Sunday, August 10, 2008

ငြိမ်းချမ်းရေးအတွက်သတင်းတစ်ပုဒ်

"Russia says it is bombing Georgia into peace."
According to Aljazeera.

သူများပြည်တွင်းရေးဝင်မစွက်ဖက်သင့်ဘူးဆိုပြီး ဗီတိုသုံးတဲ့ ရုရှားဖက်ဒရေးရှင်းသည် ဆိုဗီယက်ပြည်ထောင်စု ဟောင်း နိုင်ငံလည်းဖြစ်ခဲ့တဲ့ လက်ရှိလွတ်လပ်တဲ့ ဂျော်ဂျီယာနိုင်ငံကို ငြိမ်းချမ်းရေးအတွက် ဗုံးတွေကျဲချနေတယ်။ နောက်ဆို အီရန်ကလည်း အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် အစ်စရေးကို အနုမြူထိပ်ဖူးတပ်ဒုံးကျည်နဲ့ပစ်မယ်။ နောက်မြန်မာပြည်မှာလည်း ပြည်ထောင်စုစည်းလုံးညီညွှတ်ရေး အတွက် အတိုက်အခံတွေနဲ့တိုင်းရင်းသားတွေကို အမျိုးဖြုတ်ရှင်းလင်းမယ်။ မရှိတော့ရင် ငြိမ်းချမ်းပြီပေါ့။ တော်တော် တရားကျဖို့ကောင်းတဲ့ ရုရှားဘဲ။ သူ့အနွယ်တွေ ဂျော်ဂျီယာစစ်တပ်က မျိးဖြုတ်မှာဆိုးလို့ဆိုဘဲ။ သူထောင်တုန်းကထောင်ပေးပြီး။ နောက်ဆို တရုတ်နိုင်ငံကလဲ မန္တလေးကသူ့အနွယ်တရုတ်တွေအတွက်ဆိုပြီး မြန်မာပြည်ထဲဝင်လာအုံး မှာမြင်ယောင်သေးတယ်။ အဲဒီတော့လည်း မသက်ဇင် ပြောသလို ကြေကွဲဖွယ်ရာမြန်မာနိုင်ငံတော် (၂) ပေါ့..

2 comments:

Anonymous said...

i dont see your font. what is your font ? i have zawgyi font but icannot see it.

Myo Win Zaw said...

zawgyi နှင့်ရေးသားခြင်းမဟုတ်ပါ unicode ဖြင့်ရေးသားထားပါသည်။
My blog did not use Zawgyi font. I used to UNICODE.