Friday, July 11, 2008

ပြောရအုံးမယ်

နာဂစ်မုန်တိုင်းပြီးနောက် မုန်တိုင်းဒဏ်ခံ ဒေသများသို့ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်ပရောက်မြန်မာများ၊ ပြည်တွင်းရှိ အလှူရှင်များ စေတနာ့ဝန်ထမ်းများသည် တစ်ဦးခြင်းသည်မှ အဖွဲ့အစည်းအလိုက် မိသားစုအလိုက် မုန်တိုင်းဒဏ်ခံ မြန်မာပြည်သူများကို အစားအစာ၊ ရေ၊ ဆေးဝါး၊ အိမ်ဆောက်ပစ္စည်းများ၊ တခြားသောအကူအညီ အထောက်အပံ့များ၊ အလှူငွေ နှင့် စာနာနှစ်သိမ့်မှုများကို ရက်ရက်ရောရော ပေးကမ်းခဲ့ကြပါသည်။ ထိုလူသားခြင်းဆိုင်ရာအထောက်အပံ့ပေးသောသူ အားလုံးကို ကျွန်တော်မျိုးဝင်းဇော် မှ လေးစားဂုဏ်ယူမိပါသည်။ ကျေးဇူးလည်းအထူးတင်ရှိမိပါသည်။ လူသားတစ်ဦးခြင်းစီတွင်ရှိထိုက်သော မွန်မြတ်သောအကျင့်စရိုက်ဖြစ်သည့် စွန့်လွှတ်ပေးကမ်းခြင်းသည် လူသားတို့တွင်ရှိသော လူ့တန်ဖိုးဖြစ်သောကြောင့် ထိုကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်သူများအား ဂုဏ်ယူလေးစားမိပါကြောင်း....
ခြွင်းချက်
စစ်အစိုးရသည် လက်ရှိမြန်မာနိုင်ငံကို အနိုင်ကျင့်အုပ်စိုးထားသူဖြစ်သောကြောင့် စစ်အစိုးရသည် ထိုတာဝန်ကိုလုပ်ချင်ချင် မလုပ်ချင်ချင် လုပ်ရမည်သာဖြစ်သည်။ ထို့ကြောင့်ကျေးဇူးတင်စရာမည်သို့မှမလိုပေ။
မျိုးဝင်းဇော်

No comments: