Friday, December 24, 2010

Foreign Policy, The Top 100 ထဲက တရုတ် လူငယ်ဘလော့ကာ ဟန်ဟန်

Foreign Policy မဂ္ဂဇင်းအဆိုအရကတော့ သူရွေးချယ်ထားတဲ့ The Top 100 က They had the big ideas that shaped our world in 2010 လို့ဆိုထားပါတယ်။ အဲဒီထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည်လဲ တယောက်အပါအ၀င်ပါ။ အများစုက နိုင်ငံ့ခေါင်းဆောင်တွေ စီးပွားရေးပညာရှင်တွေ ဘဏ်ဥက္ကဌတွေ သိပ္ပံပညာရှင်တွေဖြစ်ကြပါတယ်။ အဲဒီထဲမှာထူးထူးခြားခြား လူငယ်ဘလော့ကာတစ်ယောက် ပါဝင်ပါတယ်။ သူကတော့ ဟန်ဟန်ဆိုသူပါ။ သူ့ဘလောကတော့ China Smack ဆိုတဲ့နာမည်နဲ့ပါ။



အသက် ၂၈ နှစ်သား ဟန်ဟန်ဟာ အင်တာနက်အသုံးပြုသူပေါင်း သန်း ၄၀၀ ကျော် ၀င်ရောက်ခဲ့တဲ့ ကမ္ဘာ့အကျော်ကြားဆုံး ဘလော့ကာတယောက်ဖြစ်ပြီး၊ နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အဓိကရေးသားနေသူဖြစ်သည့်အပြင်၊ ၀တ္ထုရေးဆရာ နှင့် ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသူတစ်ယောက်ပါ ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များမှာ မွေးဖွားခဲ့ပြီး၊ တိန့်အင်မင်ရင်ပြင် အရေးအခင်းနောက်ပိုင်း တရုတ်ပြည်ကြီး စီးပွားရေးဖွံ့ဖြိုး လာတဲ့ ၁၉၉၀ ပြည့်လွန်နှစ်များမှာ ကြီးပြင်းလာခဲ့သူ တစ်ယောက်ဖြစ်တဲ့ ဟန်ဟန် ဟာ ''post-80s Generation'' မှာအဓိကလှုံ့ဆော်သူတယောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်းရေးနောက်ပိုင်းမှာ အရွယ်ရောက်လာကြတဲ့ လူငယ်မျိုးဆက်ဟာ ယခုအချိန်မှာ တိုင်းပြည်အတွက် အလွန်အရေးပါတဲ့ အင်အားစု တစ်ရပ်ဖြစ်နေကြပါပြီ။ ဟန်ဟန်တို့လို တရုတ်ပြည်စီးပွားတိုးတက်မှုမှာ ကြီးပြင်းလာကြမယ့်သူတွေတော့ မဟုတ်ကြပါဘူး။ မြန်မာပြည်က လူငယ်တွေဟာ အရာရာ ဆုတ်ယုတ်သွားတဲ့ အခြေအနေမှာ ကြီးပြင်းလာခဲ့ကြသူတွေဖြစိပါတယ်။ ဒါပေမယ့် တိုင်းပြည်ပြန်လည်ထူထောင်ရေး နဲ့နိုင်ငံရေးထွက်ပေါက်တစ်ခု ရရှိရေးတို့အတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။ လူကြီးတွေ ကိုယ်ကျင့်တရားပျက်သွား တဲ့နိုင်ငံမှာ မြန်မာလူငယ်ထုဟာ အစားထိုးရမယ့် မျိုးဆက်တစ်ရပ်ဘဲ ဖြစ်လာမယ်ထင်ပါတယ်။

photo by Google

1 comment:

ကလူသစ် said...

နိုင်ငံရေးဖက်မှာ ချူပ်ချယ်ခံရတာခြင်းတူတူတောင် သူတို့က စီးပွားရေးဖက်မှာ အဆင်ပြေသေးတယ်။ အင်း.....