Sunday, August 3, 2008

မောင်ကောင်းအောင်နဲ့ ထိပေ့သျှင် ဖတ်ဖို့

အမှန်တော့အဓိကပြသနာက ဒီရပ်ကွက်ထဲက မဟုတ်ပါဘူး ပြသနာစလာတာက မူရင်းရပ်ကွက်ကပါ မြန်မာနိုင်ငံကိုပြန်ကြည့်ပါ ဘာပြသနာတွေဖြစ်နေလဲလို့ ကျွန်တော်တို့ဆိုတာ တယောက်နဲ့တယောက် မြင်ဘူးတာမဟုတ်ပါဘူး ဒါပေမယ့် မြန်မာလိုပြော မြန်မာစာရေးတဲ့ မြန်မာရေသောက်လာကြတဲ့သူတွေပါဘဲ ဒီပြသနာမှာ ရုရှားမှာပညာသင်နေတဲ့ စစ်ဗိုလ်တွေ နိုင်ငံခြားမှာအကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့သူတွေ သူတို့ရဲ့ လွတ်လပ်တဲ့ ထွက်ပေါက်တစ်ခုအနေနှင့် အနုပညာ သတင်းဖလှယ်ရေး ယုံကြည်တဲ့အကြောင်းအရာ တွေ တင်ပြရေး သူငယ်ချင်းသစ်မိတ်ဆွေသစ်ရှာရေး နိုင်ငံခြားတင်မဟုတ်ပါ မြန်မာပြည်တွင်းမှာပါ ဘလော့တွေဖန်တီးကြ တည်ဆောက်ကြနဲ့ ပျော်ရွင်စရာကောင်းပါတယ်။
မောင်ကောင်းအောင်ပြောသလိုဆို (လူကြီးလူကောင်းတို့အတွက် လွတ်လပ်စွာထုတ်ဖော် ရေးသားခွင့်ဆိုတာက ဟောဒီ အင်တာနက် နယ်ပယ်လေး တခုပဲ ရှိသလို ဖြစ်နေခြင်းဆိုသော အချက်လေးကို နားလည်ပေးသည်က တစ်ကြောင်းကြောင့် ကျွန်တော်တို့ မည်သို့မျှ မပြောဆိုခဲ့ပါ။ )
ဟုတ်ပါတယ်။ ဒီအတိုင်းပါဘဲ နိုင်ငံခြားမှာအကြောင်းအမျိုးမျိုးကြောင့် ရောက်လာတဲ့သူတွေမှာ ပြည်တွင်းမှာ မလွတ်လပ်ခြင်း၊ ယုံကြည်ရာကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ခွင့်မရခြင်း၊ မိမိတို့၏ ပညာရေး စီပွားရေး ရှေ့တက်လမ်းများ မရေရာခြင်း၊ လုံခြုံမှုမရှိခြင်းစတဲ့ ပြသနာများကြောင့် ရောက်လာတဲ့သူတွေက အများစုပါ ဒီပြသနာတွေဘယ်ကစလာသလဲ။ တိကျရှင်းလင်းခြင်ရင်တော့ စစ်တမ်းတစ်ခုလိုပါတယ်။ ကျွန်တော်ကတော့ လက်ရှိအုပ်ချုပ်နေတဲ့စစ်တပ်လို့မြင်တယ်။ အရှင်းဆုံးပြောရရင် စစ်တပ်သည် နိုင်ငံတော်အာဏာကို အတင်းချုပ်ကိုင်ထားသည် စစ်တပ်ထိပ်ပိုင်းမှ
ခေါင်းဆောင်များ နှင့် ၄င်းတို့၏သားသမီးများ အရမ်းချမ်းသာ ကြွယ်ဝကြသည်။ မောက်မာကြသည်။ နောက်တစ်ခု စစ်ဗိုလ်စစ်သားများသည် အုပ်ချုပ်သူလူတန်းစားများသဖွယ် အခွင့်အရေးကို အရမ်းကာရောယူကြသည်။ အသေးစားဖြစ်တဲ့ ဧည့်စာရင်းစစ်ရင် ပါလာသည့်စစ်ဗိုလ်နှင့်စစ်သားသည် ဖိနပ်မချွတ်ဘဲအိမ်ဦးခန်း သို့ဝင်သည့်ပြသနာ၊ မီတာဆောင်ရင်တောင် ယူနီဖောင်းကြီးဝတ် အပွင့်အခက်တွေနှင့် ရှည်လျားလှတဲ့ လူတန်းကြီးကို ထီမထင်လုပ်ပြီး ကြားဖြတ်ကာဦးအောင်ဆောင်တတ်ကြတာစစ်ဗိုလ်စစ်သားတွေပါ။

အဲဒီလိုအနိုင်ကျင့်ခံလာရတဲ့ မြန်မာပြည်သူတွေဟာ ပြည်တွင်းမှာ ဆဲဆိုလို့မရ ကြိမ်းမောင်းလို့မရ မကျေနပ်ဘူးလို့အော်တော့လည်း သေနပ်ပစ်ခံရ ရိုက်နှက်ခံရ ဖမ်းဆီးခံရ အဲဒီတော့ မောင်ကောင်းအောင်တို့ကိုလည်းတွေ့ရော စစ်ဗိုလ်တွေဖြစ်မှန်းလဲသိ အင်တာနက်ပေါ်မှာလည်းဖြစ် အန္တရာယ်မရှိမှန်းလဲသိရော ရင်ထဲရှိတာတွေပွင့်ထွက်ကုန်ပါရော တကယ်တော့မောင်ကောင်းအောင် တို့ကလည်း ဓားစာခံတွေပါ
နာဂစ်မုန်တိုင်းအပြီးရက်အနည်းငယ်အကြာမှ မြန်မာတပ်မတော်သည် ရန်ကုန်မြို့တွင်း ပြိုလဲနေသော သစ်ပင်များရှင်းလင်းရန်ဝင်ရောက်လာပါသည်။ အမှန်တကယ်လည်းရှင်းလင်းကြပါသည်။ ကွမ်းတယာ ရေတမှုတ်တိုက်မည့် ရန်ကုန်မြို့ခံများမရှိသလောက်ရှားပါသည်။ ကောင်းတာလာလုပ်သူကို ကွမ်းတယာ ရေတမှုတ်တိုက်မည့်သူမရှိခြင်းသည် စက်တင်ဘာလတွင် သံဃာတော်များကို ၄င်းတို့မျက်စိရှေ့တွင် ရိုက်နှက်ပစ်ခက်ထားခြင်းကို မျက်မျက်ဝါးထင်ထင်မြင်ခဲ့ကြ၊ မုန်တိုင်းပြီးကြောက်လန့်ကာအားကိုးရာမဲ့နေသော ပြည်သူများသည် တခြားနိုင်ငံများက စစ်တပ်များကဲ့သို့ချက်ချင်းအရေးယူ ဆောင်ရွက်ခြင်းမရှိသော စစ်တပ်အစိုးရကို ဒေါသထွက်နေခြင်း၊ စစ်တပ်သည်အမြဲလိုလို နီးစပ်ရာလူများကို အတင်းခေါ်ကာ ခိုင်းတတ်ခြင်းတို့ကြောင့် ခပ်ခွာခွာလုပ်နေကြပါသည်။ ဆိုလိုခြင်တာက စစ်တပ်၊ စစ်သား နှင့် စစ်ဗိုလ်များကို ပြည်သူတွေသည် အမြင်မကြည်လင်ကြပေ။ ထိကပါးရိကပါးလုပ်ခြင်ကြသည်။ လက်နက်များပါသဖြင့် မလုပ်ဝံ့ကြပေ။

မောင်ကောင်းအောင် ပြောသလို
(သည်ရပ်ကွက်လေးမှာ နေသောကျွန်တော်အတွက် သည်လိုထိကပါး ရိကပါးများကို နားမခံသာတာကတစ်ကြောင်း လူတစ်ယောက်လွတ်လပ်စွာ ယူဆခြင်းကို ထိပါးလာသောကြောင့် တစ်ကြောင်း သည်လမ်းလေး အတိုင်း လက်သီးဆုပ်ကာ လိုက်လာမိခဲ့သည်)
ဘာလို့လုပ်ကြသလဲဆိုတော့ အထက်မှာပြောခဲ့သလိုဘဲပေါ့ မောင်ကောင်းအောင် မောင်ကောင်းအောင်တို့ ကလက်နက်ရှိသူပါ စစ်တိုက်ဖို့ဖွဲ့ထားတဲ့လူစုပါ လက်နက်ရှိတဲ့သူက လက်သီးဆုပ်ရင်း ပြေးလိုက်တာခံရမှာက လက်နက်မဲ့တဲ့မြန်မာပြည်သူတွေပါ။

ဘလော့ဆိုတာမည်သူမဆိုသုံးခွင့်ရှိပါသည်။ လမ်းဖောက်တဲ့သူ လမ်းပြင်သူမရှိပါ။ ရပ်ကွက်ကောင်းဘို့ ဧည့်စာရင်းစစ်ကြရမယ် ဆိုရင်စစ်ပါ။ ပြသနာသည် အိမ်ပေါ်ကို ဖိနပ်မချွတ်ဘဲတက်လာသော အရာရာရှေ့မှအာဏာပါဝါပြကာအတင်းလုတတ်သော သူများနှင့် ယူနီဖောင်း တူနေခြင်း သည် မောင်ကောင်းအောင်တို့ ထိကပါးရိကပါးလုပ်ရခြင်း၏အစပင်ဖြစ်သည်။ သူ့ဟာသူမဆိုင် သလိုနေများရှိသလို ကိုယ့်အလုပ်ကိုယ်လုပ်သူများလည်း ရပ်ကွက်ထဲတွင်အများကြီးပါ။ မခံချင်စိတ်ကို ရင်ဝယ်ပိုက်ကာ သူတို့လဲ ငါနေပူထဲတန်းစီနေတာတောင် အားမနာ ရှေ့ကအတင်းဝင်သွားတဲ့သူတွေနဲ့ အတူတူဘဲဟု မှတ်ယူနေသူတွေ လည်းအများကြီးရှိပါသည်။

ရပ်ကွက်ကောင်းဘို့ဆိုပြီး အိမ်ဦးခန်းတက် ဖိနပ်မချွတ်တဲ့သူတွေမဟုတ်ရင် ထိပေ့သျှင် ပြောသလို (မင်္ဂလာပါဗျာ။ ခင်ဗျားတို့နဲ့ ကျွန်တော်ဟာ ဖြတ်သန်းလာရတဲ့ ဘ၀ တွေ မတူလို့သာ အတွေး အခေါ်၊ အယူအဆတွ ကွဲနေကြတာပါ။ ရန်သူတွေ ၊ မကောင်းဆိုးဝါးတွေလို့ ကျွန်တော်ကသဘောမထားပါ)
အဲဒီလိုဘဲ ခင်ဗျားတို့ကိုလည်း ဘယ်သူကမှ မကောင်းဆိုးဝါးလို့ သဘောထားမှာမဟုတ်ပါဘူး။ ဗိုလ်ကြီးရေ အိမ်ထဲဝင်ပြီး ရေနွေးကြမ်းနဲ့ ထန်းလျက်လေး စားပါအုံးလို့ ပြောကြမည့်သူတွေကြီးပါဘဲ။
ကိုစိုးထက်လည်း ရပ်ကွက်ကောင်းဘို့ဆိုပြီး အိမ်ဦးခန်းဖိနပ်မချွတ်ဘဲတက်တက်တဲ့ သူတွေနဲ့ ဧည့်စာရင်းစစ်လိုက်လာရင်တော့ ……………………
နောက်ဆုံးပါ စစ်တပ်ကမြန်မာနိုင်ငံမှာကိုယ့်မူရင်း အလုပ်ဖြစ်တဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်တဲ့ အချိန်ရောက်ရင် သာယာတဲ့ရပ်ကွက်လေးထဲ ရေနွေးကြမ်းနဲ့ထန်းလျက်ခဲလေး အတူတူစားခြင်ပါတယ် မောင်ကောင်းအောင် နဲ့ ထိပေ့သျှင်

မျိုးဝင်းဇော်

မောင်ကောင်းအောင် http://maungkaungaung.blogspot.com/ ၏ မျက်လုံးဖွင့်၍ ကျွန်တော်လမ်းလျောက်ပါသည်

ကိုစိုးထက် ၏ မောင်ကောင်းအောင်သို့ ကွန်းမန့် စိုးထက် - Soe Htet ! said...

ကောင်း၏ မောင်ကောင်းအောင် ဆက်ရေးပါ :)
ရပ်ကွက် ကောင်းဖို့ တစ်ခုကို မျက်နှာ မူလိုက်ရင် အားလုံးက တစ်ဖက်ထဲ မှာပါ ...

02 August 2008 04:15

ထိပေ့သျှင် ၏ စီဘောက် >>countrybuilder ၊စောကြီး:၊သိစေချင် --- မင်္ဂလာပါဗျာ။ ခင်ဗျားတို့နဲ့ ကျွန်တော်ဟာ ဖြတ်သန်းလာရတဲ့ ဘ၀ တွေ မတူလို့သာ အတွေး အခေါ်၊ အယူအဆတွ ကွဲနေကြတာပါ။ ရန်သူတွေ ၊ မကောင်းဆိုးဝါးတွေလို့ ကျွန်တော်ကသဘောမထားပါဘူ

7 comments:

Anonymous said...

ရပ်ကွက်ကောင်းဖို့ လုပ်တယ်ဆိုတာ ရပ်ကွက်ထဲက လူအများ စိတ်ချမ်းသာအောင် လုပ်ဖို့ လိုပါပေတယ်။ ရပ်ကွက်ကောင်းအောင် တစ်ကယ်လုပ်တာလား ရပ်ကွက်ထဲမှာမှ ကိုယ့်အိမ်ရှေ့ ကိုယ့်အမျိုးတွေအိမ်ရှေ့ လမ်းသာအောင် မီးလင်းအောင် လုပ်တာလား၊ ရပ်ကွက်ထဲ သူခိုးပူနေလို့ ကိုယ့်အိမ် သူခိုးမကပ်အောင် အရပ်ထဲက လူတွေကို အတင်းကင်းစောင့်ခိုင်းတာလား..စသည်..စသည် ရပ်ကွက်ကောင်းအောင် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်အကျိုးအတွက် အာဏာရှိသူတစ်ယောက်လုပ်နိုင်တာတွေ များလွန်းပါတယ်။ လုပ်လဲလုပ်နေကြပါတယ်။ ဖြစ်နိုင်ရင်တော့ အရပ်ထဲမှာ သူခိုးသူဝှက်လဲ လုံခြုံ၊ အမှိုက်သရိုက်လဲ ရှင်းလင်း၊ အရပ်သူအရပ်သားတွေလဲ စည်းလုံး။ သာရေး နာရေးဘာရေးဖြစ်ဖြစ် ဘုန်းကြီး နဲ့ စစ်သား။ ဘုရားဂေါပကနဲ့ အရက်သမား၊ အရပ်မျက်နှာဖုံးနဲ့ ကြက်သမား၊ ဈေးသည်နဲ့ သူဌေး၊ အားလုံး ညီညီညွတ်ညွတ် စိတ်တူကိုယ်တူ ရပ်ရွာကောင်းကျိုး အမှန်တစ်ကယ် အတူတွဲ အလုပ်လုပ်နိုင်တဲ့ အချိန်ရောက်ရင် အကောင်းဆုံးပေါ့ဗျာ။

စိုးထက် - Soe Htet ! said...

ပြဿနာ ကို အရင်း ပြန်စစ် ရင် လူဖြစ်ရတဲ့ ဒုက္ခ ဆိုပြီး အကုန်လျှောက်ဆွဲထည့်လို့ ရပါကြောင်း ...

ခေါင်းစဉ်တိုင်းကို လိုရာဆွဲ ရေးနိုင်လို့ ချီးကျူး ပါတယ် ...

မှန်သလောက်တော့ လိုက်ရေးပါတယ် ဘယ်ဖက်ဖြစ်ဖြစ် အပုပ်ချ အပြစ်တင် မလုပ်ပဲ အလုပ်သာ လုပ်ပါကြောင်း ခင်ဗျား :)

စိုးထက် - Soe Htet ! said...

ဒါနဲ့ ... ကျွန်တော် က ဆရာဝန်ပါ ဧည့်စာရင်း မစစ်ပါဘူး ဟား ဟား .. ဆေးကုတာပါ ... :)
ရပ်ကွက် ကောင်းဖို့ တစ်ခုကို မျက်နှာ မူလိုက်ရင် အားလုံးက တစ်ဖက်ထဲ မှာပါ ...
တွင် အားလုံးသည် အားလုံး ဖြစ်ပါသည် ... တစ်ယောက်မျှ မကျန်ပါ ... ချန်နေခဲ့ ချင်လို့ ဆိုရင် တော့ လည်း တစ်မျိုးပေါ့လေ ...

Anonymous said...

ရှင်းရင် ရှုပ်နေမှာပဲ။ သူတို့ဟာ ဘယ်သူ့မှ သွားမဖတ်ဘူး။ အခုတော့ ရှင်းရင်နဲ့ တွေ့မှပဲ ဖတ်မိသလို ဖြစ်နေပြီ။ ထားလိုက်ပါ။ တန်းညှိလို့ မရရင်။

Canada Myanmar Group said...

အားကောင်းသောဒီမိုဘလော့အားဂုဏ်ယူအားပေးလျှက်ပါ
ခုလိုမီဒီယာတိုက်ပွဲများပြင်းထန်နေချိန်တွင် ဒီမိုဘလော့များ
အချင်းချင်းလင့် ထားလျှက်အားလုံးသို့ ဖတ်ရှူအားပေးလျှက်
လက်တွဲတိုက်ပွဲအရှိန်မြင့် တင် ကြပါစို့ ...
http://canadamyanmar.blogspot.com/

yannaing said...

ကျွန်တော်တို့အားလုံးဟာ မကောင်းသော စနစ်ကိုသာ
မလိုလားခြင်းဖြစ်ပါသည် ၊ ထိုမကောင်း သော စနစ်ကို
သမိုင်းမတွင်ရစ်အောင် ဖျက်သိမ်း ရန်မှာလည်း
လူသားအားလုံး၏ တာဝန်ဖြစ်သည်ဟုယူဆပါသည်
ထိုတာဝန်အား ကျရာ နေရာမှာ ကျေပွန်စွာ ထမ်းဆောင်
သင့်သည်ဟု ထင်မြင်သည် ၊ တိုင်းပြည် အင်အားရှိရန်
မှာ အဖွဲ့အစည်းတခုတည်းမှ့ အင်အားရှိယုံဖြင့် မရပါ ။
ထိုကဲ့သို့ တွေးထင်ခြင်းမှာလည်း အလွန် ကျဉ်းမြောင်း
သော အယူဝါဒ ( သို့ ) အတ္တ ၀ါဒီများဟုထင်မြင်သည်
( ကျွန်တော် အမြင်သည် မှားလျှင်မှားမည် )
သို့သော အတ္တမဆန်ပါ ။

စိုးထက် - Soe Htet ! said...

ကျွန်တော့် စီဘောက်ခ်စ်မှာ ...

မျိုးဝင်းဇော်: ကိုစိုးထက်ကို ဈေးတန်း ထဲက လိုက်ပြုံးပြ နေတဲ့ အလယ်ကလူ ဆိုတာ ယုံပါတယ် တရားစခန်း ဖြောင့်ဖြာင့်ဝင်ပါ သာဓု လည်းခေါ်ပါတယ် ကျွန်တော့်ကြောင့် အနှေင့်အယှက် ဖြစ်ခဲ့ရင်လည်း ... ...

ဟု လာရောက် တုံ့ပြန် ပေးပါသဖြင့် ကျေးဇူး တင်ပါတယ် ခင်ဗျာ ....