Wednesday, August 6, 2008

စတုတ္ထမြန်မာနိုင်ငံတွင် နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သော တာဝန်ယူဆဲ ခေါင်းဆောင်များအပေါ်ကျွန်တော့်အမြင်တိုများ

ဗိုလ်ချုပ်အောင်ဆန်း (လွတ်လပ်ရေးဖခင်)
စတုတ္ထမြန်မာနိုင်ငံကို စတင်ထူထောင်ခဲ့သော သူသည် ရိုးသားသည် ဟူသောဂုဏ်ပုဒ်၊၊ မြန်မာ့လွတ်လပ်ရေးအတွက် တစိုက်မက်မက်ဆောင်ရွက်ခဲ့သော သူ့အရည်အချင်း၊ ပြည်သူများတသသဖြစ်စေအောင်လုပ်ခဲ့သူဖြစ်သည်။ သူသည်မြန်မာ့လွတ်လပ်ရေးရဲ့ ဖခင်ကြီး ဖြစ်ပြီး၊ စတုတ္ထမြန်မာနိုင်ငံ၏ တပ်မတော်ကို ဖွဲ့စည်းခဲ့သော သန္ဓေအစဖြစ်သည့် ရဲဘော်သုံးကျိပ်တွင် ခေါင်းဆောင်ဖြစ်ကာ ခေတ်သစ်မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံတွင် လူထုထောက်ခံမှုအများဆုံးရရှိသောသူသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပုံဖော်ပေးခဲ့သူဖြစ်သည်။ လူငယ်များ၏ စံထားလောက်သော၊ စံထားသင့်သော ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ လူမသမာတို့၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့သော အာဇာနည်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။



ဦးနု (လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်)

သူသည် လွတ်လပ်သောမြန်မာနိုင်ငံကို ၀န်ကြီးချုပ်အဖြစ် ပထမဆုံး ဦးဆောင်ပေးခဲ့သော နိုင်ငံခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ သူ့လက်ထပ်တွင် ပြင်းထန်လှသော ပြင်တွင်းစစ်ဖြစ်ပွားခဲ့သည်။ သူသည်မြန်မာ့လွတ်လပ်ရေး အခန်းကဏ္ဍတွင် မမေ့ထားအပ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူဖော်ဆောင်ခဲ့သော မြန်မာပြည်စီးပွားရေးစီမံကိန်းတစ်ခုဖြစ်သော ပြည်တော်သာစီမံကိန်းသည် မြန်မာပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ချက်တစ်ခုဖြစ်သည်။ ယနေ့ စစ်အစိုးရပုံမှားရိုက်ထားသော နိုင်ငံတော်ဖွံ့ဖြိုးရေး စီမံကိန်းများသည် သူ၏ပြည်တော်သာစီမံကိန်းကို ပုံတူကူးထားသည်။ ပြည်တော်သာစီမံကိန်းတွင် မဆောင်ရွက်လိုက်ရသော်လည်း ပါဝင်သည့် စီမံကိန်းများအနက် မူးမြစ်ဝှမ်းစီမံကိန်း (စိုက်ပျိုးရေးနှင့်လျှပ်စစ်ကဏ္ဍ) နှင့် စစ်တောင်းမြစ်ဝှမ်းစီမံကိန်း (စိုက်ပျိုးရေး နှင့် လျှပ်စစ်ကဏ္ဍ) တို့သည် ယခုခေတ် စစ်အစိုးရလက်ထက်တွင် အဓိကလုပ်ငန်းများဖြစ်သည်။ ပါလီမန်ဒီမိုကရေစီစနစ်ကို ယုံကြည်သော သူသည် ပြည်သူလူထု၏ရွေးကောက်တင်မြှောက်မှုနှင့်သာ အစိုးရဖွဲ့ခဲ့သောသူဖြစ်သည်။



ဗိုလ်ချုပ်ကြီးနေ၀င်း (စစ်အာဏာရှင်စနစ်ပုံသွင်းခဲ့သူ)
လွတ်လပ်သော ခေတ်သစ်မြန်မာနိုင်ငံကို ပထမဆုံး စစ်တပ်အာဏာ သိမ်းမှုကိုခေါင်းဆောင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သော သူသည် စတုတ္ထမြန်မာနိုင်ငံ တပ်မတော်ကို ဖွဲ့စည်းခဲ့သော သန္ဓေအစဖြစ်သည့် ရဲဘော်သုံးကျိပ်တွင် ပါဝင်ခဲ့သောသူတစ်ဦးဖြစ်သည်။ မယားအများအပြားယူကာ နိုင်ငံတော်ဘဏ္ဍာကို သုံးဖြုန်းခဲ့သောသူသည် နိုင်ငံတော်အာဏာကို အစွန်းဆုံးအထိချုပ်ကိုင်ကာ အဆင်းရဲဆုံးနိုင်ငံဘ၀သို့ တွန်းပို့ခဲ့သည်။ တစ်ပါတီမဆလ အာဏာရှင်စနစ် ထူထောင်ခဲ့သောသူသည် မြန်မာ့တပ်မတော်ကို သူစေလိုရာ ပြည်သူလူထုကို နှိပ်စက်သည့် စစ်တပ်ဖြစ်အောင် ပုံသွင်းယူခဲ့သည်။ ကျောင်းသားများကို ဓား ဓားခြင်း၊ လှံ လှံခြင်း (တကယ်တော့ လက်နက်မရှိသူများကို သေနက်နှင့်ရင်ဆိုင်ခဲ့သူဖြစ်သည်။) ဟုပြောခဲ့သောသူသည် လက်နက်မဲ့ကျောင်းသားများ၏ သမဂ္ဂအဆောက်အဦးကို ဒိုင်းနမိုက်နှင့်ခွဲခိုင်းခဲ့သည်။ ဆူပူအောင်လုပ်သူများကို သေနက်နှင့်တည့်တည့်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သောသူသည် မြန်မာနိုင်ငံ၏ ပညာရေး နှင့် ကျန်းမာရေးကဏ္ဍ တို့ကို အောက်ဆုံးရောက်အောင်တွန်းပို့ခဲ့သည်။ သူ့ကို မြန်မာပြည်သူများက ၁၉၈၈ ခုနှစ်တွင် ထုနှင့်ထည်နှင့် နိုင်ငံအ၀န်းဆန္ဒပြကာ ဖယ်ရှားပစ်ခဲ့သည်။ သူသည် ခေတ်သစ် မြန်မာနိုင်ငံ တွင် စစ်တပ်အာဏာသိမ်းကို နှစ်ကြိမ်တိုင်ခေါင်းဆောင်ခဲ့သည့် အပြင် တတိယအကြိမ်စစ်တပ်အာဏာသိမ်းမှုကိုလည်း နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည်။

ဦးစိန်လွင် (တဇောက်ကန်း)

ဘဲဥတစ်လုံး နှစ်ကျပ်ခွဲ စိန်လွင်ခေါင်းကိုခွဲ၊ ဆန်တပြည် ဆယ့်ခြောက်ကျပ် စိန်လွင်ခေါင်းကိုဖြတ် ဟု ၁၉၈၈ ခုနှစ်က ပြည်သူလူထု၏ လှောင်ပြောင်ခြင်းကိုခံခဲ့ရသောသူသည် မြန်မာပြည်သမိုင်းတွင် ၁၈ ရက်သာခံခဲ့သော နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင် သူ့လက်ထက်တွင် လက်နက်မဲ့ဆန္ဒပြသူများကို ပစ်သတ်ရန် စစ်တပ်ကိုအမိန့်ပေးခဲ့သူဖြစ်သည်။ အရှင်ဖမ်းမိသော တိုင်းရင်းသားကရင်ခေါင်းဆောင် စောဘဦးကြီးကို ပစ်သက်ခဲ့သူဟု စွပ်စွဲခံရသောသူသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ဖြိုဖျက်ရာတွင် လက်တွေ့ပါဝင်ခဲ့သောသူဖြစ်သည်။

ဒေါက်တာမောင်မောင် (ပြည်သူလူထုကိုလှည့်ဖျားသူ)

နဖူးပြောင်ပြောင် ဦးမောင်မောင် အရူးထောင်ကို ပို့လိုက်ကြဟု လူထု၏လှောင်ပြောင်ခံခဲ့ရသောသူသည် မြန်မာနိုင်ငံသမိုင်းတွင် ရက်အနည်းသာခံသည့် ခေါင်းဆောင်များထဲတွင် အပါအ၀င်ဖြစ်သည်။ ပြည်သူကိုလေပြေသွေးကာ တကသအဆောက်အဦးကြီး ကို ပျော်ပျော်ပါးပါး အုတ်မြစ်ချကြပါစို့လို့ပြောခဲ့သောသူသည် စစ်တပ်အာဏာသိမ်းအောင် လမ်းဖွင့်ပေးခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ဥပဒေကြောင်းအရ နောက်ကွယ်မှ အကြံပေးခဲ့သူဖြစ်သည်။ သူ့လက်ထက်တွင် မြန်မာနိုင်ငံကို အဆင်းရဲဆုံး နိုင်ငံအဖြစ်တွန်းပို့ခဲ့သော မဆလ တပါတီစနစ်သည် လူထု၏ တခဲနက်ဆန့်ကျင်မှုများကြောင့် ပြုတ်ကျခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီးစောမောင် (အနိုင်ရတဲ့သူကိုလွဲပေးပြီး စစ်တန်းလျားပြန်မယ်ဟုပြောခဲ့သူ)
ခေတ်သစ်မြန်မာနိုင်ငံတွင် တတိယအကြိမ်မြောက် စစ်တပ်အာဏာသိမ်းမှုကို ခေါင်းဆောင်ခဲ့သော သူသည် စက်တင်ဘာ ၁၈ ရက်နေ့တွင် တိုင်းပြည် ချောက်ထဲကျတော့မည်ဟုအကြောင်းပြကာ ဆန္ဒပြနေသော ပြည်သူလူထုကြီးနှင့် သပိတ်စခန်းများကို နိုင်ငံလုံးအနှံ့ ပစ်ခက်ကာ ဖြိုခွင်းခဲ့သူဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် တွင်လွတ်လပ်ပြီး တရားမျှသော ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပပေးခဲ့သော သူသည် အနိုင်ရသောပါတီကို အာဏာလွဲပေးကာ စစ်တန်းလျား ပြန်မည်ဟုပြောခဲ့သောသူဖြစ်သည်။ ရဟန်းသံဃာများ၏ စစ်တပ်ကိုသပိတ်မှောက်မှုကို နှိမ်နှင်းခဲ့သောသူသည် စိတ်ပုတီးတဖက် သေနက်တစ်ဖက်ကိုင်သည်အထိ ပြည်သူလူထုရှေ့တွင် စိတ်ဂယောင်ခြောက်ခြား ဖြစ်ခဲ့သည်။ အာဏာသိမ်းစစ်တပ် ကို ကိုယ်စားပြုသောအဖွဲ့ဖြစ်သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ) ကိုခေါင်းဆောင်သောသူသည် ၁/၉၀ ဟုခေါ်သော ရွေးကောက်ခံကိုယ်စားလှယ် များမှ နိုင်ငံတော်အခြေခံဥပဒေကိုရေးဆွဲရမည်ဟူသော အမိန့်ကိုထုတ်ပြန်ခဲ့သော်လည်း အကောင်အထည်ဖော် မသွားနိုင်ခဲ့ဘဲ စစ်တပ်တွင်းတန်ပြန်အာဏာသိမ်းခြင်းကိုခံခဲ့ရသည်။ သူ့လက်ထက်တွင် တိုင်းပြည် ချောက်ထဲသို့ တကယ်ရောက်သွားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ဘုရင်ရူးစစ်အာဏာရှင်)

ဗိုလ်ချုပ်မှူးကြီးစောမောင် ကို ဖယ်ရှားကာ အာဏာယူလာသောသူသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) ဟူသော အမည်မှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) သို့အမည် ပြောင်းပြီး အမိန့်အမှတ် ၁/၉၀ ဖြင့် ကတိပေးခဲ့သော ရွေးကောက်ခံ ကိုယ်စားလှယ်များမှ နိုင်ငံတော်အခြေခံဥပဒေကိုရေးဆွဲရမည်ဟူသော အချက်ကို မျက်ကွဲပြုချင်သူဖြစ်သည်။ အမည်ပြောင်းရုံနှင့် ကတိတစ်ခုကို ဖျက်ပစ်လိုက်ပြီဟုထင်နေသောသူသည် သူ့လက်ထက်တွင် စစ်တပ်လူတန်းစားတရပ် ပေါ်ပေါက်လာခဲ့ပြီး အရာရာကို အပေါ်စီးမှ ချုပ်ကိုင်လာခဲ့ကြသည်။ မြန်မာ့လွတ်လပ်ရေးသမိုင်း နှင့် အာဇာနည်များ၏ အခန်းကဏ္ဍ ကိုမှေးမှိန်အောင်လုပ်ချင်သောသူသည် နေပြည်တော်ဟု ခေါ်သော မြို့တော်သစ်ကိုတည်ဆောက်ခဲ့ပြီး ပဒေသရာဇ်ဘုရင်တပါးကဲ့သို့ ပြုမူချင်သူဖြစ်သည်။ သူ့လက်ထပ်တွင် သဘာဝဓါတ်ငွေ့နှင့် အခြားသယံဇာတများမှ စံချိန်တင် နိုင်ငံခြားဝင်ငွေရရှိခဲ့သော်လည်း မြန်မာနိုင်ငံမှ ဒုက်ခသည်များသည် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို စံချိန်တင်ထွက်ပြေးခဲ့ကြသည်။ စစ်တပ်အတွင်း သူနှင့်အတူ အာဏာသိမ်းရာတွင် ပါဝင်ခဲ့သောသူများအပါအ၀င် စစ်တပ်အတွင်း အစုလိုက်အပြုံလိုက် ရှင်းလင်းဖယ်ရှားခဲ့သော သူသည် ၂၀၀၇ ခုနှစ် စက်တင်ဘာတွင် မေတ္တာပို့ လမ်းလျှောက်သော ရဟန်းတော်များ နှင့် ပြည်သူများကို ကမ္ဘာတုန်အောင် နှိမ်နှင်းခဲ့သောသူဖြစ်သည်။ ဦးနေ၀င်း၏မိသားစု ကို အတုယူသော သူ၏မိသားစုသည် နိုင်ငံကျော် မင်္ဂလာဆောင်တစ်ခုကို ဆင်းရဲသော မြန်မာနိုင်ငံတွင် စိန်စီကာကျင်းခဲ့သည်။ သူလက်ထက်တွင် တိုင်းပြည်၏အရေးကြီးသော အခြေခံဥပဒေကို ပြည်သူလူထုရွေးကောက်ခံပုဂ္ဂိုလ်အများစု မပါဝင်ဘဲ ရေးဆွဲခဲ့ပြီး အငြင်းပွားဖွယ် အတည်ပြုခဲ့သူလည်းဖြစ်သည်။ သူ၏လက်ထက်တွင် မြန်မာနိုင်ငံသမိုင်းတွင် တခါမှမဖြစ်ဘူးသော အဆိုးရွားဆုံး၊ လူအသေအပျောက်အများဆုံး နာဂစ်မုန်တိုင်း ဖြစ်ခဲ့ပြီး ကမ္ဘာတွင် အငြင်းပွားမှုအများဆုံးသော ကယ်ဆယ်ရေးဆောင်ရွက်မှုလုပ်ငန်းအား ကုလသမဂ္ဂ၊ အာဆီယံ နှင့် အခြားနိုင်ငံတကာတို့ အကန့်အသတ် များနှင့်ဆောင်ရွက်နေကြရသည်။ သူသည် လက်ရှိမြန်မာနိုင်ငံကို အုပ်ချုပ်နေလျက်ရှိပြီး လူအသေအပျောက် အများဆုံးဖြစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ကို လှစ်လျူရှုကာ အတည်ပြုခဲ့သော အခြေခံဥပဒေအရ ၂၀၁၀ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို စောင့်မျော်လျက်ရှိသည်။ ကြားတွင်သူဘာဖြစ်မည်ဆိုသည်ကိုတော့ စောင့်ကြည့် ရမည်ဖြစ်သည်။

Tuesday, August 5, 2008

8-8-88 တိုင်းရင်းသားပြည်သူနှင့်စစ်တပ် သွေးကွဲမှု အနှစ်နှစ်ဆယ်မြောက်



သွေးကွဲသွားတာဝမ်းမြောက်လို့တော့မဟုတ်ပါဘူး ပြည်သူအပေါ်နားလည်မှုမရှိတာဘဲ ၀မ်းနည်းတယ်။

Sunday, August 3, 2008

မောင်ကောင်းအောင်နဲ့ ထိပေ့သျှင် ဖတ်ဖို့

အမှန်တော့အဓိကပြသနာက ဒီရပ်ကွက်ထဲက မဟုတ်ပါဘူး ပြသနာစလာတာက မူရင်းရပ်ကွက်ကပါ မြန်မာနိုင်ငံကိုပြန်ကြည့်ပါ ဘာပြသနာတွေဖြစ်နေလဲလို့ ကျွန်တော်တို့ဆိုတာ တယောက်နဲ့တယောက် မြင်ဘူးတာမဟုတ်ပါဘူး ဒါပေမယ့် မြန်မာလိုပြော မြန်မာစာရေးတဲ့ မြန်မာရေသောက်လာကြတဲ့သူတွေပါဘဲ ဒီပြသနာမှာ ရုရှားမှာပညာသင်နေတဲ့ စစ်ဗိုလ်တွေ နိုင်ငံခြားမှာအကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့သူတွေ သူတို့ရဲ့ လွတ်လပ်တဲ့ ထွက်ပေါက်တစ်ခုအနေနှင့် အနုပညာ သတင်းဖလှယ်ရေး ယုံကြည်တဲ့အကြောင်းအရာ တွေ တင်ပြရေး သူငယ်ချင်းသစ်မိတ်ဆွေသစ်ရှာရေး နိုင်ငံခြားတင်မဟုတ်ပါ မြန်မာပြည်တွင်းမှာပါ ဘလော့တွေဖန်တီးကြ တည်ဆောက်ကြနဲ့ ပျော်ရွင်စရာကောင်းပါတယ်။
မောင်ကောင်းအောင်ပြောသလိုဆို (လူကြီးလူကောင်းတို့အတွက် လွတ်လပ်စွာထုတ်ဖော် ရေးသားခွင့်ဆိုတာက ဟောဒီ အင်တာနက် နယ်ပယ်လေး တခုပဲ ရှိသလို ဖြစ်နေခြင်းဆိုသော အချက်လေးကို နားလည်ပေးသည်က တစ်ကြောင်းကြောင့် ကျွန်တော်တို့ မည်သို့မျှ မပြောဆိုခဲ့ပါ။ )
ဟုတ်ပါတယ်။ ဒီအတိုင်းပါဘဲ နိုင်ငံခြားမှာအကြောင်းအမျိုးမျိုးကြောင့် ရောက်လာတဲ့သူတွေမှာ ပြည်တွင်းမှာ မလွတ်လပ်ခြင်း၊ ယုံကြည်ရာကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ခွင့်မရခြင်း၊ မိမိတို့၏ ပညာရေး စီပွားရေး ရှေ့တက်လမ်းများ မရေရာခြင်း၊ လုံခြုံမှုမရှိခြင်းစတဲ့ ပြသနာများကြောင့် ရောက်လာတဲ့သူတွေက အများစုပါ ဒီပြသနာတွေဘယ်ကစလာသလဲ။ တိကျရှင်းလင်းခြင်ရင်တော့ စစ်တမ်းတစ်ခုလိုပါတယ်။ ကျွန်တော်ကတော့ လက်ရှိအုပ်ချုပ်နေတဲ့စစ်တပ်လို့မြင်တယ်။ အရှင်းဆုံးပြောရရင် စစ်တပ်သည် နိုင်ငံတော်အာဏာကို အတင်းချုပ်ကိုင်ထားသည် စစ်တပ်ထိပ်ပိုင်းမှ
ခေါင်းဆောင်များ နှင့် ၄င်းတို့၏သားသမီးများ အရမ်းချမ်းသာ ကြွယ်ဝကြသည်။ မောက်မာကြသည်။ နောက်တစ်ခု စစ်ဗိုလ်စစ်သားများသည် အုပ်ချုပ်သူလူတန်းစားများသဖွယ် အခွင့်အရေးကို အရမ်းကာရောယူကြသည်။ အသေးစားဖြစ်တဲ့ ဧည့်စာရင်းစစ်ရင် ပါလာသည့်စစ်ဗိုလ်နှင့်စစ်သားသည် ဖိနပ်မချွတ်ဘဲအိမ်ဦးခန်း သို့ဝင်သည့်ပြသနာ၊ မီတာဆောင်ရင်တောင် ယူနီဖောင်းကြီးဝတ် အပွင့်အခက်တွေနှင့် ရှည်လျားလှတဲ့ လူတန်းကြီးကို ထီမထင်လုပ်ပြီး ကြားဖြတ်ကာဦးအောင်ဆောင်တတ်ကြတာစစ်ဗိုလ်စစ်သားတွေပါ။

အဲဒီလိုအနိုင်ကျင့်ခံလာရတဲ့ မြန်မာပြည်သူတွေဟာ ပြည်တွင်းမှာ ဆဲဆိုလို့မရ ကြိမ်းမောင်းလို့မရ မကျေနပ်ဘူးလို့အော်တော့လည်း သေနပ်ပစ်ခံရ ရိုက်နှက်ခံရ ဖမ်းဆီးခံရ အဲဒီတော့ မောင်ကောင်းအောင်တို့ကိုလည်းတွေ့ရော စစ်ဗိုလ်တွေဖြစ်မှန်းလဲသိ အင်တာနက်ပေါ်မှာလည်းဖြစ် အန္တရာယ်မရှိမှန်းလဲသိရော ရင်ထဲရှိတာတွေပွင့်ထွက်ကုန်ပါရော တကယ်တော့မောင်ကောင်းအောင် တို့ကလည်း ဓားစာခံတွေပါ
နာဂစ်မုန်တိုင်းအပြီးရက်အနည်းငယ်အကြာမှ မြန်မာတပ်မတော်သည် ရန်ကုန်မြို့တွင်း ပြိုလဲနေသော သစ်ပင်များရှင်းလင်းရန်ဝင်ရောက်လာပါသည်။ အမှန်တကယ်လည်းရှင်းလင်းကြပါသည်။ ကွမ်းတယာ ရေတမှုတ်တိုက်မည့် ရန်ကုန်မြို့ခံများမရှိသလောက်ရှားပါသည်။ ကောင်းတာလာလုပ်သူကို ကွမ်းတယာ ရေတမှုတ်တိုက်မည့်သူမရှိခြင်းသည် စက်တင်ဘာလတွင် သံဃာတော်များကို ၄င်းတို့မျက်စိရှေ့တွင် ရိုက်နှက်ပစ်ခက်ထားခြင်းကို မျက်မျက်ဝါးထင်ထင်မြင်ခဲ့ကြ၊ မုန်တိုင်းပြီးကြောက်လန့်ကာအားကိုးရာမဲ့နေသော ပြည်သူများသည် တခြားနိုင်ငံများက စစ်တပ်များကဲ့သို့ချက်ချင်းအရေးယူ ဆောင်ရွက်ခြင်းမရှိသော စစ်တပ်အစိုးရကို ဒေါသထွက်နေခြင်း၊ စစ်တပ်သည်အမြဲလိုလို နီးစပ်ရာလူများကို အတင်းခေါ်ကာ ခိုင်းတတ်ခြင်းတို့ကြောင့် ခပ်ခွာခွာလုပ်နေကြပါသည်။ ဆိုလိုခြင်တာက စစ်တပ်၊ စစ်သား နှင့် စစ်ဗိုလ်များကို ပြည်သူတွေသည် အမြင်မကြည်လင်ကြပေ။ ထိကပါးရိကပါးလုပ်ခြင်ကြသည်။ လက်နက်များပါသဖြင့် မလုပ်ဝံ့ကြပေ။

မောင်ကောင်းအောင် ပြောသလို
(သည်ရပ်ကွက်လေးမှာ နေသောကျွန်တော်အတွက် သည်လိုထိကပါး ရိကပါးများကို နားမခံသာတာကတစ်ကြောင်း လူတစ်ယောက်လွတ်လပ်စွာ ယူဆခြင်းကို ထိပါးလာသောကြောင့် တစ်ကြောင်း သည်လမ်းလေး အတိုင်း လက်သီးဆုပ်ကာ လိုက်လာမိခဲ့သည်)
ဘာလို့လုပ်ကြသလဲဆိုတော့ အထက်မှာပြောခဲ့သလိုဘဲပေါ့ မောင်ကောင်းအောင် မောင်ကောင်းအောင်တို့ ကလက်နက်ရှိသူပါ စစ်တိုက်ဖို့ဖွဲ့ထားတဲ့လူစုပါ လက်နက်ရှိတဲ့သူက လက်သီးဆုပ်ရင်း ပြေးလိုက်တာခံရမှာက လက်နက်မဲ့တဲ့မြန်မာပြည်သူတွေပါ။

ဘလော့ဆိုတာမည်သူမဆိုသုံးခွင့်ရှိပါသည်။ လမ်းဖောက်တဲ့သူ လမ်းပြင်သူမရှိပါ။ ရပ်ကွက်ကောင်းဘို့ ဧည့်စာရင်းစစ်ကြရမယ် ဆိုရင်စစ်ပါ။ ပြသနာသည် အိမ်ပေါ်ကို ဖိနပ်မချွတ်ဘဲတက်လာသော အရာရာရှေ့မှအာဏာပါဝါပြကာအတင်းလုတတ်သော သူများနှင့် ယူနီဖောင်း တူနေခြင်း သည် မောင်ကောင်းအောင်တို့ ထိကပါးရိကပါးလုပ်ရခြင်း၏အစပင်ဖြစ်သည်။ သူ့ဟာသူမဆိုင် သလိုနေများရှိသလို ကိုယ့်အလုပ်ကိုယ်လုပ်သူများလည်း ရပ်ကွက်ထဲတွင်အများကြီးပါ။ မခံချင်စိတ်ကို ရင်ဝယ်ပိုက်ကာ သူတို့လဲ ငါနေပူထဲတန်းစီနေတာတောင် အားမနာ ရှေ့ကအတင်းဝင်သွားတဲ့သူတွေနဲ့ အတူတူဘဲဟု မှတ်ယူနေသူတွေ လည်းအများကြီးရှိပါသည်။

ရပ်ကွက်ကောင်းဘို့ဆိုပြီး အိမ်ဦးခန်းတက် ဖိနပ်မချွတ်တဲ့သူတွေမဟုတ်ရင် ထိပေ့သျှင် ပြောသလို (မင်္ဂလာပါဗျာ။ ခင်ဗျားတို့နဲ့ ကျွန်တော်ဟာ ဖြတ်သန်းလာရတဲ့ ဘ၀ တွေ မတူလို့သာ အတွေး အခေါ်၊ အယူအဆတွ ကွဲနေကြတာပါ။ ရန်သူတွေ ၊ မကောင်းဆိုးဝါးတွေလို့ ကျွန်တော်ကသဘောမထားပါ)
အဲဒီလိုဘဲ ခင်ဗျားတို့ကိုလည်း ဘယ်သူကမှ မကောင်းဆိုးဝါးလို့ သဘောထားမှာမဟုတ်ပါဘူး။ ဗိုလ်ကြီးရေ အိမ်ထဲဝင်ပြီး ရေနွေးကြမ်းနဲ့ ထန်းလျက်လေး စားပါအုံးလို့ ပြောကြမည့်သူတွေကြီးပါဘဲ။
ကိုစိုးထက်လည်း ရပ်ကွက်ကောင်းဘို့ဆိုပြီး အိမ်ဦးခန်းဖိနပ်မချွတ်ဘဲတက်တက်တဲ့ သူတွေနဲ့ ဧည့်စာရင်းစစ်လိုက်လာရင်တော့ ……………………
နောက်ဆုံးပါ စစ်တပ်ကမြန်မာနိုင်ငံမှာကိုယ့်မူရင်း အလုပ်ဖြစ်တဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်တဲ့ အချိန်ရောက်ရင် သာယာတဲ့ရပ်ကွက်လေးထဲ ရေနွေးကြမ်းနဲ့ထန်းလျက်ခဲလေး အတူတူစားခြင်ပါတယ် မောင်ကောင်းအောင် နဲ့ ထိပေ့သျှင်

မျိုးဝင်းဇော်

မောင်ကောင်းအောင် http://maungkaungaung.blogspot.com/ ၏ မျက်လုံးဖွင့်၍ ကျွန်တော်လမ်းလျောက်ပါသည်

ကိုစိုးထက် ၏ မောင်ကောင်းအောင်သို့ ကွန်းမန့် စိုးထက် - Soe Htet ! said...

ကောင်း၏ မောင်ကောင်းအောင် ဆက်ရေးပါ :)
ရပ်ကွက် ကောင်းဖို့ တစ်ခုကို မျက်နှာ မူလိုက်ရင် အားလုံးက တစ်ဖက်ထဲ မှာပါ ...

02 August 2008 04:15

ထိပေ့သျှင် ၏ စီဘောက် >>countrybuilder ၊စောကြီး:၊သိစေချင် --- မင်္ဂလာပါဗျာ။ ခင်ဗျားတို့နဲ့ ကျွန်တော်ဟာ ဖြတ်သန်းလာရတဲ့ ဘ၀ တွေ မတူလို့သာ အတွေး အခေါ်၊ အယူအဆတွ ကွဲနေကြတာပါ။ ရန်သူတွေ ၊ မကောင်းဆိုးဝါးတွေလို့ ကျွန်တော်ကသဘောမထားပါဘူ

Friday, August 1, 2008

8-8-88

၈-၈-၈၈ တပတ်လည်ရောက်လာပြန်ပြီ ထိုနှစ်က မွေးခဲ့သော မြန်မာနိုင်ငံသား လူသားတစ်ဦး အသက်နှစ်ဆယ်ရောက်သောနှစ် ကွှန်တော်ထိုအသက်နှစ်ဆယ်ပြည့်သော ထိုမြန်မာနိုင်ငံသားလူသားများကို မေးချင်သည် သင်သည်-
(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ဒေါ်အောင်းဆန်းစုကြည်ကို သိပါသလား။ သိရင်သင်ယင်းတို့ကို မည်သို့ထင်ပါသနည်း။
(၂) နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနှင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေအမှူးပြုသော လက်ရှိမြန်မာနိုင်ငံအစိုးရကို သင်မည်သို့မြင်ပါသနည်း။
(၃) သင်သည် သင်မွေးဖွားခဲ့သော ၁၉၈၈ ခုနှစ်သည် အရေးကြီးသော နှစ်တစ်နှစ်ဖြစ်သည်ဟု ခံယူပါသလား။
(၄) သင်သည် သင်မမှီခဲ့သော ၁၉၉၀ ရွေးကောက်ပွဲနှင့် ယခု ၂၀၀၈ ခုနှစ်တွင်ကျင်းပသော သင်ကိုယ်တိုင်မဲထည့်ခွင့်ရှိသော အခြေခဲဥပဒေ ရွေးကောက်ပွဲတို့ကို မည်သို့ထင်ပါသနည်း။
(၅) ၁၉၈၈ ခုနှစ်သည် မြန်မာပြည်သူသိန်းနှင့်ချီပြီးလမ်းပေါ်ထွက်ကာ ဒီမိုကရေစီလိုချင်သည်ဟု တောင်းဆိုခဲ့ကြသည်။ ဒါကို သင်ယုံ/မယုံ။ ယုံလျှင် ဒီမိုကရေစီဆိုတာဘာကိုခေါ်ပါသလဲ။

၈-၈-၈၈ မှာလူတွေသေခဲ့တယ် လက်နက်မဲ့တွေကို လက်နက်ရှိသူတွေကပစ်သတ်ခဲ့တယ် ဆက်လည်းသတ်နေတုန်းဘဲ..
မေးခွန်းတွေကို မဖြေပါနဲ့ အသက်နှစ်ဆယ် ပြည့်မြောက်တဲ့လူသားရယ်.... သင်ဒါတွေကိုဖြေလို့
သင်တိုင်းပြည် ဒီမိုကရေစီမရပါဘူး...
၈-၈-၈၈ မှာ ဒီမိုကရေစီတောင်းလို့ လူတွေထောင်ထဲရောက်ကုန်တယ်.. ခုလည်းမထွက်ရသေးဘူး..
မေးခွန်းတွေကို မဖြေပါနဲ့ အသက်နှစ်ဆယ် ပြည့်မြောက်တဲ့လူသားရယ်.... သင်ဒါတွေကိုဖြေလို့
သင်တိုင်းပြည်မလွှတ်မြောက်ပါဘူး....
၁၉၈၈ ခုနှစ်ထဲက ယနေ့ထိ ဒီမိုကရေစီရောက်အောင်မဆုပ်မနစ်လုပ်လာတဲ့ သူတွေ
သူ့ငယ်ဘ၀တွေ ထောင်ထဲမှာဘဲ အချိန်ဖြုန်း၊ ခုလဲဖြုန်းနေတဲ့ အချိန်ဖြုန်းတဲ့
ငါတို့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ တိုင်းပြည်ကိုအမှန်တရားတွေရအောင်
တိုင်းပြည်ကို လူသစ်စိတ်သစ်ဖြစ်အောင်လုပ်ချင်တဲ့သူတွေအတွက်
နေရာမရှိဘူးကွ.......

Thursday, July 17, 2008

မင်းကိုနိုင် (ကိုပေါ်)

သူရဲကောင်းဆိုတာ ဘေးလူပြောမှမဟုတ်ပါဘူး
သူ့လုပ်ရက်က သူ့ဘ၀နဲ့ရင်းထားတာ
သူ့အတွေးအခေါ် အလုံပိတ်ခံထားရတာတောင်
အခုမှခူးလာတဲ့ ဟင်းသီးဟင်းရွက်လို
အမြဲတမ်းလတ်လတ်ဆတ်ဆတ်နဲ့

မြန်မာပြည်မှာ အမှန်တရားလင်းဖို့
အလင်ညှိဖရောင်းတိုင်နဲ့ ထွန်းညှိဖို့
သူ့ကြိုးစားမှုတွေဟာ
မီးမှုတ်သူတွေရဲ့လက်ထဲရောက်ခဲ့တယ်

သံကွန်ခြာတွေရိုက်ခြိုးဖို့
မြန်မာပြည်အမှန်တရားတွေထွန်းလင်းဖို့
သူပြန်လာမယ်ဆိုတာ
သံသယရှိစရာမလိုဘူး..

နေဘုန်းလတ်

အလင်းပိတ်နေတဲ့တိုင်းပြည်မှာ
မင်းရဲ့ မျက်စိနဲ့နားတွေ ထပ်ပိတ်လိုက်ကြပြန်ပြီ
မှောင်ထဲမှာ ထပ်ပြီးမီးဖျက်ခံလိုက်ရတဲ့မင်းကို
ဗမာပြည်နဲ့မင်း လွှတ်မြောက်မဲ့ရက်
ငါတို့ ဂုဏ်ယူစွာနဲ့ စောင့်နေတယ်

Sunday, July 13, 2008

နေဘုန်းလတ်

တိတ်နေတဲ့ဘလော့
လာတဲ့သူတွေကလဲ တိတ်ဆိတ်ငြိမ်သက်စွာနဲ့
ပြီးတော့ ဖွဖွလေးထွက်သွားကြတယ်
လာတဲ့သူတွေဟာ
အိမ်ရှင်ပြန်လာရင် မေတ္တာမိုးရွာဖို့
တခဲနက် ရင်တမမ နဲ့စောင့်နေကြတယ်
အဲဒီအခါ တိတ်နေတဲ့ဘလော့
ပျော်ရွင်စွာ နဲ့ပဲ့တင်ထွက်လာမယ့်အသံ
ကမ္ဘာတုန်သွားမယ်

Friday, July 11, 2008

ပြောရအုံးမယ်

နာဂစ်မုန်တိုင်းပြီးနောက် မုန်တိုင်းဒဏ်ခံ ဒေသများသို့ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်ပရောက်မြန်မာများ၊ ပြည်တွင်းရှိ အလှူရှင်များ စေတနာ့ဝန်ထမ်းများသည် တစ်ဦးခြင်းသည်မှ အဖွဲ့အစည်းအလိုက် မိသားစုအလိုက် မုန်တိုင်းဒဏ်ခံ မြန်မာပြည်သူများကို အစားအစာ၊ ရေ၊ ဆေးဝါး၊ အိမ်ဆောက်ပစ္စည်းများ၊ တခြားသောအကူအညီ အထောက်အပံ့များ၊ အလှူငွေ နှင့် စာနာနှစ်သိမ့်မှုများကို ရက်ရက်ရောရော ပေးကမ်းခဲ့ကြပါသည်။ ထိုလူသားခြင်းဆိုင်ရာအထောက်အပံ့ပေးသောသူ အားလုံးကို ကျွန်တော်မျိုးဝင်းဇော် မှ လေးစားဂုဏ်ယူမိပါသည်။ ကျေးဇူးလည်းအထူးတင်ရှိမိပါသည်။ လူသားတစ်ဦးခြင်းစီတွင်ရှိထိုက်သော မွန်မြတ်သောအကျင့်စရိုက်ဖြစ်သည့် စွန့်လွှတ်ပေးကမ်းခြင်းသည် လူသားတို့တွင်ရှိသော လူ့တန်ဖိုးဖြစ်သောကြောင့် ထိုကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်သူများအား ဂုဏ်ယူလေးစားမိပါကြောင်း....
ခြွင်းချက်
စစ်အစိုးရသည် လက်ရှိမြန်မာနိုင်ငံကို အနိုင်ကျင့်အုပ်စိုးထားသူဖြစ်သောကြောင့် စစ်အစိုးရသည် ထိုတာဝန်ကိုလုပ်ချင်ချင် မလုပ်ချင်ချင် လုပ်ရမည်သာဖြစ်သည်။ ထို့ကြောင့်ကျေးဇူးတင်စရာမည်သို့မှမလိုပေ။
မျိုးဝင်းဇော်

Tuesday, April 8, 2008

လမင်းတစ်စင်းကြွေခြင်းအကြောင်း

အဖွားရေ လူဆိုတာသေမျိုးဆိုပေမယ့် အဖွား မြေးတွေကို ကျွန်အောက်ကထုတ် မြန်မာဆိုတာ ကိုလည်း ဂုဏ်ယူနိုင်အောင် မြန်မာ့ဂုဏ်ဆောင်တွေအကြောင်း အားကျလောက်အောင် ရေးပေးခဲ့တယ် မြေးတို့က အဖွားမြင်ခြင်တဲ့ ဒီမိုကရက်တစ်လူ့ဘောင်ကို မတည်ဆောက်နိုင် သေးဘူး အဖွားဖြစ်ခြင်တဲ့ မြန်မာ့ ဒီမိုကရေစီ လူ့ဘောင်ကို တည်ဆောက်နိုင်ဖို့ ကြိုးစားပါ့မယ်လို့ အဓိဌာန်ပြုရင်း............

Friday, March 14, 2008

သက်ကြီးစကားများ

ဆရာဦးဝင်းတင်က
(၁) အစိတ်သားပါလီမန် လုံးဝလက်မခံ

(၂) ချော့မြှူရေးဝါဒ လုံးဝလက်မခံ
(၃) လုံးဝခေါင်းမညွတ် ဒူးမထောက်

ဆရာလူထုစိန်ဝင်းက
စည်းလုံးညီညွှတ်ဖို့ ဘာကိုမှမမျှော်ဘဲ ပြည်သူအားနဲ့ စစ်အစိုးရကိုဖြုတ်ချဖို့

Sunday, March 9, 2008

စစ်ခွေးတွေလုပ်တဲ့ရွေးကောက်ပွဲ နိုင်ရင်တောင်တရားမ၀င်ပါ

ခင်းဗျားတို့သိတဲ့အတိုင်း နေ၀င်းလုပ်တဲ့ အခြေခံဥပဒေရွေးကောက်ပွဲ ပြည်သူရိုက်ချိုးလို့ ကျိုးပြီးပြီ အခုစစ်ခွေးတွေလုပ်တဲ့ရွေးကောက် ပွဲဒင်းတို့နိုင်လည်း တရားဝင်မဟုတ်တဲ့အတွက် ဂရုစိုက်စရာမလို စွဲဆုတ်လိုက်ရုံဘဲ

စစ်အစိုးရသည် အခြေခံရွေးကောက်ပွဲအနိုင်ရရေးအတွက် အစစ အရာအရာ ပြင်ဆင်ထားသည် ဥပမာ သန်းကောင်စာရင်း နအဖ သည် ၁၉၉၉-၂၀၀၀ ခန့်မှ စ၍ ထောက်လှမ်းရေးနှင့်လ၀ကပေါင်းကာ သန်းကောင်စာရင်းကို တိတ်တဆိတ်ကျိတ်ပြင် ထားသည် မြို့နယ်လူဦးရေစာရင်း တိုးထားတာတို့ သေဆုံးသူတွေကို သေစာရင်းထဲမထည့်တာတို့လုပ်ထားသည် ရွှေ့ပြောင်းသန်းကောင်စာရင်းကို မဖျက်ဘဲထား တာတို့ပါပါဝင်သည် တိုင်းခရိုင်မြို့နယ်အဆင့် လ၀က များတွင်သန်းကောင်စာရင်း နှစ်မျိုးထားကာ တစ်ခုသည် လူဦးရေစာရင်းအစစ် နောက်တစ်ခုသည် ရွေးကောက်ပွဲလုပ်ရင်မဲလိမ်ဖို့ ဆိုပြီးလုပ်ထားသည့် အတု စသည်ဖြင့် သေသေချာချာ ပြင်ဆင်ထားသည် ထို့ကြောင့် နအဖ (စစ်ခွေး)သည် အခြေခံဥပဒေရွေးကောက်ပွဲ တွင်အနိုင်ရပေလိမ့်မည်
နောက်ပြီး နအဖသည် နိုင်ငံခြားရောက်နေသော စစ်ခွေးငယ်များသံရုံးဝင်ထမ်းများ နောက် ဆက်နွယ်သူများကို ထောက်ခံမဲအဖြစ်လုပ်မည်ဖြစ်သည်။ နိုင်ငံခြားတွင်အလုပ်လုပ်နေသူ များအနေနှင့် သံရုံးများတွင်မဲထည့်ခွင့်ရှိသည်ဟုဆိုရုံနှင့် ကန့်ကွက်မဲတောင် သွားမထည့်ဖို့လိုပေမည်။
နောက်တခုမှာ နအဖစစ်ခွေးသည် ယခုလုပ်မည့်စစ်ခွေးအခြေခံဥပဒေရွေးကောက်ပွဲတွင် တနိုင်ငံလုံးကို ခြုံပြီးရေတွက်မှာဖြစ်တယ်လို့သိရတဲ့အတွက် စစ်ခွေးတွေနိုင်ဖို့မှာ သေချာသလောက်ရှိနေပေသည်။
စစ်ခွေးရွေးကောက်ပွဲဆန့်ကျင်မဲထည့်ကြ