Showing posts with label တောရောက်တောင်ရောက်. Show all posts
Showing posts with label တောရောက်တောင်ရောက်. Show all posts

Friday, December 24, 2010

Foreign Policy, The Top 100 ထဲက တရုတ် လူငယ်ဘလော့ကာ ဟန်ဟန်

Foreign Policy မဂ္ဂဇင်းအဆိုအရကတော့ သူရွေးချယ်ထားတဲ့ The Top 100 က They had the big ideas that shaped our world in 2010 လို့ဆိုထားပါတယ်။ အဲဒီထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည်လဲ တယောက်အပါအ၀င်ပါ။ အများစုက နိုင်ငံ့ခေါင်းဆောင်တွေ စီးပွားရေးပညာရှင်တွေ ဘဏ်ဥက္ကဌတွေ သိပ္ပံပညာရှင်တွေဖြစ်ကြပါတယ်။ အဲဒီထဲမှာထူးထူးခြားခြား လူငယ်ဘလော့ကာတစ်ယောက် ပါဝင်ပါတယ်။ သူကတော့ ဟန်ဟန်ဆိုသူပါ။ သူ့ဘလောကတော့ China Smack ဆိုတဲ့နာမည်နဲ့ပါ။



အသက် ၂၈ နှစ်သား ဟန်ဟန်ဟာ အင်တာနက်အသုံးပြုသူပေါင်း သန်း ၄၀၀ ကျော် ၀င်ရောက်ခဲ့တဲ့ ကမ္ဘာ့အကျော်ကြားဆုံး ဘလော့ကာတယောက်ဖြစ်ပြီး၊ နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အဓိကရေးသားနေသူဖြစ်သည့်အပြင်၊ ၀တ္ထုရေးဆရာ နှင့် ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသူတစ်ယောက်ပါ ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များမှာ မွေးဖွားခဲ့ပြီး၊ တိန့်အင်မင်ရင်ပြင် အရေးအခင်းနောက်ပိုင်း တရုတ်ပြည်ကြီး စီးပွားရေးဖွံ့ဖြိုး လာတဲ့ ၁၉၉၀ ပြည့်လွန်နှစ်များမှာ ကြီးပြင်းလာခဲ့သူ တစ်ယောက်ဖြစ်တဲ့ ဟန်ဟန် ဟာ ''post-80s Generation'' မှာအဓိကလှုံ့ဆော်သူတယောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်းရေးနောက်ပိုင်းမှာ အရွယ်ရောက်လာကြတဲ့ လူငယ်မျိုးဆက်ဟာ ယခုအချိန်မှာ တိုင်းပြည်အတွက် အလွန်အရေးပါတဲ့ အင်အားစု တစ်ရပ်ဖြစ်နေကြပါပြီ။ ဟန်ဟန်တို့လို တရုတ်ပြည်စီးပွားတိုးတက်မှုမှာ ကြီးပြင်းလာကြမယ့်သူတွေတော့ မဟုတ်ကြပါဘူး။ မြန်မာပြည်က လူငယ်တွေဟာ အရာရာ ဆုတ်ယုတ်သွားတဲ့ အခြေအနေမှာ ကြီးပြင်းလာခဲ့ကြသူတွေဖြစိပါတယ်။ ဒါပေမယ့် တိုင်းပြည်ပြန်လည်ထူထောင်ရေး နဲ့နိုင်ငံရေးထွက်ပေါက်တစ်ခု ရရှိရေးတို့အတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။ လူကြီးတွေ ကိုယ်ကျင့်တရားပျက်သွား တဲ့နိုင်ငံမှာ မြန်မာလူငယ်ထုဟာ အစားထိုးရမယ့် မျိုးဆက်တစ်ရပ်ဘဲ ဖြစ်လာမယ်ထင်ပါတယ်။

photo by Google

Tuesday, November 9, 2010

ရန်ကုန်မြို့တော်ဝင် အောင်သိန်းလင်း / ဆက်ဆံရေးဝန်ကြီးဟုခေါ်သော အောင်ကြည်

ရန်ကုန်မြို့တော်ဝင် ဦးအောင်သိန်းလင်းအနေဖြင့် ပြိုင်ဘက်အမတ်လောင်း ဦးကောင်းမြင့်ထွဋ်ကို
“ငါ့တူ မောင်ကောင်းမြင့်ထွဋ် ဦးလေးလဲ ရန်ကုန်မြို့တော်ဝန်တာဝန်ကို ယူလာတာနှစ်ပေါင်းများစွာကြာပြီကွာ တတ်နိုင်သလောက်တော့လုပ်တာဘဲ အဆင်မပြေတာတွေလည်းအများကြီး ငါ့အနေနဲ့ မင်းတို့လိုလူငယ်တွေ ကို လွဲပေးပြီး အကြံသစ် ဥာဏ်သစ်နဲ့ ငါတို့ နိုင်ငံကိုဦးဆောင်စေခြင်တယ် လူပြောင်းသွားတော့ အကြံတွေလဲပြောင်းသွားတာပေါ့” လို့များပြောပြီး အမတ်အနေနဲ့ ၀င်အရွေးမခံဘဲနေခဲ့ရင်

မင်္ဂလာတောင်ညွှန့်မှ မင်းဗထူး အမည်ခံ ဦးအောင်ကြည်လည်း ငါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေကို ကြားထဲ ဆက်ဆံရေးဝန်ကြီးလုပ်လာတာ ဘာမှလည်းမအောင်မြင်ဘူး ငါနောက်ဝင်မပါလည်းရပါတယ်လေ ဆိုတဲ့ အတွေးများဝင်ခဲ့ရင်

ခုတော့ အခုခေတ် မြန်မာ့တပ်မတော် စစ်ခေါင်းဆောင် ထမိန်ဝတ်များအတိုင်း ဦးအောင်သိန်းလင်း ခင်မျာ နည်းမျိုးစုံနဲ့ အနိုင်ယူသွားတော့ လူကြီးလူကောင်းဟုဆိုရမည့်အစား လူညစ်ပတ် ကလေးဗိုလ်ဟု သာခေါ်ခြင်တော့သည်။

နောက်တယောက်ကတော့ ထမိန်ဝတ်စစ်တပ်ကထုံးစံအတိုင်း ရပ်ကွက်တွေကနိုင်သမျှ အစိုးရ၀န်ထမ်းအများစုကိုအကြပ်ကိုင်ကာ ကြိုတင်မဲလုပ်အနိုင်ယူလို့ မင်းဗထူး အစား မင်းသာရူး လို့ဘဲခေါ်ပါတော့

အရှက်မရှိတဲ့ပုံတွေမတင်ဘဲထားတယ် နောက်မှ Google search engine မှာအောင်သိန်းလင်း တို့ အောင်ကြည်တို့ နာမည်ရိုက်ရှာရင် တွေ့ရအောင် တင်ထားဦးမယ်

Friday, October 9, 2009

ကိုယ့်အကြောင်း

ပျင်းလို့ ကိုယ့်အကြောင်းကိုယ်ရေးတယ်
နာမည်ရင်းကမျိုးဇော်....၁၉၈၈ မတိုင်ခင်က ဗဟန်းမှာနေတယ်.. စစ်အစိုးရတက်လာတော့ ကျူးကျော်ရပ်ကွက်ဆိုပြီး အိမ်ဖျက်ခံရတယ် မှော်ဘီ အုတ်ဖိုဘက်က ကွက်သစ်ကို အပို့ခံရတယ် မြေကြီးပေါ် ပစ္စည်းတွေဒီအတိုင်းပုံချထားပြီး တာလပတ်အိမ် အဖြစ်ဆောက်ကာ နှစ်လနီးပါး မိုးထဲနေထဲ နေခဲ့ရတယ် (နာဂစ်မုန်တိုင်းကြောင့်မဟုတ်ဘူး စစ်မုန်တိုင်းကြောင့်) ကံကောင်းခြင်တော့ ပိုက်ဆံရှိတဲ့ အမေ့အမ ကြီးတော်ကြီးက ဗဟန်းဂျမားရက်ကွက် မှာ အိမ်ပြန်ငှားပေးတယ် ယခုကျောက်မြောင်းမှာနေတယ် တခါတလေ ထိုင်းနိုင်ငံ၊ ဗန်ကောက်မှာနေတယ်။ မျိုးဝင်းဇော်ဆိုတဲ့ အလယ်က၀င်းက တူသားတွေကို သူ့သားသမီးအရင်း တွေလို ချစ်တဲ့ ကြီးဒေါ်ကြီးနာမည်ကိုယူထားတာ။ အရက်ပြင်းတွေထက် ဘီယာကို ပိုကြိုက်တယ်။ အရင်က ဟန်ဆောင်တတ်တယ် အားနာတတ်တယ်။ အခုအားနာတဲ့စိတ်မရှိတော့ဘူး ဟန်ဆောင်တာလည်း မုန်းလာတယ်။

သူငယ်ချင်းအပေါင်းအသင်းတွေကို ဆွေမျိုးတွေထက်ပိုခင်တွယ်တယ်။ ဒါပေမယ့် တယောက်ထဲနေရတာ ပိုနှစ်သက်တယ်။ ဘာတစ်ခုခုမှစွဲစွဲမြဲမြဲ လုပ်တတ်တဲ့အကျင့်မရှိဘူး။ အခုထက်ထိ ကိုယ်ကိုကိုယ် ဘာမှန်းမသိဘူး လွတ်လွတ်လပ်လပ်နေတဲ့အကျင့်ရှိတယ်။ ချုပ်ချယ်တာမကြိုက်ဘူး။ ၁၉၉၂ ခုနှစ်မှာ ဆယ်တန်းအောင်တယ် စာသင်ခန်းထဲစာသင် နေတာကိုမုန်းလာလို့ ဒုတိယနှစ်နဲ့ အဝေးသင်တက္ကသိုလ် ပြောင်းလိုက်တယ်။ (အမှန်က ပိုက်ဆံမရှိလို့ပါ) ၁၉၉၅ခုနှစ် ကနေ ၂၀၀၅ခုနှစ်အထိ ရုံးအကူအဖြစ် ပို့ဆောင်ရေးဝန်ကြီးဌာနမှာလုပ်တယ်။ ဌာနက ဌာနမှူးကိုမကြိုက်လို့ အစိုးရ အလုပ်ကနေ ဌာနခွဲစာရေးရာထူးဖြစ်တော့ ထွက်လိုက်တယ်။ သူကလဲ ကိုယ့်ကိုမကြိုက်ပါဘူး။ (ပြန်ခံပြောလို့၊ စာရေးအဆင့်ကပြန်ခံပြောတော့ သူအောက်တယ်လို့ ထင်နေတယ်။ သူကိုယ်တိုင်က အသုံးမကျပါဘူး တရုံးလုံးသိတယ်။ ကိုယ်ကိုတိုင်ကလည်း ဘာစည်းကမ်းမှ မရိုသေတဲ့ကောင်ဆိုတော့) လုပ်သက် ၁၀ နှစ်ရတာလွဲရင် ပညာလည်းမရဘူး ပိုက်ဆံလည်းမရဘူး။ အချိန်တွေဘဲနှမြောတယ်။ ကိုယ့်ဟာကိုယ်ဆို လဘက်ရည်ဆိုင်ထိုင်လိုက် ဖဲရိုက်လိုက် ဘီယာသောက်လိုက် စာအုပ်ဖတ်လိုက်နဲ့ ဆယ်နှစ်လောက်နေခဲ့ရရင် ပိုကောင်းမှာဘဲလို့ ထင်မိတယ်။ စာအုပ်ဖတ်တာနဲ့ ငြင်းခုံဆွေးနွေးရတာကိုအရမ်းသဘောကျတယ်။

အိမ်ထောင်မရှိလို့ လူပျိုလို့ပြောရင်တော့ လူပျိုကြီးပေါ့။ ရည်စားနှစ်ယောက်ရှိဘူးတယ်။ အမှန်က တယောက်တည်းထားမလို့ပါ။ ပထမတစ်ယောက်ရဲ့ မိဘတွေကကြီးကျယ်တယ်။ ရုံးစာရေး ငကြောင် တက်လမ်းဘာမှမရှိဘူးလို့ထင်တယ် ပေါ့ပေါ့နေပေါ့ပေါ့စားနဲ့ သူ့တို့အိမ်တက်လာမှာ ကြောက်တယ်ထင်တယ် သူ့သမီးကိုနားချတော့ နှစ်ယောက်သား ဆက်ဆံရေးတွေ အေးခဲပြီး နောက်ပြီးသွားတယ် သူကံကောင်းပါတယ်။ ခုတစ်ယောက်က လက်ထပ်ဖို့အတူနေဖို့မပြောဘူး လက်ထပ်လိုက်ရင် သူ့အတွက် ၀န်ထုတ်ဝန်ပိုးတွေပိုလာ မှာကြောက်တယ် ထင်တယ်။ ပထမတစ်ယောက် ကံကောင်းတယ်ဆိုရင် ဒုတိယတစ်ယောက်က ကံဆိုးတာပေါ့။

အ၀တ်အစားကတော့ ဂျင်းဘောင်းဘီနဲ့ တီရှပ်အဖြူဗြောင်တွေကြိုက်တယ်။ သပ်သပ်ရပ်ရပ်နေဖို့ ကြိုးစားတာ နှစ် နှစ်ဆယ်လောက်ရှိပြီ အခုအထိ ရှုပ်ပွနေတုံးဘဲ။ အဖေက ဖြစ်ထွန်းမဲ့ကောင်လို့မမြင်ဘူး။ သူများတွေနဲ့ နှိုင်းပြောလွန်းလို့ အိမ်မှာမနေဘူး။ ကိုယ်ကိုတိုင်လည်းဖြစ်ထွန်းမယ်လို့ မထင်ပါဘူး။ နေထိုင်လာခဲ့တဲ့ တလျှောက်လုံး သူလိုငါလိုဘဲကိုး။ ထူးချွန်တာဆိုလို့ ဇဲတောက်ခုံတောက်တာလောက်ရှိတယ်။ ရည်မှန်းချက် ကတော့ ခြံအကျယ်ကြီးထဲမှာ ပန်းအလှစိုက်တဲ့သက်မွေးဝမ်းကြောင်းမှုမျိုးကိုလုပ်ခြင်တယ်။ အဲဒိအကြောင်းကို ပြီးဆုံးသွားတဲ့ ပထမချစ်သူကိုပြောပြတော့ ငယ်ငယ်ရွယ်ရွယ်တုံးက သူအရမ်းသဘောကျတယ် လက်ထပ်ပြီးရင် အမေ့ကိုပြောမယ် ခြံဝယ်မယ် စိုက်ကြမယ်ပေါ့ နည်းနည်းကြီးလာတော့ သူမေ့သွားတယ်ထင်တယ်။ ကျွန်တော်ကတော့ ခုထိစိတ်ကူးယဉ်တုန်း။ ဒုတိယချစ်သူနဲ့တော့ ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေ သိပ်မပြောဖြစ်ဘူး။ သူကလည်း ကိုယ့်ကို အဲဒါရှိမှာမဟုတ်ဘူးလို့ ထင်နေတယ်။ အဲဒါကြောင့်မမေးတာနေမှာပါ။

့နိုင်ငံရေးအကြောင်းပြောရရင် စစ်အစိုးရကိုမကြိုက်ဘူး။ ဖြစ်နိုင်ရင်စစ်တပ်တစ်ခုလုံး မြေမြိုသွားတာ မြင်ခြင်တယ်။ စိတ်ပျက်လွန်းလို့... ဘ၀မှာလူဖြစ်လာကတည်းက ဒီစစ်တပ်ကကောင်တွေအုပ်ချုပ်တာ ခံနေရတော့ စစ်တပ်ကကောင်တွေ တစ်ယောက်မှမပါတဲ့ အုပ်ချုပ်ရေးစနစ်ပြောင်းလဲမှုမျိုးကို မြင်ခြင်မိတယ်။ ၈၈ အရေးအခင်းတုန်းက ဗဟန်း အထက (၁)မှာ ဖွင့်တဲ့ စစ်သင်တန်းမှာ အပေါက်စောင့်ဘူးတယ်။ (အသက်ငယ်လို့ လို့တော့ပြောတာဘဲ) နောက် မောင်ထော်လေးလမ်း မှာ ဖွင့်ထားတဲ့ အခြေခံပညာကျောင်းသားသမဂ္ဂမှာ ရန်ကုန်တိုင်းအခြေခံပညာကျောင်းပေါင်းစုံအစည်းအဝေး လုပ်တော့ တကြိမ်ရောက်ဘူးတယ်။ (ကိုအောင်ခင်မြင့် (ပျူနိုင်ငံဘလော့)တို့ကပိုသိမှာပါ)။ နောက်ပိုင်း နိုင်ငံရေးလဲ မလုပ်ဖြစ်ပါဘူး။ ၂၀၀ရ ခုနှစ်ကျတော့ သံဃာတော်တွေ စီတန်းလမ်းလျှောက်တာလျှောက်လိုက်တယ်။ စစ်တပ် ကို ဆန့်ကျင်နေရရင်ပျော်တယ်။ ထောင်ကျမှာလည်းကြောက်တယ်။ အလေးစားဆုံး နိုင်ငံရေးထဲက ပုဂ္ဂိုလ် ဆိုရင် ၈၈ ထဲက ကိုကိုကြီးဘဲ သူ့အယူအဆတွေကြိုက်တယ်။

နောင်လုပ်ဖြစ်မယ်ထင်တာကတော့ အရင်အတိုင်း လဘက်ရည်ဆိုင်ထိုင်မယ် ဖဲရိုက်မယ် ညနေဘီယာသောက်မယ် ချစ်သူရုံးဆင်းသွားကြိုမယ် စာအုပ်ဖတ်မယ် စနေ တနင်္ဂနွေ ချစ်သူချိန်းရင်သွားမယ် သူမချိန်းရင်မသိသလိုဘဲနေလိုက်မယ်။ အလုပ်ခြင်ဆုံးကစစ်အစိုးရ ကိုဆန့်ကျင်တဲ့ ဖြုတ်ချမယ့်သူတွေဆို မည်သူကို မဆို အားပေးသွားမယ်။

Friday, June 12, 2009

နအဖဗိုလ်ချုပ်တွေအတွက် မြေအောက်သင်ချိုင်းများ

BBC ညပိုင်းအစီအစဉ်မှာBertil Lintnerရဲ့ Tunnels, Guns and Kimchi: North Korea’s Quest for Dollars – Part I, North Korea digs tunnels for Burma’s brutal, secretive regime ဆိုတဲ့ Yale online Magazine မှာတင်ထားတဲ့ဆောင်းပါးအကြောင်းကို Bertil Lintner နဲ့ အင်တာဗျူးကို ထုတ်လွှင့် သွားပါတယ် အောက်က ပုံတွေက အဲဒီမဂ္ဂဇင်းမှာ တွေ့တဲ့ နအဖ ဗိုလ်ချုပ်တွေအတွက် မြေအောက်သင်ချိုင်းပါ..
တိုင်းပြည်က၀င်ငွေတွေကို အကျိုးရှိရှိအသုံးမချဘဲ ကြောက်လန့်တကြားမြေအောက်အောင်းခြင်တဲ့ စစ်အာဏာရူးတွေပါ ..

























online Magazine link http://yaleglobal.yale.edu/display.article?id=12442



Friday, January 9, 2009

များလိုက်တဲ့ ဗိုလ်ချုပ်တွေ

အမှန်တော့ မြန်မာအစိုးရထုတ်သတင်းစာကိုမဖတ်ဖြစ်ပေ။ အကျိုးမရှိ အချိန်ကုန်လို့ဖြစ်သည်။ သွားပြီးရောင်နန နဲ့ သွားဖတ်ဖြစ်တော့ အရေးမပါတွေ့တော့ တာဘဲ များပြားလှတဲ့ ဗိုလ်ချုပ်တွေ.. ဘာတွေကြောင့် ဒါလောက်များတဲ့ ဗိုလ်ချုပ်တွေခန့်ထားပါလိမ့် ဘယ်နေရာ မှာ ဘာတွေ သုံးသလဲတော့မသိဘူး ဒုချုပ်မောင်အေး သင်တန်းဆင်းပွဲတစ်ခုမှာ တက်တဲ့ ဗိုလ်ချုပ်စာရင်း တတန်းကြီးထိုင်နေကြတာ မြင်ရတော့ ဟားဟား ရယ်တော့ရယ်ရသား အောက်က သတင်းစာပါပုံနဲ့ စာရင်းကိုသာ ကြည့်ကြပါတော့







Wednesday, January 7, 2009

သူမရဲ့အချစ်

ခင်ဗျားတို့အတွက်ဂုဏ်ယူပါတယ်ဗျာ.......






BBC Burmese Web side ကကူးယူဖော်ပြသည်။

Thursday, December 25, 2008

ရယ်မောခြင်း

ဟားဟားဟား
ဟားဟားဟား ဟားဟားဟား
ဟားဟားဟား

ရယ်ဖို့ဘဲကောင်းတယ်

Monday, September 22, 2008

ပထမ

အစ်ကိုကြီး ကိုအောင်သာငယ် တက်၍တက်လိုက်သည်။ ဘက်စကားပေါ်

ပထမဆုံးတက်ရသည့်ကျောင်း - အ.မ.က.(5) ဒဂုံ (Bishop home)
ပထမဆုံးတက်ရသည့်အတန်း - သူငယ်တန်း (က)
ပထမဆုံးအတန်းပိုင်ဆရာမ - ဆရာမ ဒေါ်နော်အယ်ဒါဖိုးကွန်း
ပထမဆုံးသော သူငယ်ချင်း (ယောက်ကျားလေး) - တွေ့ကရာပေါင်းတော့ မမှတ်မိ
ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - ဂျိုလီဝင်း (ဟိန္ဒူကုလားမလေး)
ပထမဆုံးသော ဖတ်ရသောစာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - မီးလောင်မြေ
ပထမဆုံးသော ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - မြန်မာ့သမိုင်းဖတ်စာ
ပထမဆုံးသော ရဖူးသည့်ဆု - ၆ တန်းတုံးက အတန်းထဲတွင် တတိယရသည်။ အဖေက Eng to Eng Dictionary စာအုပ်လေးဆုပေးသည်။ အဲဒီနောက် ပထမ၊ ဒုတိယ၊ တတိယ မပြောနှင့် အဆင့် ၂၀ တွင်းတောင် ဘွဲ့ရသည်အထိ မ၀င်တော့..
ပထမဆုံးသောစီးရသည့်ကား - မ.ထ.သ. (၃၆) ချက်ပလက်ကား။ အကြွေသုံးဆယ့်ငါးပြားပေးရသည်ကို မှတ်မိသေးသည်။
ပထမဆုံးဆိုခဲ့သောသီချင်း - ဒီတောင်ကိုမောင်ဖြိုမယ် မြင့်မိုရ်မို့လား (စိုင်းထီးဆိုင်) အဲဒီတစ်ကြောင်းထဲ ရသည်။ ၆ တန်းတုန်းက အတန်းထဲက သူငယ်ချင်း ကုလားမလေး ဂျိုလီဝင်း (အလွန်တောင့်တင်းသူ) ကို နောက်ပြောင်ဆိုခဲ့စဉ်..
ပထမဆုံးရေးခဲ့ဘူးသောရည်းစားစာ - မရေးဘူးပါ။ ပထမဆုံးပြောသောရည်စားစကား မှာ
(ကျွန်ုပ်) နာမည်ဘယ်လိုခေါ်သလဲ (ကြောက်ကြောက်နှင့်)
(သူမ) မသိဘူး (တစ္ဆေတွေ့သလိုအော်လိုက်သည်)
(ကျွန်ုပ်) ဘယ်သွားမလို့လဲ (လန့်လာပြီ)
(သူမ) ဘယ်သွားသွား (နုတ်ခမ်းဆူပြီး)
(ကျွန်ုပ်) ဘယ်သွားမလို့လဲ (မေးပြီးသားပြန်မေးလိုက်သည်)
(သူမ) ဘယ်သွားသွားပါဆို ဘာလုပ်မလို့လဲ (ရပ်ပြီးခါးထောက်ကာ)
(ကျွန်ုပ်) ငါကအအအအအအ…ကောင်း…ပြောမလို့ပါ (နောက်ဆုပ်ပြီး..စကားလည်းမပီတော့)
ဝုန်း….
ခိခိ
ဝုန်းဆိုသည့် အသံမှာကြောက်ကြောက်နှင့်နောက်ဆုပ်စဉ် ရေမြောင်းထဲကျသွားသံဖြစ်ပြီး
ခိခိမှာ နောက်ပိုင်းတွင် အလွန်တရာချစ်မြတ်နိုးပါသည်ဟုဆိုသော သူမ၏လှောင်ရယ်သံဖြစ်သည်။
ပထမဆုံးကဗျာ- မဲမှုတ် တဲကုတ် ၀ဲကုတ် ပဲပြုတ် ဆိုသည့် နဘေထပ်လေး
ပထမဆုံးရောက်ခဲ့သောအခြားမြို့- ပုဂံ (ကျနော်က ရန်ကုန်သား)
ပထမဆုံးရောက်ခဲ့သောနိုင်ငံခြား - ထိုင်းနိုင်ငံ
ပထမဆုံးသောက်ဖူးသောဆေးလိပ်- ရွှေပြည်စိုး
ပထမဆုံးသောက်ဖူးသောအရက် - မန္တလေးရမ်၊ စခန်းသာမီးရထားဟိုတယ်၊ ရန်ကုန် ဘူတာကြီး၊ တပတ် ၃ကျပ်ပြားခြောက်ဆယ် ၄ ပတ်ထက်ပိုမရောင်း၊ ၄ ပတ်ထက်ပိုလိုခြင်ရင် ဈေးကြီးသော အမြည်းတပွဲမှာယူရသည်။ (မဆလခေတ်)
ပထမဆုံးပစ်ဖူးသောသေနတ် - ပလက်စတစ်လုံးလေးထည့်ပစ်ရသောသေနတ် ဘုရားပွဲတွင်ပစ်ဘူးသည်
ပထမဆုံး ဘလော့ပိုစ့်- စစ်ခွေးတွေကိုသတ်ချင်တယ်

Sunday, August 10, 2008

ငြိမ်းချမ်းရေးအတွက်သတင်းတစ်ပုဒ်

"Russia says it is bombing Georgia into peace."
According to Aljazeera.

သူများပြည်တွင်းရေးဝင်မစွက်ဖက်သင့်ဘူးဆိုပြီး ဗီတိုသုံးတဲ့ ရုရှားဖက်ဒရေးရှင်းသည် ဆိုဗီယက်ပြည်ထောင်စု ဟောင်း နိုင်ငံလည်းဖြစ်ခဲ့တဲ့ လက်ရှိလွတ်လပ်တဲ့ ဂျော်ဂျီယာနိုင်ငံကို ငြိမ်းချမ်းရေးအတွက် ဗုံးတွေကျဲချနေတယ်။ နောက်ဆို အီရန်ကလည်း အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် အစ်စရေးကို အနုမြူထိပ်ဖူးတပ်ဒုံးကျည်နဲ့ပစ်မယ်။ နောက်မြန်မာပြည်မှာလည်း ပြည်ထောင်စုစည်းလုံးညီညွှတ်ရေး အတွက် အတိုက်အခံတွေနဲ့တိုင်းရင်းသားတွေကို အမျိုးဖြုတ်ရှင်းလင်းမယ်။ မရှိတော့ရင် ငြိမ်းချမ်းပြီပေါ့။ တော်တော် တရားကျဖို့ကောင်းတဲ့ ရုရှားဘဲ။ သူ့အနွယ်တွေ ဂျော်ဂျီယာစစ်တပ်က မျိးဖြုတ်မှာဆိုးလို့ဆိုဘဲ။ သူထောင်တုန်းကထောင်ပေးပြီး။ နောက်ဆို တရုတ်နိုင်ငံကလဲ မန္တလေးကသူ့အနွယ်တရုတ်တွေအတွက်ဆိုပြီး မြန်မာပြည်ထဲဝင်လာအုံး မှာမြင်ယောင်သေးတယ်။ အဲဒီတော့လည်း မသက်ဇင် ပြောသလို ကြေကွဲဖွယ်ရာမြန်မာနိုင်ငံတော် (၂) ပေါ့..

Friday, July 11, 2008

ပြောရအုံးမယ်

နာဂစ်မုန်တိုင်းပြီးနောက် မုန်တိုင်းဒဏ်ခံ ဒေသများသို့ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်ပရောက်မြန်မာများ၊ ပြည်တွင်းရှိ အလှူရှင်များ စေတနာ့ဝန်ထမ်းများသည် တစ်ဦးခြင်းသည်မှ အဖွဲ့အစည်းအလိုက် မိသားစုအလိုက် မုန်တိုင်းဒဏ်ခံ မြန်မာပြည်သူများကို အစားအစာ၊ ရေ၊ ဆေးဝါး၊ အိမ်ဆောက်ပစ္စည်းများ၊ တခြားသောအကူအညီ အထောက်အပံ့များ၊ အလှူငွေ နှင့် စာနာနှစ်သိမ့်မှုများကို ရက်ရက်ရောရော ပေးကမ်းခဲ့ကြပါသည်။ ထိုလူသားခြင်းဆိုင်ရာအထောက်အပံ့ပေးသောသူ အားလုံးကို ကျွန်တော်မျိုးဝင်းဇော် မှ လေးစားဂုဏ်ယူမိပါသည်။ ကျေးဇူးလည်းအထူးတင်ရှိမိပါသည်။ လူသားတစ်ဦးခြင်းစီတွင်ရှိထိုက်သော မွန်မြတ်သောအကျင့်စရိုက်ဖြစ်သည့် စွန့်လွှတ်ပေးကမ်းခြင်းသည် လူသားတို့တွင်ရှိသော လူ့တန်ဖိုးဖြစ်သောကြောင့် ထိုကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်သူများအား ဂုဏ်ယူလေးစားမိပါကြောင်း....
ခြွင်းချက်
စစ်အစိုးရသည် လက်ရှိမြန်မာနိုင်ငံကို အနိုင်ကျင့်အုပ်စိုးထားသူဖြစ်သောကြောင့် စစ်အစိုးရသည် ထိုတာဝန်ကိုလုပ်ချင်ချင် မလုပ်ချင်ချင် လုပ်ရမည်သာဖြစ်သည်။ ထို့ကြောင့်ကျေးဇူးတင်စရာမည်သို့မှမလိုပေ။
မျိုးဝင်းဇော်