Friday, November 19, 2010

အိမ်ရှေ့မင်းဓား


အင်တာနက်ထဲမှာ လိုခြင်တဲ့ ပုံတပုံလိုက်ရှာရင်းနဲ့ မထင်မှတ်ဘဲတွေ့လိုက်ရလို့ ပြန်လည်မျှဝေတာပါ။ Sword Forum International ဆိုတဲ့ Forum တစ်ခု မှာ သူ့အဖေ မြန်မာပြည်ကယူလာတဲ့ ဓားပျောက်သွားလို့ တင်ထားတဲ့အကြောင်းပါ။ သူက အဲဒီဓားကိုနှစ်သက်ပုံရပါတယ်။ ဓားရိုးက ငွေရယ် ဆင်စွယ်ရယ်နဲ့လုပ်ထားတယ်လို့ပြောပါတယ်။ ဓားအိမ်မှာ “၁၁၁၄ ခုနှစ် အိမ်ရှေ့မင်းဒါးတော်” လို့ရေးထားပါတယ်။ ဓားအသွားမှာတော့ ရာမဇာတ်ပုန်လို့ ရေးထားပါတယ်။ မြန်မာသက္ကရာဇ် ၁၁၁၄ ခုနှစ်ဆို အင်္ဂလိပ်သက္ကရာဇ်က ၁၇၅၂ ခုနှစ်ကပါ အလောင်းဘုရားနန်းတက်တဲ့အချိန်ပါ။ အလောင်းဘုရားသားတော်ကြီး ဖြစ်တဲ့ နောင်တော်ကြီး က အိမ်ရှေ့မင်းဖြစ်နေမယ့်အချိန်ပါ။ သူကိုင်ခဲ့တာလဲဖြစ်နိုင်ပါတယ်။ ဘယ်လောက်သေချာလဲတော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် မြန်မာ့ရှေးဟောင်း အမွေအနှစ်တစ်ခုလဲ ဖြစ်ခြင်ဖြစ်နိုင်ပါတယ်။ link က ဒီမှာ

http://forums.swordforum.com/showthread.php?t=79223 သွားကြည့်လို့ရပါတယ်။

သူရိုက်ထားတဲ့ ဓါတ်ပုံတွေကအောက်မှာပါ-

No comments: