လမ်းလျှောက်နေတဲ့ ဦးဇင်းတွေဟာ
မိုက်ရူးရဲလို့မဟုတ်ဘူး
(ငါတို့ကျောင်းသားပေါင်းစည်းလို့ ညီရမည်) ဆိုတဲ့
ရဲရဲတောက်သီချင်းဆိုပြီး သေနက်အပစ်ခံနေတဲ့
ကျောင်းသားတွေဟာ မိုက်မဲနေလို့မဟုတ်ဘူး
အမှန်တရားဆိုတဲ့ ချိုအီမွေးပျံ့လှတဲ့
မေတ္တာရည်တစ်ခွက်ကို ငါတို့ပြည်သူတွေသောက်ရဘို့
ချစတေးပေးလိုက်တာထက်ပိုပြီး ကြီးကျယ်ခမ်းနားမှုမရှိပါဘူး…
အမှန်တရားဆိုတဲ့လင်းလက်တောက်ပတဲ့အနာဂတ်အတွက်
သူတို့စတေးခံနေတာ
သူတို့နားထဲကြားနေတာတော့ ကျွန်တော်ထင်တယ်လေ
အမေစုပြောတဲ့
တိုက်ပွဲဝင်နေမှသာ မျော်လင့်ချက်ရှိတယ် ဆိုတဲ့စကားလေးဘဲဆိုတာ
…..
……
အမှန်တရားဆိုတဲ့လင်းလက်တောက်ပတဲ့အနာဂတ်အတွက်
Saturday, August 23, 2008
တစ်နှစ်ပြည့်ပြီ

ရွှေဝါရောင်တော်လှန်ရေး တစ်နှစ်ပြည့်တော့မယ်။
ငါတို့တိုင်းပြည် ကုန်ဈေးနှုန်းတွေကျဆင်းပြီလား။
နိုင်ငံအကျပ်အတည်းတွေပြီးပြီလား။
ငါတို့တိုင်းသူပြည်သားတွေ လွတ်လပ်ပျော်ရွှင်တဲ့ဘ၀တွေရပြီလား။
Sunday, August 10, 2008
ငြိမ်းချမ်းရေးအတွက်သတင်းတစ်ပုဒ်
According to Aljazeera.
Saturday, August 9, 2008
ကျွန်တော်လှည့်လည်ကြည့်ရှုမိသမျှ မြန်မာဘလော့တွေကပြောတဲ့ ဘလော့များအကြောင်း (၁)
ကျွန်တော့်ဘလော့အကြောင်းစပြောပါမည်။ ကျွန်တော့်ဘလော့၏မူရင်းအမည်မှာ စစ်ခွေးတွေကို သတ်ကြရအောင်ဖြစ်ပါသည်။ blog address မှာ http://www.armydogkiller.blogspot.com/ ဖြစ်ပါတယ်။ နောက်တော့အကြောင်းအမျိုးမျိုးကြောင့် အားနာတာလည်းပါပါတယ် ပြည်ထောင်စုမြန်မာနိုင်ငံ (Union of Myanmar) ဆိုပြီးပြောင်းလိုက်ပါတယ်။ blog address ကိုလည်းပြောင်းဖို့ကြိုးစားပါတယ်။ ဒါပေမယ့် စလုပ်ကတည်းကနာမည် ဖြစ်တာရယ် ပြောင်းလို့မတတ်တာရယ်ကြောင့်ပါ။ ကျွန်တော်သဘောက ဘလော့ရေးတာထက် ဘလော့တွေလိုက်ဖတ်ရတာ လျှောက်အော်ရတာဝါသနာပါပါတယ်။
အမှန်ဘလော့ဖတ်တာထက် အဲဒီမတိုင်ခင် ၂၀၀၇ နှစ်စပိုင်း Myanmar Tea Shop Forum ငြင်းကြခုံကြတာတွေ ရန်ဖြစ်တာတွေ ဆဲဆိုကြတွေတာ ဖတ်ဖြစ်ပါတယ် တခါတလေ ကိုယ်တိုင် ၀င်ပြီးအတို့အထောင်လဲလုပ်ပါတယ်။ နိုင်ငံရေးကြောင့် ဖြစ်တာများပါတယ်။ MaungSan ဆိုတဲ့လူ တို့ထောင်တာ ပိုများတယ်ထင်တယ် ခုတောင် မြင်နေသေးတယ် BBC zombie တွေပါလေ မဟုတ်ပါဘူးလေ သေချာဖတ်ပါလေ ဆိုပြီးတော့… မှတ်မိကြအုံးမှာပါ။ နောက်မှတ်မိသလောက် (မေ့တတ်ပါသည်။) ကဒေါင်းညင်သာ ထင်တယ် MaungSan က Admin ဆိုတာကြီးနဲ့တက်လာတယ်ဆိုပြီးဖွလိုက်တာ (မှားရင်ပြင်ပေးပါ) Myanmar Tea Shop Forum ကြီးဒေါင်းသွားရော.. တခြားအကြောင်းကြောင့် လည်းဖြစ်နိုင်ပါတယ်။ (ဥပမာ မွဲသွားလို့) နောက်တော့ ကိုယ်ပိုင်ဘလော့တွေတည်ဆောက်ကြပါတယ်။ ကျွန်တော်က အဲဒီအချိန် အင်တာနက်မရှိတဲ့နေရာ ရောက်နေတာလည်းပါပါတယ် ဘလော့တွေ အကြောင်းသိပ်မသိတော့ပါဘူး။
၂၀၀၇ စက်တင်ဘာ သံဃာတော်တွေ မေတ္တာပို့လမ်းလျှောက်တော့ ကျွန်တော်ရန်ကုန်မှာပါ။ ခွေးပြေးဝက်ပြေး ပြေးတဲ့အထဲပါပါတယ်။ (ကင်မရာရှေ့တွေဖြတ်မပြေးမိခဲ့တာနာတာဘဲ သက်သေပြစရာမရှိဘူး။) နောက်တော့ ကိစ်စတစ်ခုပေါ်လာတာနဲ့ ထိုင်းနိုင်ငံကိုလာခဲ့ပါတယ် (ထွက်ပြေးတာမဟုတ်ပါ။ ပတ်စဖို့နဲ့ MAI ကြီးစီးပြီးလာတာပါ) ကိုယ့်ကိစ်စနဲ့ကိုယ်ပါ နိုင်ငံရေးမဟုတ်သလို ပြည်သူအရေးလဲမဟုတ်ပါ။ (ဘယ်သူကမေးလို့လဲ) ဘန်ကောက် ရောက်တော့ ဘလော့တွေက သံဃာအရေးအခင်းကပုံတွေကို ပြည်တွင်းကတဆင့်ပို့ပေးတာတွေ တင်ကြ (မသိပါဘူးလေ ထင်တာပြောတာပါလေ။ မှတ်ချက် MaungSan လေ) တာတွေ့တော့ .. (သတင်းဌာနတွေကလည်းယူသုံးကြသည်ဟုထင်သည်) (ထင်တာတွေများသည် ဆောရီးပါ) ကျွန်တော်သိရသလောက် မိုးဇက်ဘလော့ (အခုရှိမရှိမသိ) နစ်နေမန်း၊ ကိုထိုက်တို့ တင်ကြတာ တွေ့ရပါသည်။ ကိုယ်တိုင်လည်းကြုံခဲ့ရတော့ (တပ်မတော်ရဲ့သဘောထားကို ၈၈ ထဲကသိတာပါ) စစ်တပ်ကို ဆော်ချင် အော်ချင်လာပါတယ် ဆဲချင်တာလည်းပါပါတယ်။ (အထဲမှာဆဲရင်သိတဲ့အတိုင်းဘဲ) ဘလော့ဘယ်လို ဆောက်သလဲဆိုတာ ဘလော့တကာဝင်ကြည့်ပြီး ကိုယ်ပိုင်ဘလော့တစ်ခုဖန်တီးပါတယ်။
အောက်တိုဘာလလောက်ကလို့ထင်ပါသည်။ ကိုယ်ဟာကိုယ်အော်ဖို့ ကိုယ်လုပ်ချင်တာလုပ်ဖို့ ဘလော့တစ်ခုဆောက်ပါသည်။ (ယခုလည်း ဟဲဟဲ ကိုယ့်အတွက်ပါဘဲ) ဒါခြေဆင်းပါ ကိုယ့်ကိုကိုယ်ကြော်ငြာတာများသွားပြီ..
ဘလော့ဆိုသည်မှာကျွန်တော်ထင်သည် လွတ်လပ်ခွင့်မရှိသော၊ ထိန်းချုပ်လွန်းသော ဆင်ဆာဖြတ်တောက်လွန်းသော စစ်အစိုးရအုပ်ချုပ်သည့် မြန်မာနိုင်ငံအတွက် ကိုယ်ထင်တာ ကိုယ်တင်ပြပိုင်ခွင့်ရှိသော၊ ကိုယ်ဖန်တီးတဲ့ လွတ်လပ်တဲ့ အနုပညာကို ကိုယ်နဲ့တူရာအစုအဖွဲ့ကို ဝေမျှပေးသော ကိုယ့်ယုံကြည်ချက်ကို ရင်ဘတ်ခြင်းတူသူခြင်း အပြန်အလှန်လဲဖတ်သော (ကိုယ်ကျင့်တရားလေး တော့ထားဖို့လိုသည်) လွတ်လပ်တဲ့ လေထု (Independent atmosphere) လို့ကျွန်တော်ထင်ပါသည်။ မောင်ကောင်းအောင် ပြောသလို (လူကြီးလူကောင်းတို့အတွက် လွတ်လပ်စွာထုတ်ဖော် ရေးသားခွင့်ဆိုတာက ဟောဒီ အင်တာနက် နယ်ပယ်လေး တခုပဲ ရှိသလို ဖြစ်နေခြင်းဆိုသော အချက်လေ) ဆောရီး မောင်ကောင်းအောင် ရည်ညွှန်းတာပါ တခြားရည်ရွယ်ချက်မရှိပါ။ လူတော်တွေဆီကရည်ညွန်းရတာပေါ့ဗျာ။ ဆောင်းပါးနာမည်ကိုက မြန်မာဘလော့တွေကပြောတဲ့ ဘလော့များအကြောင်းဖြစ်နေတာကိုး…
ကဲစပြီ မြန်မာဘလော့တွေကပြောတဲ့ ဘလော့များအကြောင်း ကျွန်တော်ဘလော့တွေ လိုက်လှည့်ပတ် ကြည့်တော့ ကျွန်တော်အမြင်သိပ်မကြည်လင်တာလေးသွားတွေ့တယ်။ (မင်းကဘာကောင်မို့လို့လဲ ဘလော့ဘိုးအေတွေတောင် ဘာမှမပြောတာ မင်းဝင်ပြောရအောင်) ဟုတ်ကဲ့ ဘာကောင်မှ မဟုတ်ပါဘူး..
ကျွန်တော်ပြောချင်တာ ဖြစ်ကြောင်း ပြောပါရစေ.. အခုမှစတာ… ဆော်ကြအော်ကြတဲ့ ပြောင်လှောင်တဲ့နေရာ မှာလည်းသိပ်ကြမ်းတဲ့ ရိတဲ့နေရာရွဲ့တဲ့နေရာမှာလည်းဆရာတဆူဘလော့များဖြစ်ကြတဲ့ မောင်ဒိုင်း၊ မောင်ကျည်ပွေ့၊ နေနတ်နွယ်၊ ကိုလျှာရှည် နှင့် ရွှေဘိုသား စတဲ့ဘလော့များတွင် သူတို့ညွှန်းခြင်သော link များကို ဘလော့နာမည် ဒါမှမဟုတ် ဘလော့ပိုင်ရှင်နာမည်များသို့ ညွှန်းတတ်ကြပါသည်။ (ဒါကဒီဘလော့တွေကိုဥပမာပေးတာပါ) သူတို့သည် များသောအားဖြင့် ရုရှားတွင်နေသော စစ်ဗိုလ်များကိုပြောင်လှောင်တာများသောအားဖြင့် တွေ့ရပါသည်။ ရုရှားက အပြောင်ခံ ရသော စစ်ဗိုလ်များကကော သူတို့ညွှန်းခြင်သော သူတို့ကြိုက်သော ဘလော့များကို ထိုနည်းလည်းကောင်း ညွှန်းတာများပါသည်။ ကောင်းကောင်းမွန်မွန်ပါဘဲ။ တွေ့ပါပြီ တွေ့ပါပြီ… အမျိုးချစ်သူဘလော့ သူက နှစ်မျိုးခွဲထားတယ် ဂုဏ်သရေရှိဘလော့ နဲ့ခွေးဘိနပ်များ…. သူရုရှားက စစ်ဗိုလ်မဟုတ်ပါဘူး (နှိုင်းတာမဟုတ်ကြောင်း၊ ချော့ရသေးတယ်၊ ပစ်မှာစိုးလို့) ထင်တာလေ အောက်က အမျိုးချစ်သူ ရဲ့ စီဘောက်ကိုကြည့်ပါ..
ကျွန်တော်ရုရှားက ပညာသင်နေတဲ့သူတွေ မော်စကို blog gathering လုပ်တော့သွားပြောင်တော့ သူလဲပါမယ်ထင်ပြီး ပြောင်မိပါတယ်။ ပိုင်ရှင်ဆိုသူကရှင်းထားတာပါ။ (ပြောင်တာအကျင့်ပါ။ မဖြောင်တတ်ပါဘူး) သူညွန်းထားတဲ့ ဂုဏ်သရေရှိကထားပါတော့ ခွေးဖိနပ်ဆိုတာ သူအဓိပါယ် ဖွင့်ထားတာက (ကျွန်တော်ဆိုလိုသော ခွေးဖိနပ်ဆိုသည်မှာ ပြည်ပတွင်ရှိသောသူများအားလုံးကို မဆိုလို။ မြန်မာနိုင်ငံကိုချစ်ချင်ယောင်ဆောင၊် မြန်မာနိုင်ငံကိုအထင်သေး၊ မြန်မာလူမျိုးတွေကို အမျိုးမျိုးသွေးခွဲပြီး နိုင်ငံတော်ပြိုကွဲအောင်လုပ်နေတဲ့ စိတ်ဓာတ်အလွန်တရာ အောက်တန်းကျတဲ့ သူများပေးစာကမ်းစာစားပြီး ကိုယ့်နိုင်ငံနဲ့ အစိုးရကို အပုပ်ချနေသော သူများကိုသာ ဆိုလိုသည်) တဲ့ ဒီကိစ်စကိုမရှင်းပါဘူး ကျွန်တော်အမြင်မကြည်တဲ့ အကြောင်းသာဆိုလိုရင်းပါ။ အောက်မှာထပ်ကြည့်ပါခင်ဗျာ အမျိုးချစ်သူဘလော့ရဲ့ ခွေးဖိနပ်ဆိုသူတွေ
သူဟာသူမြင်သလိုလုပ်ထားတာမင်းဘာဆိုင်လို့ ခါးနာတာလဲ ကျွန်တော်ကလဲ ပြောပါ့မယ် ကျွန်တော်မြင်တာ ပြောချင်လို့ပါဆို.. နောက်ခွေးဖိနပ်ထဲပါသူတွေရော (အားနာပါတယ်ဗျာ) ပြောင်လှောင်ဘလော့တွေရော၊ ရုရှားမှ ဘလော့ဂါတွေရော ကျွန်တော်ကိုဘာမှမပေးထားပါဘူးဗျာ သွားကြောင်ရင်တောင် ရိုက်လွှတ်မယ့်လူတွေပါ။ ကျွန်တော်လဲပေးစရာမရှိဘူးဗျ။ (ကျားကန်ထားသည်) နောက်ထပ်တွေ့ပါပြီဗျာ Light of Myanmar သူလဲ နှစ်မျိုးခွဲထားတယ်။ ဂုဏ်သရေရှိ နှင့် အရေမရအဖတ်မရဘလော့။ သူတော့ ပုံနဲ့မညွှန်းတော့ဘူး မရိုင်းလို့.. ကျွန်တော်ဒီဘလော့နှစ်ခု သွားပါတယ် လည်ပါတယ် စာတွေဖတ်ပါတယ် နောက်လဲသွားမှာပါ ငြင်းစရာရှိ ငြင်းမယ် ဖတ်စရာရှိဖတ်မယ် အော်စရာရှိအော်မယ်.. အမြင်မကြည်ရင်လဲ ကျွန်တော်ပြောပြီးပါပြီ ကျွန်တော် ပြောချင်တာပြောဖို့ ဘလော့လုပ်ထားတာပါလို့ ….

