Thursday, July 17, 2008

မင်းကိုနိုင် (ကိုပေါ်)

သူရဲကောင်းဆိုတာ ဘေးလူပြောမှမဟုတ်ပါဘူး
သူ့လုပ်ရက်က သူ့ဘ၀နဲ့ရင်းထားတာ
သူ့အတွေးအခေါ် အလုံပိတ်ခံထားရတာတောင်
အခုမှခူးလာတဲ့ ဟင်းသီးဟင်းရွက်လို
အမြဲတမ်းလတ်လတ်ဆတ်ဆတ်နဲ့

မြန်မာပြည်မှာ အမှန်တရားလင်းဖို့
အလင်ညှိဖရောင်းတိုင်နဲ့ ထွန်းညှိဖို့
သူ့ကြိုးစားမှုတွေဟာ
မီးမှုတ်သူတွေရဲ့လက်ထဲရောက်ခဲ့တယ်

သံကွန်ခြာတွေရိုက်ခြိုးဖို့
မြန်မာပြည်အမှန်တရားတွေထွန်းလင်းဖို့
သူပြန်လာမယ်ဆိုတာ
သံသယရှိစရာမလိုဘူး..

2 comments:

Anonymous said...

မင်္ဂလာပါ
ဒီ ကဗျာလေးတော့ မိုက်တယ်ဗျို့ ၊ စာသားကိုက ဘယ်သူ့ကိုဖြစ်ဖြစ် ဇာတ်ကောင်ဖြစ် အသုံးပြုလို့ရတယ်၊ စကားမစပ် လာရောက် ဖတ်ရှု့ သွားပါတယ်။ ရွှင်လန်းချမ်းမြေ့ပါစေ...

Kaung Kin Ko said...

ကောင်းလိုက်တဲ့ ကဗျာဗျာ။ မင်းကိုနိုင် အမြန်ဆုံးလွတ်မြောက်ပါစေ