Thursday, December 23, 2010

စင်ကာပူ တစ်ဒေါ်လာ ပိုင်ဆိုင်ရုံဖြင့် ဘီလီယံနာဖြစ်နိုင်

စင်ကာပူ ၁ ဒေါ်လာနဲ့ ဇင်ဘာဘွေ ငွေလဲနှုန်းက ယနေ့ပေါက်ဈေးအရ ၉၆၅၈,၀၁၈,၂၂၇.၆၅ ဇင်ဘာဘွေ ဒေါ်လာဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာပိုင်ဆိုင်ရုံဖြင့် ဇင်ဘာဘွေရောက်ခဲ့ရင် ဘီလီယံနာ ဖြစ်နိုင်ပါတယ်။ ကမ္ဘာ့နိုင်ငံများအနက် ဇင်ဘာဘွေနိုင်ငံသည် ထလီယံနာ အများဆုံးနိုင်ငံဖြစ်ပါတယ်။ ချမ်းသာသလား တော့မပြောနဲ့ ၁၀၀ ဘီလီယံ ပိုင်ဆိုင်ခဲ့ရင် ကြက်ဥသုံးလုံးသာစားရပါမယ်။



=


ဇင်ဘာဘွေနိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးစီ ယခုလို အားရပါးရကြီုး ချီတက်တာ အားကျစရာပါ။ ရွှေပြည်ကြီး အတွက် ၂၀၀၈ အခြေခံဥပဒေကြီးရေးဆွဲတုန်းက Reference list လုပ်တဲ့ အခြားသော နိုင်ငံတွေစာရင်းမှာ ဇင်ဘာဘွေ အခြေခံဥပဒေကိုလည်း လေးစားအားကျစွာ မှီငြမ်းခဲ့တယ်လို့ သိရပါတယ်။ ဂုဏ်ယူဖို့ကောင်းပါတယ်။


Photo by Google Image

Wednesday, December 1, 2010

World AIDS Day 2010

"Nobody can do everything, but everyone can do something."

- World Aids Day Quotes by Author Unknown

ကျွန်တော် အစိုးရရုံးတွင်အလုပ်လုပ်စဉ် အခါက ကျွန်တော့် အထက်အရာရှိတစ်ဦးနှင့် ကျွန်တော်နှင့် ရာထူးတူ အငယ်တန်းဝန်ထမ်းတစ်ဦး နိုင်ငံခြားတိုင်းပြည်တစ်ခုသို့ ရက်တို Training တက်ရောက်ရန် ရွေးချယ်ခံရသည်။ မြန်မာပြည် ၀န်ထမ်းဘ၀တွင် နိုင်ငံခြားသို့ သွားရောက်ရသည့်အခွင့်အရေးသည် ထီပေါက်သည့်နည်းတူ ခက်ခဲလှပါသည်။ အငယ်တန်းဝန်ထမ်းများအတွက်ဆို ပိုမို၍ပင် ခက်ခဲပါသည်။ သွားခါနီး ရုံးလုပ်ထုံးလုပ်နည်းများ ကို လုပ်ကိုင်ပြီးနောက် ဆေးစစ်ရပါသည်။ ထိုအခါတွင် အငယ်တန်းဝန်ထမ်းတွင် HIV ပိုးကူးစက်နေကြောင်း တွေ့ရှိရသဖြင့် ထိုအငယ်တန်းဝန်ထမ်းကို နိုင်ငံခြားသို့စေလွှတ်ခြင်းမှ ရပ်ဆိုင်းကာ တခြားတစ်ယောက်နှင့် အစားထိုးစေလွှတ်လိုက်ပါသည်။ ထိုအချိန်က ထိုအငယ်တန်းဝန်ထမ်းမှာ HIV ကူးစက်နေသည်ဆိုသော်လည်း ရုပ်ပိုင်း စိတ်ပိုင်းအခြေအနေမှာ သာမန်လူတစ်ဦး ကဲ့သို့ပင်အခြေအနေရှိပါသည်။

ထိုဝန်ထမ်းငယ်မှာ နိုင်ငံခြားသို့ စေလွှတ်ခြင်း မှရုပ်သိမ်းခြင်းခံရရုံမက နောက်ပိုင်းတွင် ရာထူးတိုးစာမေးပွဲများတွင်လည်း ဖြေဆိုခွင့်ကိုကန့်သတ်ခံရပါသည်။ ရုံးအတွင်းရှိ အခြား ၀န်ထမ်းများကလဲ ကြောက်စရာ လူတဦးကဲ့သို့ ရှောင်ဖယ်ဖယ်နှင့် ဆက်ဆံခြင်း ကိုပါခံရသည်။ နောက်ပိုင်းတွင် အစစ ဖိအားများ များပြားလာသည့် အခါ အလုပ်မှနုတ်ထွက်သွားခဲ့ပါသည်။ နောက်ပိုင်းမည်သို့ ဖြစ်ပျက်သွားသည်ကို မသိရတော့ပေ။

အလားတူ အဖြစ်အပျက်မျိုးများ မြန်မာနိုင်ငံ အစိုးရဌာနများတွင် အများအပြားပင်ရှိသည်။ HIV ကူးစက်နေသဖြင့် ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးမှ ကျင်းပသော ဦးစီးအရာရှိအဆင့် စာမေးပွဲများမှ ငြင်းပယ်ခံရခြင်း၊ နိုင်ငံခြားသံရုံး များတွင် တာဝန်ထမ်းဆောင်မှုများမှငြင်းပယ်ခံရခြင်း၊ ရာထူးတိုးရာတွင် ထည့်သွင်းမစဉ်းစားခြင်း၊ တခြားအရေးမပါသော နေရာများတွင် ချောင်ထိုးခြင်းများကို အစိုးရဌာနများတွင် HIV ကူးစက်နေသော ဝေဒနာရှင် ၀န်ထမ်းများ ခံစားနေကြရပါသည်။

ထိုအဖြစ်အပျက်များဖြစ်ပွားပြီးနောက် တစ်လအကြာတွင် ကျွန်တော်တို့ရုံးသို့ အသက် ၃၀ ကျော်အရွယ် တပ်မတော်မှ ဗိုလိကြီးအဆင့်တစ်ဦး လက်ထောက်ညွှန်ကြားရေးမှူး တာဝန်ဖြင့် ပြောင်းရွှေ့လာပါသည်။ ထိုသန်သန်မာမာ ဗိုလ်ကြီးသည် မည်သည့် အကြောင်းပြချက်ဖြင့် တပ်မတော်မှပြောင်းရွှေ့လာသည်ကို ချက်ခြင်းမသိရသေးပါ။ နောက်ပိုင်းခင်မင်လာကြသောအခါ ကျွန်နောက လည်းကောင်း ဗိုလ်ကြီးကို ဘာလို့ အရက်ဘက်ကိုပြောင်းလာရသလဲမေးမြန်းသောအခါ ထိုဗိုလ်ကြီးမှ ရွှေပိုးလေဗျာ ရွှေပိုးဟု ပြောပါသည်။ ကျွန်တောလဲ ဘာမှန်းမသိ၍ ဘာရွှေပိုးလဲ ဟုမေးရာ အသည်းရောင် အသားဝါ ဘီပိုး ရှိလို့ တပ်မတော်မှ အရပ်ဘက်သို့ ပြောင်းရွှေ့လိုက်ကြောင်းပြောပြပါသည်။ ထိုသို့ အသည်းရောင် အသားဝါ ရောဂါပိုးရှိသော စစ်ဘက်ဝန်ထမ်းများကို အရပ်ဘက်သို့ပြောင်းရွှေ့နေသည်မှာ ကြာမြင့်နေပါပြီ။ သူတို့ တပ်မတော် အရာရှိလောကတွင် ရွှေပိုးဟုတင်စားကာ စစ်တပ်တွင် မနေခြင်သူများက ဂွင်ကောင်းသော အရပ်ဘက်ဌာနများသို့ ပြောင်းရွှေ့ကြပါသည်။ နိုင်ငံခြားတိုင်းပြည်များသို့ပါ သံတမန်အရာရှိ များအနေနှင့် သွားရောက်တာဝန်ထမ်းဆောင်ခြင်းမျိုးပင်ရှိပါသည်။

အသည်းအသားဝါ ဘီပိုး နှင့် HIV /AIDS ရောဂါများသည် ကူးစက်ရောဂါများဖြစ်သော်လည်း ကူးစက်ပုံခြင်းမတူညီပါ။ HIV /AIDS ရောဂါသည် ကူးစက်နည်း အဓိက နည်းလမ်း သုံးခုမှာ

- အကာအကွယ်မဲ့ လိင်ဆက်ဆံတာ (စအို၊ ပါးစပ်၊ လိင်အင်္ဂါ စတဲ့ နည်း အားလုံး)
-
သွေးကနေ တစ်ဆင့် ( သွေးပေနေတဲ့ ချွန်ထက်တဲ့ ပစ္စည်းတွေကို မျှသုံး ပေါင်းသုံး ရောသုံး ရာကနေလဲ ကူးနိုင်တယ် .. ဥပမာ - ဆေးထိုးအပ် မျှသုံးတာ)
-
ကိုယ်ဝန်ဆောင် မိခင် ၊ နို့တိုက်မိခင်ကနေ ကလေးကို ကူးစက်တာ မျိုးဖြစ်ပြီး HIV /AIDS ရောဂါသည်

အပေါ်ယံ ဆက်ဆံရုံဖြင့် ကူးစက်နိုင်ခြင်းမရှိပါ။

အသည်းရောင်အသားဝါ ဘီပိုးသည် ချွေးမှတဆင့် သရေမှတဆင့် တခြား ကိုယ်ခံအားနည်းနေသူ မည်သူမဆို အလွယ်တကူ ကူးစက်နိုင်ပါသည်။ လိင်ဆက်ဆံရာမှလည်းကူးစက်နိုင်ပါသည်။ အပေါ်ယံထိတွေ့ဆက်ဆံရုံမျှဖြင့်ကူးစက်နိုင်ပါသည်။

ဆိုလိုသည်မှာ ထို ရောဂါနှစ်မျိုး ခံစားနေရသူများသည် လူသားများဖြစ်သည်။ တဖက်ကိုတော့ လက်လွတ်စပယ် ပစ်ပယ်ကြပြီး တဖက်ကိုတော့ သက်သာရာသက်သာကြောင်း ပြုလုပ်ပေးသည်မှာ တရားခြင်းမရှိပေ။ HIV ရောဂါကူးစက်ခံရသူများသည် ထိုရောဂါရရှိကြောင်း သိရှိကြသည်နှင့် စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ်ထိခိုက်သွားကြပါသည်။ ထိုသူများကို လူ့အသိုင်းအ၀ိုင်းထဲတွင် ထားကာ အရာရာ ၀ိုင်းဝန်းဖေးမကြမှသာ ထိုသူသည် AIDS အဆင့်သို့ လျင်မြန်စွာကူးစက်ပြောင်းလဲခြင်းမျိုး မဖြစ်ဘဲ အသက်ရှည်စွာနေထိုင်နိုင်မည်ဖြစ်ပါသည်။

၂၀၁၀ ခုနှစ်ရဲ့ ဆောင်ပုဒ် ကတော့ Universal Access and Human Rights အားလုံး လက်လမ်းမီရေး နဲ့ လူ့အခွင့်အရေးဆိုတာ ဖြစ်ပါတယ်။

ကိုးကားချက်- http://health.ngoinmyanmar.org/


Friday, November 19, 2010

ပုဂံမင်းလက်ထပ် အထက်မြန်မာပြည် နှင့် အောက်မြန်မာပြည် မြေပုံ

ပုဂံမင်းလက်ထပ် (၁၈၄၆-၁၈၅၃) အင်္ဂလိမ် မြန်မာ ဒုတိယစစ်ပွဲအပြီး မြန်မာပြည်မြေပုံပါ။ ဗမာ နှင့် ကပ်လျက်ရှိသောနိုင်ငံများ (Burma, adjacent countries) ခေါင်းစဉ်နဲ့ ၁ လက်မကို ၂၄မိုင် စကေးရှိတဲ့မြေပုံပါ။ ထုတ်ဝေတဲ့ ခုနှစ်က ၁၉၀၁ ကပါ။.link ကတော့ http://www.davidrumsey.com/ ပါ။ အဲဒီ website ထဲမှာ အခြားမြန်မာပြည်နဲ့ပတ်သက်တဲ့ ရှေးဟောင်းမြေပုံတွေလဲ ရှိပါတယ်။ ထိုစဉ်က ကရင်နီနယ်လို့ ခေါ်တဲ့ ကယားပြည်နယ်ကို အငြင်းပွားဖွယ်ဒေသလို့ သတ်မှတ်ပြီး ဗမာမင်းရော အင်္ဂလိပ်တွေပါ သီးခြားထားခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က ကယားပြည်နယ်နဲ့ ကပ်ပြီးရှိတဲ့ ယခု မဲဟောင်ဆောင်လို့ ခေါ်တဲ့ဒေသကိုတော့ မြေပုံထဲမှာ အင်္ဂလိပ် လွှမ်းမိုးထားတဲ့ ဒေသအဖြစ်ဖော်ပြထားပါတယ်။ အခြေအနေပေးရင် ထိုင်းကိုပါသိမ်းမဲ့ သဘောထင်ပါတယ်။ ထိုင်းဘက်ခြမ်း မဲဟောင်ဆောင်နယ်မှာ အင်္ဂလိပ်က နှစ်ပေါင်းများစွာ သစ်ထုတ်သွားခဲ့တယ်။ မြန်မာသစ်ကုန်သည်တွေလဲ သစ်ထုတ်လုပ်ရေးလုပ်သွားခဲ့ ပါတယ်။ (ဦးနာအောက်က အဲဒီနယ်မှ သစ်လုပ်ငန်းလုပ်ကိုင်ရင်းချမ်းသာသွားတာ လို့ မှတ်သားဘူးပါတယ်) မြေပုံထဲကရထားလမ်းတွေက အဲဒီအချိန်ကရှိပုံမပေါ်ပါဘူး။ မြေပုံ အခြေအနေက ၁၈၅၃ ခန့်ကဖြစ်ပေမယ့်။ ရေးဆွဲတာက နောက်ကျတယ်ထင်ပါတယ်။

အိမ်ရှေ့မင်းဓား


အင်တာနက်ထဲမှာ လိုခြင်တဲ့ ပုံတပုံလိုက်ရှာရင်းနဲ့ မထင်မှတ်ဘဲတွေ့လိုက်ရလို့ ပြန်လည်မျှဝေတာပါ။ Sword Forum International ဆိုတဲ့ Forum တစ်ခု မှာ သူ့အဖေ မြန်မာပြည်ကယူလာတဲ့ ဓားပျောက်သွားလို့ တင်ထားတဲ့အကြောင်းပါ။ သူက အဲဒီဓားကိုနှစ်သက်ပုံရပါတယ်။ ဓားရိုးက ငွေရယ် ဆင်စွယ်ရယ်နဲ့လုပ်ထားတယ်လို့ပြောပါတယ်။ ဓားအိမ်မှာ “၁၁၁၄ ခုနှစ် အိမ်ရှေ့မင်းဒါးတော်” လို့ရေးထားပါတယ်။ ဓားအသွားမှာတော့ ရာမဇာတ်ပုန်လို့ ရေးထားပါတယ်။ မြန်မာသက္ကရာဇ် ၁၁၁၄ ခုနှစ်ဆို အင်္ဂလိပ်သက္ကရာဇ်က ၁၇၅၂ ခုနှစ်ကပါ အလောင်းဘုရားနန်းတက်တဲ့အချိန်ပါ။ အလောင်းဘုရားသားတော်ကြီး ဖြစ်တဲ့ နောင်တော်ကြီး က အိမ်ရှေ့မင်းဖြစ်နေမယ့်အချိန်ပါ။ သူကိုင်ခဲ့တာလဲဖြစ်နိုင်ပါတယ်။ ဘယ်လောက်သေချာလဲတော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် မြန်မာ့ရှေးဟောင်း အမွေအနှစ်တစ်ခုလဲ ဖြစ်ခြင်ဖြစ်နိုင်ပါတယ်။ link က ဒီမှာ

http://forums.swordforum.com/showthread.php?t=79223 သွားကြည့်လို့ရပါတယ်။

သူရိုက်ထားတဲ့ ဓါတ်ပုံတွေကအောက်မှာပါ-

Sunday, November 14, 2010

တကမ္ဘာလုံးက ထိပ်တန်းသတင်းဌာနတွေအားလုံး က Head Line News အဖြစ်ဖေါ်ပြကြတဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်း

Aljazeera



Associated Press


BBC News



CNN



Guardian News


Time



VOA


Yahoo News


ပြည်တွင်းမီဒီယာတွေဖြစ်တဲ့ ELEVEN News နဲ့ The Yangon Time မှာလည်း ဖော်ပြထားတယ်




ပြည်ပရောက်အတိုက်အခံမီဒီယာတွေဆို ဒေါ်အောင်ဆန်းစုကြည်သတင်းအကြောင်း ပြောစရာမလိုအောင် တင်ထားကြတယ်။

ဒေါ်အောင်ဆန်းစုကြည် လိုဘဲ မြန်မာပြည် နေအိမ်အကျယ်ချုပ်ခံထားရတဲ့ တစ်ယောက်ရှိပါသေးတယ်။ သူ့ခေတ် သူ့အခါကလျှမ်းလျှမ်းတောက် လက်လက်ထနေတာဘဲ။ တန်ခိုးအာဏာကလဲ လက်ညှိုးသာညွှန်လိုက် အကုန်ဖြစ် အာရှနိုင်ငံတွေဆို ပြဲပြဲဆင်သွားတယ်။ သူ့ကိုကျတော့ နိုင်ငံတကာခေါင်းဆောင်တွေ၊ UN အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ ဘယ်သူမှ လွတ်ပေးဖို့တောင်းဆိုသံမကြားရဘူး ဘယ်သူကမှလဲ ဂရုမစိုက်ဘူး သူကဒေါ်အောင်ဆန်းစုကြည် ကို ညီမလေးလိုသဘောထားပါတယ် ပြောခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွှန့်ဘဲ... သူလွတ်လာရင် ဒီလိုဘဲဖြစ်မယ် ထင်ပါသလား

Saturday, November 13, 2010

အားမာန်အပြည့်နဲ့ အဖွားအို


အဖွားမျှော်လင့်သလို လွတ်မြောက်ပြီလို့ကြားရပါတယ်
photo AP

Tuesday, November 9, 2010

ရန်ကုန်မြို့တော်ဝင် အောင်သိန်းလင်း / ဆက်ဆံရေးဝန်ကြီးဟုခေါ်သော အောင်ကြည်

ရန်ကုန်မြို့တော်ဝင် ဦးအောင်သိန်းလင်းအနေဖြင့် ပြိုင်ဘက်အမတ်လောင်း ဦးကောင်းမြင့်ထွဋ်ကို
“ငါ့တူ မောင်ကောင်းမြင့်ထွဋ် ဦးလေးလဲ ရန်ကုန်မြို့တော်ဝန်တာဝန်ကို ယူလာတာနှစ်ပေါင်းများစွာကြာပြီကွာ တတ်နိုင်သလောက်တော့လုပ်တာဘဲ အဆင်မပြေတာတွေလည်းအများကြီး ငါ့အနေနဲ့ မင်းတို့လိုလူငယ်တွေ ကို လွဲပေးပြီး အကြံသစ် ဥာဏ်သစ်နဲ့ ငါတို့ နိုင်ငံကိုဦးဆောင်စေခြင်တယ် လူပြောင်းသွားတော့ အကြံတွေလဲပြောင်းသွားတာပေါ့” လို့များပြောပြီး အမတ်အနေနဲ့ ၀င်အရွေးမခံဘဲနေခဲ့ရင်

မင်္ဂလာတောင်ညွှန့်မှ မင်းဗထူး အမည်ခံ ဦးအောင်ကြည်လည်း ငါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေကို ကြားထဲ ဆက်ဆံရေးဝန်ကြီးလုပ်လာတာ ဘာမှလည်းမအောင်မြင်ဘူး ငါနောက်ဝင်မပါလည်းရပါတယ်လေ ဆိုတဲ့ အတွေးများဝင်ခဲ့ရင်

ခုတော့ အခုခေတ် မြန်မာ့တပ်မတော် စစ်ခေါင်းဆောင် ထမိန်ဝတ်များအတိုင်း ဦးအောင်သိန်းလင်း ခင်မျာ နည်းမျိုးစုံနဲ့ အနိုင်ယူသွားတော့ လူကြီးလူကောင်းဟုဆိုရမည့်အစား လူညစ်ပတ် ကလေးဗိုလ်ဟု သာခေါ်ခြင်တော့သည်။

နောက်တယောက်ကတော့ ထမိန်ဝတ်စစ်တပ်ကထုံးစံအတိုင်း ရပ်ကွက်တွေကနိုင်သမျှ အစိုးရ၀န်ထမ်းအများစုကိုအကြပ်ကိုင်ကာ ကြိုတင်မဲလုပ်အနိုင်ယူလို့ မင်းဗထူး အစား မင်းသာရူး လို့ဘဲခေါ်ပါတော့

အရှက်မရှိတဲ့ပုံတွေမတင်ဘဲထားတယ် နောက်မှ Google search engine မှာအောင်သိန်းလင်း တို့ အောင်ကြည်တို့ နာမည်ရိုက်ရှာရင် တွေ့ရအောင် တင်ထားဦးမယ်