Saturday, August 9, 2008

ကျွန်တော်လှည့်လည်ကြည့်ရှုမိသမျှ မြန်မာဘလော့တွေကပြောတဲ့ ဘလော့များအကြောင်း (၁)

ကျွန်တော့်ဘလော့အကြောင်းစပြောပါမည်။ ကျွန်တော့်ဘလော့၏မူရင်းအမည်မှာ စစ်ခွေးတွေကို သတ်ကြရအောင်ဖြစ်ပါသည်။ blog address မှာ http://www.armydogkiller.blogspot.com/ ဖြစ်ပါတယ်။ နောက်တော့အကြောင်းအမျိုးမျိုးကြောင့် အားနာတာလည်းပါပါတယ် ပြည်ထောင်စုမြန်မာနိုင်ငံ (Union of Myanmar) ဆိုပြီးပြောင်းလိုက်ပါတယ်။ blog address ကိုလည်းပြောင်းဖို့ကြိုးစားပါတယ်။ ဒါပေမယ့် စလုပ်ကတည်းကနာမည် ဖြစ်တာရယ် ပြောင်းလို့မတတ်တာရယ်ကြောင့်ပါ။ ကျွန်တော်သဘောက ဘလော့ရေးတာထက် ဘလော့တွေလိုက်ဖတ်ရတာ လျှောက်အော်ရတာဝါသနာပါပါတယ်။

အမှန်ဘလော့ဖတ်တာထက် အဲဒီမတိုင်ခင် ၂၀၀၇ နှစ်စပိုင်း Myanmar Tea Shop Forum ငြင်းကြခုံကြတာတွေ ရန်ဖြစ်တာတွေ ဆဲဆိုကြတွေတာ ဖတ်ဖြစ်ပါတယ် တခါတလေ ကိုယ်တိုင် ၀င်ပြီးအတို့အထောင်လဲလုပ်ပါတယ်။ နိုင်ငံရေးကြောင့် ဖြစ်တာများပါတယ်။ MaungSan ဆိုတဲ့လူ တို့ထောင်တာ ပိုများတယ်ထင်တယ် ခုတောင် မြင်နေသေးတယ် BBC zombie တွေပါလေ မဟုတ်ပါဘူးလေ သေချာဖတ်ပါလေ ဆိုပြီးတော့… မှတ်မိကြအုံးမှာပါ။ နောက်မှတ်မိသလောက် (မေ့တတ်ပါသည်။) ကဒေါင်းညင်သာ ထင်တယ် MaungSan က Admin ဆိုတာကြီးနဲ့တက်လာတယ်ဆိုပြီးဖွလိုက်တာ (မှားရင်ပြင်ပေးပါ) Myanmar Tea Shop Forum ကြီးဒေါင်းသွားရော.. တခြားအကြောင်းကြောင့် လည်းဖြစ်နိုင်ပါတယ်။ (ဥပမာ မွဲသွားလို့) နောက်တော့ ကိုယ်ပိုင်ဘလော့တွေတည်ဆောက်ကြပါတယ်။ ကျွန်တော်က အဲဒီအချိန် အင်တာနက်မရှိတဲ့နေရာ ရောက်နေတာလည်းပါပါတယ် ဘလော့တွေ အကြောင်းသိပ်မသိတော့ပါဘူး။

၂၀၀၇ စက်တင်ဘာ သံဃာတော်တွေ မေတ္တာပို့လမ်းလျှောက်တော့ ကျွန်တော်ရန်ကုန်မှာပါ။ ခွေးပြေးဝက်ပြေး ပြေးတဲ့အထဲပါပါတယ်။ (ကင်မရာရှေ့တွေဖြတ်မပြေးမိခဲ့တာနာတာဘဲ သက်သေပြစရာမရှိဘူး။) နောက်တော့ ကိစ်စတစ်ခုပေါ်လာတာနဲ့ ထိုင်းနိုင်ငံကိုလာခဲ့ပါတယ် (ထွက်ပြေးတာမဟုတ်ပါ။ ပတ်စဖို့နဲ့ MAI ကြီးစီးပြီးလာတာပါ) ကိုယ့်ကိစ်စနဲ့ကိုယ်ပါ နိုင်ငံရေးမဟုတ်သလို ပြည်သူအရေးလဲမဟုတ်ပါ။ (ဘယ်သူကမေးလို့လဲ) ဘန်ကောက် ရောက်တော့ ဘလော့တွေက သံဃာအရေးအခင်းကပုံတွေကို ပြည်တွင်းကတဆင့်ပို့ပေးတာတွေ တင်ကြ (မသိပါဘူးလေ ထင်တာပြောတာပါလေ။ မှတ်ချက် MaungSan လေ) တာတွေ့တော့ .. (သတင်းဌာနတွေကလည်းယူသုံးကြသည်ဟုထင်သည်) (ထင်တာတွေများသည် ဆောရီးပါ) ကျွန်တော်သိရသလောက် မိုးဇက်ဘလော့ (အခုရှိမရှိမသိ) နစ်နေမန်းကိုထိုက်တို့ တင်ကြတာ တွေ့ရပါသည်။ ကိုယ်တိုင်လည်းကြုံခဲ့ရတော့ (တပ်မတော်ရဲ့သဘောထားကို ၈၈ ထဲကသိတာပါ) စစ်တပ်ကို ဆော်ချင် အော်ချင်လာပါတယ် ဆဲချင်တာလည်းပါပါတယ်။ (အထဲမှာဆဲရင်သိတဲ့အတိုင်းဘဲ) ဘလော့ဘယ်လို ဆောက်သလဲဆိုတာ ဘလော့တကာဝင်ကြည့်ပြီး ကိုယ်ပိုင်ဘလော့တစ်ခုဖန်တီးပါတယ်။

အောက်တိုဘာလလောက်ကလို့ထင်ပါသည်။ ကိုယ်ဟာကိုယ်အော်ဖို့ ကိုယ်လုပ်ချင်တာလုပ်ဖို့ ဘလော့တစ်ခုဆောက်ပါသည်။ (ယခုလည်း ဟဲဟဲ ကိုယ့်အတွက်ပါဘဲ) ဒါခြေဆင်းပါ ကိုယ့်ကိုကိုယ်ကြော်ငြာတာများသွားပြီ..

ဘလော့ဆိုသည်မှာကျွန်တော်ထင်သည် လွတ်လပ်ခွင့်မရှိသော၊ ထိန်းချုပ်လွန်းသော ဆင်ဆာဖြတ်တောက်လွန်းသော စစ်အစိုးရအုပ်ချုပ်သည့် မြန်မာနိုင်ငံအတွက် ကိုယ်ထင်တာ ကိုယ်တင်ပြပိုင်ခွင့်ရှိသော၊ ကိုယ်ဖန်တီးတဲ့ လွတ်လပ်တဲ့ အနုပညာကို ကိုယ်နဲ့တူရာအစုအဖွဲ့ကို ဝေမျှပေးသော ကိုယ့်ယုံကြည်ချက်ကို ရင်ဘတ်ခြင်းတူသူခြင်း အပြန်အလှန်လဲဖတ်သော (ကိုယ်ကျင့်တရားလေး တော့ထားဖို့လိုသည်) လွတ်လပ်တဲ့ လေထု (Independent atmosphere) လို့ကျွန်တော်ထင်ပါသည်။ မောင်ကောင်းအောင် ပြောသလို (လူကြီးလူကောင်းတို့အတွက် လွတ်လပ်စွာထုတ်ဖော် ရေးသားခွင့်ဆိုတာက ဟောဒီ အင်တာနက် နယ်ပယ်လေး တခုပဲ ရှိသလို ဖြစ်နေခြင်းဆိုသော အချက်လေ) ဆောရီး မောင်ကောင်းအောင် ရည်ညွှန်းတာပါ တခြားရည်ရွယ်ချက်မရှိပါ။ လူတော်တွေဆီကရည်ညွန်းရတာပေါ့ဗျာ။ ဆောင်းပါးနာမည်ကိုက မြန်မာဘလော့တွေကပြောတဲ့ ဘလော့များအကြောင်းဖြစ်နေတာကိုး…

ကဲစပြီ မြန်မာဘလော့တွေကပြောတဲ့ ဘလော့များအကြောင်း ကျွန်တော်ဘလော့တွေ လိုက်လှည့်ပတ် ကြည့်တော့ ကျွန်တော်အမြင်သိပ်မကြည်လင်တာလေးသွားတွေ့တယ်။ (မင်းကဘာကောင်မို့လို့လဲ ဘလော့ဘိုးအေတွေတောင် ဘာမှမပြောတာ မင်းဝင်ပြောရအောင်) ဟုတ်ကဲ့ ဘာကောင်မှ မဟုတ်ပါဘူး..

ကျွန်တော်ပြောချင်တာ ဖြစ်ကြောင်း ပြောပါရစေ.. အခုမှစတာ… ဆော်ကြအော်ကြတဲ့ ပြောင်လှောင်တဲ့နေရာ မှာလည်းသိပ်ကြမ်းတဲ့ ရိတဲ့နေရာရွဲ့တဲ့နေရာမှာလည်းဆရာတဆူဘလော့များဖြစ်ကြတဲ့ မောင်ဒိုင်းမောင်ကျည်ပွေ့နေနတ်နွယ် ကိုလျှာရှည် နှင့် ရွှေဘိုသား စတဲ့ဘလော့များတွင် သူတို့ညွှန်းခြင်သော link များကို ဘလော့နာမည် ဒါမှမဟုတ် ဘလော့ပိုင်ရှင်နာမည်များသို့ ညွှန်းတတ်ကြပါသည်။ (ဒါကဒီဘလော့တွေကိုဥပမာပေးတာပါ) သူတို့သည် များသောအားဖြင့် ရုရှားတွင်နေသော စစ်ဗိုလ်များကိုပြောင်လှောင်တာများသောအားဖြင့် တွေ့ရပါသည်။ ရုရှားက အပြောင်ခံ ရသော စစ်ဗိုလ်များကကော သူတို့ညွှန်းခြင်သော သူတို့ကြိုက်သော ဘလော့များကို ထိုနည်းလည်းကောင်း ညွှန်းတာများပါသည်။ ကောင်းကောင်းမွန်မွန်ပါဘဲ။ တွေ့ပါပြီ တွေ့ပါပြီ… အမျိုးချစ်သူဘလော့ သူက နှစ်မျိုးခွဲထားတယ် ဂုဏ်သရေရှိဘလော့ နဲ့ခွေးဘိနပ်များ…. သူရုရှားက စစ်ဗိုလ်မဟုတ်ပါဘူး (နှိုင်းတာမဟုတ်ကြောင်း၊ ချော့ရသေးတယ်၊ ပစ်မှာစိုးလို့) ထင်တာလေ အောက်က အမျိုးချစ်သူ ရဲ့ စီဘောက်ကိုကြည့်ပါ..

ကျွန်တော်ရုရှားက ပညာသင်နေတဲ့သူတွေ မော်စကို blog gathering လုပ်တော့သွားပြောင်တော့ သူလဲပါမယ်ထင်ပြီး ပြောင်မိပါတယ်။ ပိုင်ရှင်ဆိုသူကရှင်းထားတာပါ။ (ပြောင်တာအကျင့်ပါ။ မဖြောင်တတ်ပါဘူး) သူညွန်းထားတဲ့ ဂုဏ်သရေရှိကထားပါတော့ ခွေးဖိနပ်ဆိုတာ သူအဓိပါယ် ဖွင့်ထားတာက (ကျွန်တော်ဆိုလိုသော ခွေးဖိနပ်ဆိုသည်မှာ ပြည်ပတွင်ရှိသောသူများအားလုံးကို မဆိုလို။ မြန်မာနိုင်ငံကိုချစ်ချင်ယောင်ဆောင၊် မြန်မာနိုင်ငံကိုအထင်သေး၊ မြန်မာလူမျိုးတွေကို အမျိုးမျိုးသွေးခွဲပြီး နိုင်ငံတော်ပြိုကွဲအောင်လုပ်နေတဲ့ စိတ်ဓာတ်အလွန်တရာ အောက်တန်းကျတဲ့ သူများပေးစာကမ်းစာစားပြီး ကိုယ့်နိုင်ငံနဲ့ အစိုးရကို အပုပ်ချနေသော သူများကိုသာ ဆိုလိုသည်) တဲ့ ဒီကိစ်စကိုမရှင်းပါဘူး ကျွန်တော်အမြင်မကြည်တဲ့ အကြောင်းသာဆိုလိုရင်းပါ။ အောက်မှာထပ်ကြည့်ပါခင်ဗျာ အမျိုးချစ်သူဘလော့ရဲ့ ခွေးဖိနပ်ဆိုသူတွေ


သူဟာသူမြင်သလိုလုပ်ထားတာမင်းဘာဆိုင်လို့ ခါးနာတာလဲ ကျွန်တော်ကလဲ ပြောပါ့မယ် ကျွန်တော်မြင်တာ ပြောချင်လို့ပါဆို.. နောက်ခွေးဖိနပ်ထဲပါသူတွေရော (အားနာပါတယ်ဗျာ) ပြောင်လှောင်ဘလော့တွေရော၊ ရုရှားမှ ဘလော့ဂါတွေရော ကျွန်တော်ကိုဘာမှမပေးထားပါဘူးဗျာ သွားကြောင်ရင်တောင် ရိုက်လွှတ်မယ့်လူတွေပါ။ ကျွန်တော်လဲပေးစရာမရှိဘူးဗျ။ (ကျားကန်ထားသည်) နောက်ထပ်တွေ့ပါပြီဗျာ Light of Myanmar သူလဲ နှစ်မျိုးခွဲထားတယ်။ ဂုဏ်သရေရှိ နှင့် အရေမရအဖတ်မရဘလော့။ သူတော့ ပုံနဲ့မညွှန်းတော့ဘူး မရိုင်းလို့.. ကျွန်တော်ဒီဘလော့နှစ်ခု သွားပါတယ် လည်ပါတယ် စာတွေဖတ်ပါတယ် နောက်လဲသွားမှာပါ ငြင်းစရာရှိ ငြင်းမယ် ဖတ်စရာရှိဖတ်မယ် အော်စရာရှိအော်မယ်.. အမြင်မကြည်ရင်လဲ ကျွန်တော်ပြောပြီးပါပြီ ကျွန်တော် ပြောချင်တာပြောဖို့ ဘလော့လုပ်ထားတာပါလို့ ….

ဒီဆောင်းပါးနောက်ဆက်တွဲတွေမှာလည်း ကျွန်တောဖတ်မိရသလောက် မြန်မာဘလော့များ၏ ပိုစ့်များအကြောင်း၊ စီဘောက်ထဲကအကြောင်း နှင့် အပြင်အဆင် layout တွေထဲရေးသားထားသမျှ အကြောင်းတွေပါ ကျွန်တော်ထင်မိတာ ယူဆမိတာလေးတွေတင်ပြပေးသွားမှာပါ တစ်ခုနဲ့တစ်ခုအဆက်အသွယ်ပြတ်ခြင်လည်း ပြတ်မယ် ကြာချင်လည်းကြာမယ် အိုင်ဒီယာဆိုတာပြောရခက်တော့ ထွက်ခြင်မှထွက်တတ်လို့ပါ။ Technical အပိုင်းမဟုတ်ပါ ကျွန်တော်ပြောချင်တာ ဖြစ်ကြောင်း သီးခံပြီးဖတ်ပေးပါရန် တောင်းပန်ပါသည်။

5 comments:

လင်းဦး(စိတ်ပညာ) said...

အင်းလေ.... ရေးခွင့်ရှိတာပဲ... ရေးပါဗျာ.... ကျွန်တော်လည်း လိုက်ဖတ်နေတာ... Myanmar tea shop ကိစ္စကိုလည်း ကျွန်တော်လည်း သိပါတယ်.... ဒီblog ကို အခုမှရောက်တာ... မသိဘူးဗျ.... စာမျက်နှာမှာတောင် ဖော်ပြခွင့်မရှိ၇င် ဘာလုပ်တော့မှာလဲ.....

Myo Win Zaw said...

ပိုစ့်တင်တဲ့ ၉-၈-၂၀၀၈ ကျွန်ဝင်ကြည့် ပြီးသွားပြီ မရှိတော့ဘူး တင်နေတုန်းသူ့ဘလော့ဖွင့်ပြီး ကျွန်တော် ရည်ညွှန်းတာတွေတောင် copy လောက်မေသေးတယ် ဒါ့အပြင် သူ့နောက်ဆုံးပိုစ့် Tea ဘလော့ကို ညွန်းထားတာတောင် ကွန်မင့်ရေးထားခဲ့သေးတယ်။

စိုးထက် - Soe Htet ! said...

သူ့ အကြောင်းနဲ့ သူပါ ကိုမျိုးဝင်းဇော် ... ကျွန်တော် သိပါတယ် ... ကိုယ်ရေးကိုယ်တာပါ ... ဘယ် ဘလော့ဂါ နဲ့မှ မပါတ်သက် ပါဘူး ... သေချာ လာပြော သွားပါတယ် ... :)
အဆင်ပြေပါစေ ဗျို့ :) :P :D

Canada Myanmar Group said...

ဒီဆောင်းပါလေးကောင်းတယ်ဗျာ ကျွန်တော်လည်းအဲဒီ
ဘလော့တွေကိုရောက်ပါတယ် သူတို့ နဲ့ အချိန်ကုန်မခံ
ချင်ဘူးဆိုပြီးတော့ နေတာ ပြည်သူတွေထင်ရောင်ထင်မှား
ဖြစ်သွားနိုင်တယ် အတ္တအကျိုးကိုကာကွယ်နေကြတဲ့ သူ
တွေပါပဲ ဘယ်ဟာအမှန်တရားဆိုတာကိုသူတို့ သိပါတယ်
အဲဒါမျိုးတွေဆက်ရေးပါဦး

Ka Daung Nyin Thar said...

ကိုမျိုးဝင်ဇော်သိအောင် နောက်တခု ထပ်ပြောမလို့..

မြန်မာတီးရှော့စထောင်တဲ့အထဲမှာ Light of myanmar က ရှေ့ဆုံးကဗျ။ သူက ကနေဒါက ကိုဇော်မျိုး၊ ဒီမိုသင်းကွဲတယောက်လို့ သတင်းရထားပါတယ်။