Wednesday, December 29, 2010

မင်္ဂလာနှစ်သစ်ပါ


၂၀၁၁ ခုနှစ် အတွက်မင်္ဂလာပါ။

Tuesday, December 28, 2010

ကမ္ဘာပေါ်ကနာမည်ဆိုးနဲ့ကျော်ကြားတဲ အာဏာရှင်တွေရဲ့ အ၀တ်အစားဒီဇိုင်းတွေပါ

Foreign policy က The Devil Wears Taupe ခေါင်းစဉ်နဲ့ photo essay ပါ။ အာဏာရှင်တွေဟာ သူတို့ရဲ့ ၀တ်စားဆင်ယင်မှုကိုတင် ပြတာမဟုတ်ပါဘူးတဲ့ တခါတရံ နိုင်ငံရေး၊ အာဏာပါဝါ နဲ့ ချည်မျှင်တို့ကို ပေါင်းပြီး ဖက်ရှင် ပဉ္စလက် ပြုလုပ်ရန် ဖြစ်ပါတယ်တဲ့။ သူတို့မရှိရင် သူတို့အုပ်ချုပ်နေတဲ့ တိုင်းပြည်တွေ ဒုက္ခရောက်တော့မယ်လို့ တွင်တွင်ပြောနေသူတွေပါ။ အမှန်က သူတို့မရှိမှ သူတို့တိုင်းပြည်တွေ ဒုက္ခကင်းဝေး မှာဖြစ်ပါတယ်။

ပထမစွဲတာက မြောက်ကိုးရီးယားက ကိုကိုကင် (kim Jong-il)


ဒုတိယက ကိုယ်လုံးခပ်တောင့်တောင့်ယူကရိန်းမကိုကြိုက်တဲ့ ကိုကိုကဒါဖီ (Col. Muammar al-Qaddafi)


တတိယက အီရန်က အမာဒီနီဂျက် (Mahmoud Ahmadinejad)


စတုတ္ထက ကျူးဘားက ဖီဒယ် နဲ့ ရာအူးလ် ကတ်စထရို တို့ညီနောင် (Fidel and Raúl Castro)


ပဉ္စမက ၂၀၀၉ ခုနှစ်ရဲ့ ဇင်ဘာဘွေပြည်သူတွေပေးတဲ့ အခိုးဆုံးဆုရသူ မူဂါဘီ (Robert Mugabe)


ဆဌမက ဗင်နီဇွဲလားက ချာဗက် (ဇ) (Hugo Chávez)


သတ္တမ
က ယူဂမ်ဒါက မူဆာဘီနီ (Yoweri Museveni)


အဌမက တို့နိုင်ငံရဲ့ ဂုဏ်ယူဖွယ် ဘဘကြီး (ဘဘကြီးကို အန်တီကြိုင်ကဆင်ပေးပုံမရဘူး သူကျတော့ စိန်တွေကို လန်ထွက်နေအောင်ဝတ်တယ်။ အမြဲတမ်း ၁ ၂ ၃ ပါဝင်နေကြ ဘဘကြီး အခုခါမှာတော့ အဆင့် ၈ တဲ့ နိုင်ငံ သိက္ခာကျတယ်)


န၀မ
က ဆူဒန်က အယ် ဘာရှား (Omar Hassan al-Bashir)


Sunday, December 26, 2010

ဘယ်လိုဖြစ်တာလဲဘဘကြီးရယ်


မေးထဲကရတာပါ။ ဖန်တီးသူကို ခွင့်မတောင်းနိုင်တာခွင့်လွှတ်ပါ။

Saturday, December 25, 2010

Funny Photo from Internet

same but different

နာဂတွေထက်ဆိုးတယ်

ဘီယာတကယ်စစ်ပါတယ်

Evolution

Position




Friday, December 24, 2010

Merry Christmas

Foreign Policy, The Top 100 ထဲက တရုတ် လူငယ်ဘလော့ကာ ဟန်ဟန်

Foreign Policy မဂ္ဂဇင်းအဆိုအရကတော့ သူရွေးချယ်ထားတဲ့ The Top 100 က They had the big ideas that shaped our world in 2010 လို့ဆိုထားပါတယ်။ အဲဒီထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည်လဲ တယောက်အပါအ၀င်ပါ။ အများစုက နိုင်ငံ့ခေါင်းဆောင်တွေ စီးပွားရေးပညာရှင်တွေ ဘဏ်ဥက္ကဌတွေ သိပ္ပံပညာရှင်တွေဖြစ်ကြပါတယ်။ အဲဒီထဲမှာထူးထူးခြားခြား လူငယ်ဘလော့ကာတစ်ယောက် ပါဝင်ပါတယ်။ သူကတော့ ဟန်ဟန်ဆိုသူပါ။ သူ့ဘလောကတော့ China Smack ဆိုတဲ့နာမည်နဲ့ပါ။



အသက် ၂၈ နှစ်သား ဟန်ဟန်ဟာ အင်တာနက်အသုံးပြုသူပေါင်း သန်း ၄၀၀ ကျော် ၀င်ရောက်ခဲ့တဲ့ ကမ္ဘာ့အကျော်ကြားဆုံး ဘလော့ကာတယောက်ဖြစ်ပြီး၊ နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အဓိကရေးသားနေသူဖြစ်သည့်အပြင်၊ ၀တ္ထုရေးဆရာ နှင့် ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသူတစ်ယောက်ပါ ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များမှာ မွေးဖွားခဲ့ပြီး၊ တိန့်အင်မင်ရင်ပြင် အရေးအခင်းနောက်ပိုင်း တရုတ်ပြည်ကြီး စီးပွားရေးဖွံ့ဖြိုး လာတဲ့ ၁၉၉၀ ပြည့်လွန်နှစ်များမှာ ကြီးပြင်းလာခဲ့သူ တစ်ယောက်ဖြစ်တဲ့ ဟန်ဟန် ဟာ ''post-80s Generation'' မှာအဓိကလှုံ့ဆော်သူတယောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်းရေးနောက်ပိုင်းမှာ အရွယ်ရောက်လာကြတဲ့ လူငယ်မျိုးဆက်ဟာ ယခုအချိန်မှာ တိုင်းပြည်အတွက် အလွန်အရေးပါတဲ့ အင်အားစု တစ်ရပ်ဖြစ်နေကြပါပြီ။ ဟန်ဟန်တို့လို တရုတ်ပြည်စီးပွားတိုးတက်မှုမှာ ကြီးပြင်းလာကြမယ့်သူတွေတော့ မဟုတ်ကြပါဘူး။ မြန်မာပြည်က လူငယ်တွေဟာ အရာရာ ဆုတ်ယုတ်သွားတဲ့ အခြေအနေမှာ ကြီးပြင်းလာခဲ့ကြသူတွေဖြစိပါတယ်။ ဒါပေမယ့် တိုင်းပြည်ပြန်လည်ထူထောင်ရေး နဲ့နိုင်ငံရေးထွက်ပေါက်တစ်ခု ရရှိရေးတို့အတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။ လူကြီးတွေ ကိုယ်ကျင့်တရားပျက်သွား တဲ့နိုင်ငံမှာ မြန်မာလူငယ်ထုဟာ အစားထိုးရမယ့် မျိုးဆက်တစ်ရပ်ဘဲ ဖြစ်လာမယ်ထင်ပါတယ်။

photo by Google

Thursday, December 23, 2010

စင်ကာပူ တစ်ဒေါ်လာ ပိုင်ဆိုင်ရုံဖြင့် ဘီလီယံနာဖြစ်နိုင်

စင်ကာပူ ၁ ဒေါ်လာနဲ့ ဇင်ဘာဘွေ ငွေလဲနှုန်းက ယနေ့ပေါက်ဈေးအရ ၉၆၅၈,၀၁၈,၂၂၇.၆၅ ဇင်ဘာဘွေ ဒေါ်လာဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာပိုင်ဆိုင်ရုံဖြင့် ဇင်ဘာဘွေရောက်ခဲ့ရင် ဘီလီယံနာ ဖြစ်နိုင်ပါတယ်။ ကမ္ဘာ့နိုင်ငံများအနက် ဇင်ဘာဘွေနိုင်ငံသည် ထလီယံနာ အများဆုံးနိုင်ငံဖြစ်ပါတယ်။ ချမ်းသာသလား တော့မပြောနဲ့ ၁၀၀ ဘီလီယံ ပိုင်ဆိုင်ခဲ့ရင် ကြက်ဥသုံးလုံးသာစားရပါမယ်။



=


ဇင်ဘာဘွေနိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးစီ ယခုလို အားရပါးရကြီုး ချီတက်တာ အားကျစရာပါ။ ရွှေပြည်ကြီး အတွက် ၂၀၀၈ အခြေခံဥပဒေကြီးရေးဆွဲတုန်းက Reference list လုပ်တဲ့ အခြားသော နိုင်ငံတွေစာရင်းမှာ ဇင်ဘာဘွေ အခြေခံဥပဒေကိုလည်း လေးစားအားကျစွာ မှီငြမ်းခဲ့တယ်လို့ သိရပါတယ်။ ဂုဏ်ယူဖို့ကောင်းပါတယ်။


Photo by Google Image

Wednesday, December 1, 2010

World AIDS Day 2010

"Nobody can do everything, but everyone can do something."

- World Aids Day Quotes by Author Unknown

ကျွန်တော် အစိုးရရုံးတွင်အလုပ်လုပ်စဉ် အခါက ကျွန်တော့် အထက်အရာရှိတစ်ဦးနှင့် ကျွန်တော်နှင့် ရာထူးတူ အငယ်တန်းဝန်ထမ်းတစ်ဦး နိုင်ငံခြားတိုင်းပြည်တစ်ခုသို့ ရက်တို Training တက်ရောက်ရန် ရွေးချယ်ခံရသည်။ မြန်မာပြည် ၀န်ထမ်းဘ၀တွင် နိုင်ငံခြားသို့ သွားရောက်ရသည့်အခွင့်အရေးသည် ထီပေါက်သည့်နည်းတူ ခက်ခဲလှပါသည်။ အငယ်တန်းဝန်ထမ်းများအတွက်ဆို ပိုမို၍ပင် ခက်ခဲပါသည်။ သွားခါနီး ရုံးလုပ်ထုံးလုပ်နည်းများ ကို လုပ်ကိုင်ပြီးနောက် ဆေးစစ်ရပါသည်။ ထိုအခါတွင် အငယ်တန်းဝန်ထမ်းတွင် HIV ပိုးကူးစက်နေကြောင်း တွေ့ရှိရသဖြင့် ထိုအငယ်တန်းဝန်ထမ်းကို နိုင်ငံခြားသို့စေလွှတ်ခြင်းမှ ရပ်ဆိုင်းကာ တခြားတစ်ယောက်နှင့် အစားထိုးစေလွှတ်လိုက်ပါသည်။ ထိုအချိန်က ထိုအငယ်တန်းဝန်ထမ်းမှာ HIV ကူးစက်နေသည်ဆိုသော်လည်း ရုပ်ပိုင်း စိတ်ပိုင်းအခြေအနေမှာ သာမန်လူတစ်ဦး ကဲ့သို့ပင်အခြေအနေရှိပါသည်။

ထိုဝန်ထမ်းငယ်မှာ နိုင်ငံခြားသို့ စေလွှတ်ခြင်း မှရုပ်သိမ်းခြင်းခံရရုံမက နောက်ပိုင်းတွင် ရာထူးတိုးစာမေးပွဲများတွင်လည်း ဖြေဆိုခွင့်ကိုကန့်သတ်ခံရပါသည်။ ရုံးအတွင်းရှိ အခြား ၀န်ထမ်းများကလဲ ကြောက်စရာ လူတဦးကဲ့သို့ ရှောင်ဖယ်ဖယ်နှင့် ဆက်ဆံခြင်း ကိုပါခံရသည်။ နောက်ပိုင်းတွင် အစစ ဖိအားများ များပြားလာသည့် အခါ အလုပ်မှနုတ်ထွက်သွားခဲ့ပါသည်။ နောက်ပိုင်းမည်သို့ ဖြစ်ပျက်သွားသည်ကို မသိရတော့ပေ။

အလားတူ အဖြစ်အပျက်မျိုးများ မြန်မာနိုင်ငံ အစိုးရဌာနများတွင် အများအပြားပင်ရှိသည်။ HIV ကူးစက်နေသဖြင့် ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးမှ ကျင်းပသော ဦးစီးအရာရှိအဆင့် စာမေးပွဲများမှ ငြင်းပယ်ခံရခြင်း၊ နိုင်ငံခြားသံရုံး များတွင် တာဝန်ထမ်းဆောင်မှုများမှငြင်းပယ်ခံရခြင်း၊ ရာထူးတိုးရာတွင် ထည့်သွင်းမစဉ်းစားခြင်း၊ တခြားအရေးမပါသော နေရာများတွင် ချောင်ထိုးခြင်းများကို အစိုးရဌာနများတွင် HIV ကူးစက်နေသော ဝေဒနာရှင် ၀န်ထမ်းများ ခံစားနေကြရပါသည်။

ထိုအဖြစ်အပျက်များဖြစ်ပွားပြီးနောက် တစ်လအကြာတွင် ကျွန်တော်တို့ရုံးသို့ အသက် ၃၀ ကျော်အရွယ် တပ်မတော်မှ ဗိုလိကြီးအဆင့်တစ်ဦး လက်ထောက်ညွှန်ကြားရေးမှူး တာဝန်ဖြင့် ပြောင်းရွှေ့လာပါသည်။ ထိုသန်သန်မာမာ ဗိုလ်ကြီးသည် မည်သည့် အကြောင်းပြချက်ဖြင့် တပ်မတော်မှပြောင်းရွှေ့လာသည်ကို ချက်ခြင်းမသိရသေးပါ။ နောက်ပိုင်းခင်မင်လာကြသောအခါ ကျွန်နောက လည်းကောင်း ဗိုလ်ကြီးကို ဘာလို့ အရက်ဘက်ကိုပြောင်းလာရသလဲမေးမြန်းသောအခါ ထိုဗိုလ်ကြီးမှ ရွှေပိုးလေဗျာ ရွှေပိုးဟု ပြောပါသည်။ ကျွန်တောလဲ ဘာမှန်းမသိ၍ ဘာရွှေပိုးလဲ ဟုမေးရာ အသည်းရောင် အသားဝါ ဘီပိုး ရှိလို့ တပ်မတော်မှ အရပ်ဘက်သို့ ပြောင်းရွှေ့လိုက်ကြောင်းပြောပြပါသည်။ ထိုသို့ အသည်းရောင် အသားဝါ ရောဂါပိုးရှိသော စစ်ဘက်ဝန်ထမ်းများကို အရပ်ဘက်သို့ပြောင်းရွှေ့နေသည်မှာ ကြာမြင့်နေပါပြီ။ သူတို့ တပ်မတော် အရာရှိလောကတွင် ရွှေပိုးဟုတင်စားကာ စစ်တပ်တွင် မနေခြင်သူများက ဂွင်ကောင်းသော အရပ်ဘက်ဌာနများသို့ ပြောင်းရွှေ့ကြပါသည်။ နိုင်ငံခြားတိုင်းပြည်များသို့ပါ သံတမန်အရာရှိ များအနေနှင့် သွားရောက်တာဝန်ထမ်းဆောင်ခြင်းမျိုးပင်ရှိပါသည်။

အသည်းအသားဝါ ဘီပိုး နှင့် HIV /AIDS ရောဂါများသည် ကူးစက်ရောဂါများဖြစ်သော်လည်း ကူးစက်ပုံခြင်းမတူညီပါ။ HIV /AIDS ရောဂါသည် ကူးစက်နည်း အဓိက နည်းလမ်း သုံးခုမှာ

- အကာအကွယ်မဲ့ လိင်ဆက်ဆံတာ (စအို၊ ပါးစပ်၊ လိင်အင်္ဂါ စတဲ့ နည်း အားလုံး)
-
သွေးကနေ တစ်ဆင့် ( သွေးပေနေတဲ့ ချွန်ထက်တဲ့ ပစ္စည်းတွေကို မျှသုံး ပေါင်းသုံး ရောသုံး ရာကနေလဲ ကူးနိုင်တယ် .. ဥပမာ - ဆေးထိုးအပ် မျှသုံးတာ)
-
ကိုယ်ဝန်ဆောင် မိခင် ၊ နို့တိုက်မိခင်ကနေ ကလေးကို ကူးစက်တာ မျိုးဖြစ်ပြီး HIV /AIDS ရောဂါသည်

အပေါ်ယံ ဆက်ဆံရုံဖြင့် ကူးစက်နိုင်ခြင်းမရှိပါ။

အသည်းရောင်အသားဝါ ဘီပိုးသည် ချွေးမှတဆင့် သရေမှတဆင့် တခြား ကိုယ်ခံအားနည်းနေသူ မည်သူမဆို အလွယ်တကူ ကူးစက်နိုင်ပါသည်။ လိင်ဆက်ဆံရာမှလည်းကူးစက်နိုင်ပါသည်။ အပေါ်ယံထိတွေ့ဆက်ဆံရုံမျှဖြင့်ကူးစက်နိုင်ပါသည်။

ဆိုလိုသည်မှာ ထို ရောဂါနှစ်မျိုး ခံစားနေရသူများသည် လူသားများဖြစ်သည်။ တဖက်ကိုတော့ လက်လွတ်စပယ် ပစ်ပယ်ကြပြီး တဖက်ကိုတော့ သက်သာရာသက်သာကြောင်း ပြုလုပ်ပေးသည်မှာ တရားခြင်းမရှိပေ။ HIV ရောဂါကူးစက်ခံရသူများသည် ထိုရောဂါရရှိကြောင်း သိရှိကြသည်နှင့် စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ်ထိခိုက်သွားကြပါသည်။ ထိုသူများကို လူ့အသိုင်းအ၀ိုင်းထဲတွင် ထားကာ အရာရာ ၀ိုင်းဝန်းဖေးမကြမှသာ ထိုသူသည် AIDS အဆင့်သို့ လျင်မြန်စွာကူးစက်ပြောင်းလဲခြင်းမျိုး မဖြစ်ဘဲ အသက်ရှည်စွာနေထိုင်နိုင်မည်ဖြစ်ပါသည်။

၂၀၁၀ ခုနှစ်ရဲ့ ဆောင်ပုဒ် ကတော့ Universal Access and Human Rights အားလုံး လက်လမ်းမီရေး နဲ့ လူ့အခွင့်အရေးဆိုတာ ဖြစ်ပါတယ်။

ကိုးကားချက်- http://health.ngoinmyanmar.org/


Friday, November 19, 2010

ပုဂံမင်းလက်ထပ် အထက်မြန်မာပြည် နှင့် အောက်မြန်မာပြည် မြေပုံ

ပုဂံမင်းလက်ထပ် (၁၈၄၆-၁၈၅၃) အင်္ဂလိမ် မြန်မာ ဒုတိယစစ်ပွဲအပြီး မြန်မာပြည်မြေပုံပါ။ ဗမာ နှင့် ကပ်လျက်ရှိသောနိုင်ငံများ (Burma, adjacent countries) ခေါင်းစဉ်နဲ့ ၁ လက်မကို ၂၄မိုင် စကေးရှိတဲ့မြေပုံပါ။ ထုတ်ဝေတဲ့ ခုနှစ်က ၁၉၀၁ ကပါ။.link ကတော့ http://www.davidrumsey.com/ ပါ။ အဲဒီ website ထဲမှာ အခြားမြန်မာပြည်နဲ့ပတ်သက်တဲ့ ရှေးဟောင်းမြေပုံတွေလဲ ရှိပါတယ်။ ထိုစဉ်က ကရင်နီနယ်လို့ ခေါ်တဲ့ ကယားပြည်နယ်ကို အငြင်းပွားဖွယ်ဒေသလို့ သတ်မှတ်ပြီး ဗမာမင်းရော အင်္ဂလိပ်တွေပါ သီးခြားထားခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က ကယားပြည်နယ်နဲ့ ကပ်ပြီးရှိတဲ့ ယခု မဲဟောင်ဆောင်လို့ ခေါ်တဲ့ဒေသကိုတော့ မြေပုံထဲမှာ အင်္ဂလိပ် လွှမ်းမိုးထားတဲ့ ဒေသအဖြစ်ဖော်ပြထားပါတယ်။ အခြေအနေပေးရင် ထိုင်းကိုပါသိမ်းမဲ့ သဘောထင်ပါတယ်။ ထိုင်းဘက်ခြမ်း မဲဟောင်ဆောင်နယ်မှာ အင်္ဂလိပ်က နှစ်ပေါင်းများစွာ သစ်ထုတ်သွားခဲ့တယ်။ မြန်မာသစ်ကုန်သည်တွေလဲ သစ်ထုတ်လုပ်ရေးလုပ်သွားခဲ့ ပါတယ်။ (ဦးနာအောက်က အဲဒီနယ်မှ သစ်လုပ်ငန်းလုပ်ကိုင်ရင်းချမ်းသာသွားတာ လို့ မှတ်သားဘူးပါတယ်) မြေပုံထဲကရထားလမ်းတွေက အဲဒီအချိန်ကရှိပုံမပေါ်ပါဘူး။ မြေပုံ အခြေအနေက ၁၈၅၃ ခန့်ကဖြစ်ပေမယ့်။ ရေးဆွဲတာက နောက်ကျတယ်ထင်ပါတယ်။

အိမ်ရှေ့မင်းဓား


အင်တာနက်ထဲမှာ လိုခြင်တဲ့ ပုံတပုံလိုက်ရှာရင်းနဲ့ မထင်မှတ်ဘဲတွေ့လိုက်ရလို့ ပြန်လည်မျှဝေတာပါ။ Sword Forum International ဆိုတဲ့ Forum တစ်ခု မှာ သူ့အဖေ မြန်မာပြည်ကယူလာတဲ့ ဓားပျောက်သွားလို့ တင်ထားတဲ့အကြောင်းပါ။ သူက အဲဒီဓားကိုနှစ်သက်ပုံရပါတယ်။ ဓားရိုးက ငွေရယ် ဆင်စွယ်ရယ်နဲ့လုပ်ထားတယ်လို့ပြောပါတယ်။ ဓားအိမ်မှာ “၁၁၁၄ ခုနှစ် အိမ်ရှေ့မင်းဒါးတော်” လို့ရေးထားပါတယ်။ ဓားအသွားမှာတော့ ရာမဇာတ်ပုန်လို့ ရေးထားပါတယ်။ မြန်မာသက္ကရာဇ် ၁၁၁၄ ခုနှစ်ဆို အင်္ဂလိပ်သက္ကရာဇ်က ၁၇၅၂ ခုနှစ်ကပါ အလောင်းဘုရားနန်းတက်တဲ့အချိန်ပါ။ အလောင်းဘုရားသားတော်ကြီး ဖြစ်တဲ့ နောင်တော်ကြီး က အိမ်ရှေ့မင်းဖြစ်နေမယ့်အချိန်ပါ။ သူကိုင်ခဲ့တာလဲဖြစ်နိုင်ပါတယ်။ ဘယ်လောက်သေချာလဲတော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် မြန်မာ့ရှေးဟောင်း အမွေအနှစ်တစ်ခုလဲ ဖြစ်ခြင်ဖြစ်နိုင်ပါတယ်။ link က ဒီမှာ

http://forums.swordforum.com/showthread.php?t=79223 သွားကြည့်လို့ရပါတယ်။

သူရိုက်ထားတဲ့ ဓါတ်ပုံတွေကအောက်မှာပါ-