Saturday, November 13, 2010

အားမာန်အပြည့်နဲ့ အဖွားအို


အဖွားမျှော်လင့်သလို လွတ်မြောက်ပြီလို့ကြားရပါတယ်
photo AP

Tuesday, November 9, 2010

ရန်ကုန်မြို့တော်ဝင် အောင်သိန်းလင်း / ဆက်ဆံရေးဝန်ကြီးဟုခေါ်သော အောင်ကြည်

ရန်ကုန်မြို့တော်ဝင် ဦးအောင်သိန်းလင်းအနေဖြင့် ပြိုင်ဘက်အမတ်လောင်း ဦးကောင်းမြင့်ထွဋ်ကို
“ငါ့တူ မောင်ကောင်းမြင့်ထွဋ် ဦးလေးလဲ ရန်ကုန်မြို့တော်ဝန်တာဝန်ကို ယူလာတာနှစ်ပေါင်းများစွာကြာပြီကွာ တတ်နိုင်သလောက်တော့လုပ်တာဘဲ အဆင်မပြေတာတွေလည်းအများကြီး ငါ့အနေနဲ့ မင်းတို့လိုလူငယ်တွေ ကို လွဲပေးပြီး အကြံသစ် ဥာဏ်သစ်နဲ့ ငါတို့ နိုင်ငံကိုဦးဆောင်စေခြင်တယ် လူပြောင်းသွားတော့ အကြံတွေလဲပြောင်းသွားတာပေါ့” လို့များပြောပြီး အမတ်အနေနဲ့ ၀င်အရွေးမခံဘဲနေခဲ့ရင်

မင်္ဂလာတောင်ညွှန့်မှ မင်းဗထူး အမည်ခံ ဦးအောင်ကြည်လည်း ငါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေကို ကြားထဲ ဆက်ဆံရေးဝန်ကြီးလုပ်လာတာ ဘာမှလည်းမအောင်မြင်ဘူး ငါနောက်ဝင်မပါလည်းရပါတယ်လေ ဆိုတဲ့ အတွေးများဝင်ခဲ့ရင်

ခုတော့ အခုခေတ် မြန်မာ့တပ်မတော် စစ်ခေါင်းဆောင် ထမိန်ဝတ်များအတိုင်း ဦးအောင်သိန်းလင်း ခင်မျာ နည်းမျိုးစုံနဲ့ အနိုင်ယူသွားတော့ လူကြီးလူကောင်းဟုဆိုရမည့်အစား လူညစ်ပတ် ကလေးဗိုလ်ဟု သာခေါ်ခြင်တော့သည်။

နောက်တယောက်ကတော့ ထမိန်ဝတ်စစ်တပ်ကထုံးစံအတိုင်း ရပ်ကွက်တွေကနိုင်သမျှ အစိုးရ၀န်ထမ်းအများစုကိုအကြပ်ကိုင်ကာ ကြိုတင်မဲလုပ်အနိုင်ယူလို့ မင်းဗထူး အစား မင်းသာရူး လို့ဘဲခေါ်ပါတော့

အရှက်မရှိတဲ့ပုံတွေမတင်ဘဲထားတယ် နောက်မှ Google search engine မှာအောင်သိန်းလင်း တို့ အောင်ကြည်တို့ နာမည်ရိုက်ရှာရင် တွေ့ရအောင် တင်ထားဦးမယ်

Friday, October 29, 2010

Cartoon


Google ထဲကကာတွန်းပါ မြန်မာဘာသာပြန်လိုက်ပြီး ဖိုတိုရှော့နဲ့ မြန်မာစာတွေထည့်လိုက်တာ မူရင်း link က မရှိတော့လို့ ကာတွန်းနာမည်က my life ဆိုလားဘဲ ကာတွန်း link နဲ့ ဆွဲသူအမည်သိရရင်ကောင်းမှာပါ။

Monday, August 9, 2010

တကွဲတပြား

တို့တွေဝေးကြပုံများ
လေပြင်းမုန်တိုင်း ခံရလို့ လွင့်ခဲ့တဲ့ ကျေးညီနောင်တွေလိုဘဲ


ပြန်ဆုံဖို့ တွေးကြရင်း
ပြန်လို့ မဖြစ်ကြလို့ ပြန်လို့မရတဲ့ဘ၀တွေအတွက်
အမေတွေလည်း မျက်ရည်ခန်းပြီ

တကယ်ဆို
တို့တတွေသာဝေးကြတာမဟုတ်
တူ တူမတွေပါ ထွက်ခွာဖို့လုပ်တာ
ပန်းဆိုးတန်းဆို ဖိနပ်နဲ့အနင်းခံရဆုံး လမ်းတစ်ခုစံချိန်ကို ရန်ကုန်မှာရသွားတယ်ဆိုဘဲ..
တော တောင်တွေက နင်းဖြတ်လွန်းလို့
ယိုးဒယားသွားတောလား ဆိုတာ
လူတိုင်းစပ်တတ်ကုန်ပြီ....

ပင်လယ်မှာ လှေကလေးနဲ့
မလေးသွားတောလား စပ်ကြလွန်းလို့
ငါးမန်းတွေက ဗမာပြည်ကလာတဲ့အသား ဆို ရိုးနေပြီတဲ့........

အမိမြေကို ကွန်ပြူတာပြတင်းပေါက်ကဘဲ
ချောင်းတော့တယ်တဲ့
အဖေတွေကတော့ တန်းလျားပေါ်မှာ
ရေဒီယိုနားထောင်ရင်း ကမ္ဘာကိုပြန်ချောင်းတယ်....

ဟိုအရင်စည်ကားခဲ့တဲ့ မိသားစုထမင်းဝိုင်းဆိုတာ
ပြန်မရတော့တဲ့ အိမ်မက်လိုဘဲ

နိုင်ငံသားဖြစ်ဖို့အတွက် ဟိုနိုင်ငံသားနဲ့ လက်ထပ်စာချုပ်လုပ်ရမယ်ပြောတဲ့
ချစ်သူတွေ

အိုးတိုက်ပုဂံဆေးဖို့ လောလောဆယ် cheer ဆိုပြီး
ဘီယာခွက် တချွင်ချွင်တိုက်နေတဲ့
အင်ဂျီနီယာအစ်ကိုတွေနဲ့ ဆရာဝန်အမတွေ

ဟိုမှာမွေးတာလေ မြန်မာစကားတောင် ကောင်းကောင်းမပြောတတ်တော့ဘူးဆိုတဲ့
တူ တူမတွေ

ဒုက္ခသည်ဖြစ်ဖို့အရေး ရှေ့နေနဲ့ ငွေကုန်ခံကြိုးစားရတဲ့ ဒေါ်လေးတွေ ဦးလေးတွေ

------------------
---------------------------------------
-----------------------------------------------------
တို့တွေဝေးကြပုံများ
လေပြင်းမုန်တိုင်း ခံရလို့ လွင့်ခဲ့တဲ့ ကျေးညီနောင်ကမှနှစ်ကောင်တည်း

တို့တွေကတမျိုးလုံးတဆွေလုံး

Sunday, January 31, 2010

Tuesday, December 29, 2009

မြို့ပြ


မင်းမို့လို့ ပြောရက်တယ်ကွာ
ဒီလောက်မီးလင်းနေမှတော့
ရန်ကုန် ဖြစ်နိုင်ပါ့မလားကွ။

Saturday, December 19, 2009

သူ့သဘောထား

အခုဟာက လူထုကနေ ရွေးချယ်သမျှ ကိုယ်စားလှယ်အားလုံး တနည်းအားဖြင့် တိုင်းရင်းသားတွေ၊ လူထုတွေ သန်း (၅၀) စလုံးက ပြင်ချင်ပါတယ်ဆိုရင်တောင်မှ စစ် ခေါင်းဆောင်က သဘောတူမှ ပြင်လို့ရမယ် ဆိုတဲ့ အခြေအနေကို ကျနော်တို့က ဒါကိုမှ သတိမပြုဘူး ဂရုမစိုက်ဘူးဆိုရင်၊ နောင်အ ခါလာ နောင်အခါဈေးဆိုရင် တဘက်က တပ်မတော်ရဲ့အခြေခံမူတွေထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်နဲ့လဲပြီး ကာကွယ် စောင့်ရှောက်မယ်လို့ သူက ပြောထားတယ်။ အဲဒီတော့ နောင်တချိန် ပြင်ချင်ရင် ကျနော် တို့ နောင်လာနောက်သားတွေကလည်း အသက်နဲ့လဲပြီးတော့ ပြင်ကြဆိုပြီးတော့ ကျနော်တို့ ကလေးတွေကို ဒီလိုမျိုး သေကြေ ဒဏ်ရာရမယ့်၊ လမ်းပေါ်မှာ သေကြေရမယ့် အခြေအနေမျိုးကို ကျနော်တို့ ခွင့်မပြုနိုင်ပါ ဘူး။ နောင်အခါလာ နောင်အခါဈေး လုပ်လို့ မရတဲ့ အချိန်ဆိုတာကို ကျနော် သတိပေး ချင်တာပါ။

ကျောင်းသားခေါင်းဆောင် ကိုကိုကြီး

Friday, December 18, 2009

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး အတွက် မွေးနေ့ဆုတောင်း

၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့်တကွ ကိုယ့်ယုံကြည်ချက်အတွက် မတရားဖမ်းဆီး ခံထားရသူများ လွတ်မြောက်ပြီး လည်းကောင်းတို့ဖန်တီးတည်ဆောက်ခြင်သော လူ့အခွင့်အရေး ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံကို ရဟန်း၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ တပ်မတော်သားများ နှင့် ပြည်သူအပေါင်း စုပေါင်း၍ အမြန်ဆုံး ဖန်တီးတည်ဆောက် နိုင်ကာ ကမ္ဘာ့အလည်တွင် မြန်မာဟု သိက္ခာရှိရှိရပ်တည်နိုင်သော နိုင်ငံတစ်ခုသို့ ရောက်ရှိနိုင်ပါစေ။

Thursday, December 17, 2009

တိုက်ပွဲပျော်ကြီးဆုံးသွားပြီ

ဒီဇင်ဘာ ၁၅ ရက်နေ့ညက သူရဲ့ငုတ်တုတ်ထင်ရှားရေးဖော်များစာအုပ်ကို ဖတ်နေခဲ့သေးတယ်။ ဓန၊ မြန်မာ့ဓန မဂ္ဂဇင်းတွေထဲက ဆရာကြီးအီကြာကွေးရေးတဲ့ သရော်စာတွေကို သတိရမိတယ်။ အသက်တထောင် ဂုလုကွေး ကောင်းရာသုဂတိရောက်ပါစေ.... သူ့ဆွမ်းကျွေးအလှူရေစက်ချရင် ကောင်းလှောင့်တေး ကောင်းလှောင့်တေး ဆိုပြီး သုံးခါရွတ်ရမယ်..အီကွေးလျာ၊ ဒကာဆိတ်၊ ဆိုက်ကားသမား စာကလေး တို့ကို သတိရလျက်

တိုက်ပွဲပျော်။


ပုခက်ထဲက အူဝဲဟစ်ကာ
စစ်ကြေငြာပြီး လောကကြီး၏
ခါးသီးတွေ့ကြုံ အလုံးစုံကို
မဖြုံအံခဲ ပွဲဆက်နွှဲရင်း
လူလဲတော်တော် ကြီးခဲ့ပေါ့။

မိုက်လဲမိုက်လို့ တိုက်လဲတိုက်ခဲ့
ရှုံးလိုက်တာလဲ အသင်္ချေ။

ရဲလဲရဲလို့ နွှဲလည်း နွှဲခဲ့
နိုင်ပွဲတွေလဲ အနန္ဒ။

ဒီလိုပဲပေါ့
တိုက်ပွဲဆိုတာ သာချင်သာမယ်၊
တိုက်ပွဲဆိုတာ နာချင်နာမယ်၊
ဘယ်မှာ ခန့်မှန်းသိနိုင်မလဲ။

နာနာသာသာ ဘာမှမဖြုံ
စိတ်လုံခြုံရင်
မတုန်မလန့်ဖျပ်ပါဘူး။
အဟုန်မတန့်ရပ်ပါဘူး။

ရှေ့ကဆီး၍
လမ်းခရီးထဲ သစ်ပင်လှဲမလား။
ရှေ့ကကန့်၍
အဟန့်အတား ဆူးတွေထားမလား။

ယောက်ျားဟေ့နော်
တိုက်ပွဲပျော်
ကျွန်တော်တိုက်ရင်း တက်မှာပဲ။

ကျော်ထွန်း(ဓနုဖြူ) (ခ) အီကြာကွေး။

Saturday, December 12, 2009

ထွက်ခဲ့စမ်းပါ ရဲရဲ

မင်းတို့ဘက်မှာ
မင်းသုဝဏ်မရှိခဲ့ဘူး
လူထုဒေါ်အမာမရှိခဲ့ဘူး
ဒေါက်တာသန်းထွန်းမရှိခဲ့ဘူး
တင်မိုးမရှိခဲ့ဘူး

မင်းတို့ဘက်မှာ
ဘိုနိုမရှိဘူး
ရမ္ဘိုမရွိဘူး
ဂျူလီယာရောဘတ်မရှိဘူး
ဂျင်းကားရေးမရှိဘူး

ဖိနှိပ်မှုနဲ့ လက်နက်သာအမှန်တရားထင်ရင်
ငါတို့တိုင်းပြည် ဓားမနောက်ပိတ်ခွေးဘဲဖြစ်နေမှာ
ဟိုမှာ အလင်းရောင် တွေ့လား
လာခဲ့စမ်းပါ ရဲရဲ
ထွက်ခဲ့စမ်းပါ ရဲရဲ

မင်းတို့ဘက်မှာ
လူထုစိန်ဝင်းမရှိဘူး
မာမာအေးမရှိဘူး
ဇာဂနာမရှိဘူး
ကျော်သူမရှိဘူး

မင်းတို့ဘက်မှာ
ဒက်(စ)မွန်တူးတူးမရှိဘူး
ဒလိုင်းလားမားမရှိဘူး
ဂျိုဒီဝီလျှံ မရှိဘူး
မင်ဒဲလားမရှိဘူး

ငါတယောက်အတွက်နဲ့ အများဒုက္ခဆင်းရဲထဲရောက်နေရင်
ငါတို့တိုင်းပြည် ဓားမနောက်ပိတ်ခွေးဘဲဖြစ်နေမှာ
ဟိုမှာ ကိုယ်ကျိုးစွန့်သူတွေ တွေ့လား
လာခဲ့စမ်းပါ ရဲရဲ
ထွက်ခဲ့စမ်းပါ ရဲရဲ

Tuesday, December 8, 2009

......

ငါ့ကို ခြေခိုင်မခိုင် ပြိုင်မြင်းတစ်ကောင်လို မစမ်းသတ်ပါနဲ့
ရိုးသားမှုကို သောက်လိုက်ရတဲ့ ပီတိထက် ဘာမှမမက်မောခဲ့ပါဘူး

ဖော်ဝေး