Thursday, November 11, 2010
Tuesday, November 9, 2010
ရန်ကုန်မြို့တော်ဝင် အောင်သိန်းလင်း / ဆက်ဆံရေးဝန်ကြီးဟုခေါ်သော အောင်ကြည်
“ငါ့တူ မောင်ကောင်းမြင့်ထွဋ် ဦးလေးလဲ ရန်ကုန်မြို့တော်ဝန်တာဝန်ကို ယူလာတာနှစ်ပေါင်းများစွာကြာပြီကွာ တတ်နိုင်သလောက်တော့လုပ်တာဘဲ အဆင်မပြေတာတွေလည်းအများကြီး ငါ့အနေနဲ့ မင်းတို့လိုလူငယ်တွေ ကို လွဲပေးပြီး အကြံသစ် ဥာဏ်သစ်နဲ့ ငါတို့ နိုင်ငံကိုဦးဆောင်စေခြင်တယ် လူပြောင်းသွားတော့ အကြံတွေလဲပြောင်းသွားတာပေါ့” လို့များပြောပြီး အမတ်အနေနဲ့ ၀င်အရွေးမခံဘဲနေခဲ့ရင်
မင်္ဂလာတောင်ညွှန့်မှ မင်းဗထူး အမည်ခံ ဦးအောင်ကြည်လည်း ငါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေကို ကြားထဲ ဆက်ဆံရေးဝန်ကြီးလုပ်လာတာ ဘာမှလည်းမအောင်မြင်ဘူး ငါနောက်ဝင်မပါလည်းရပါတယ်လေ ဆိုတဲ့ အတွေးများဝင်ခဲ့ရင်
ခုတော့ အခုခေတ် မြန်မာ့တပ်မတော် စစ်ခေါင်းဆောင် ထမိန်ဝတ်များအတိုင်း ဦးအောင်သိန်းလင်း ခင်မျာ နည်းမျိုးစုံနဲ့ အနိုင်ယူသွားတော့ လူကြီးလူကောင်းဟုဆိုရမည့်အစား လူညစ်ပတ် ကလေးဗိုလ်ဟု သာခေါ်ခြင်တော့သည်။
နောက်တယောက်ကတော့ ထမိန်ဝတ်စစ်တပ်ကထုံးစံအတိုင်း ရပ်ကွက်တွေကနိုင်သမျှ အစိုးရ၀န်ထမ်းအများစုကိုအကြပ်ကိုင်ကာ ကြိုတင်မဲလုပ်အနိုင်ယူလို့ မင်းဗထူး အစား မင်းသာရူး လို့ဘဲခေါ်ပါတော့
အရှက်မရှိတဲ့ပုံတွေမတင်ဘဲထားတယ် နောက်မှ Google search engine မှာအောင်သိန်းလင်း တို့ အောင်ကြည်တို့ နာမည်ရိုက်ရှာရင် တွေ့ရအောင် တင်ထားဦးမယ်
Friday, October 29, 2010
Cartoon

Google ထဲကကာတွန်းပါ မြန်မာဘာသာပြန်လိုက်ပြီး ဖိုတိုရှော့နဲ့ မြန်မာစာတွေထည့်လိုက်တာ မူရင်း link က မရှိတော့လို့ ကာတွန်းနာမည်က my life ဆိုလားဘဲ ကာတွန်း link နဲ့ ဆွဲသူအမည်သိရရင်ကောင်းမှာပါ။
Saturday, October 9, 2010
Monday, August 9, 2010
တကွဲတပြား
တို့တွေဝေးကြပုံများ
လေပြင်းမုန်တိုင်း ခံရလို့ လွင့်ခဲ့တဲ့ ကျေးညီနောင်တွေလိုဘဲ
ပြန်ဆုံဖို့ တွေးကြရင်း
ပြန်လို့ မဖြစ်ကြလို့ ပြန်လို့မရတဲ့ဘ၀တွေအတွက်
အမေတွေလည်း မျက်ရည်ခန်းပြီ
တကယ်ဆို
တို့တတွေသာဝေးကြတာမဟုတ်
တူ တူမတွေပါ ထွက်ခွာဖို့လုပ်တာ
ပန်းဆိုးတန်းဆို ဖိနပ်နဲ့အနင်းခံရဆုံး လမ်းတစ်ခုစံချိန်ကို ရန်ကုန်မှာရသွားတယ်ဆိုဘဲ..
တော တောင်တွေက နင်းဖြတ်လွန်းလို့
ယိုးဒယားသွားတောလား ဆိုတာ
လူတိုင်းစပ်တတ်ကုန်ပြီ....
ပင်လယ်မှာ လှေကလေးနဲ့
မလေးသွားတောလား စပ်ကြလွန်းလို့
ငါးမန်းတွေက ဗမာပြည်ကလာတဲ့အသား ဆို ရိုးနေပြီတဲ့........
အမိမြေကို ကွန်ပြူတာပြတင်းပေါက်ကဘဲ
ချောင်းတော့တယ်တဲ့
အဖေတွေကတော့ တန်းလျားပေါ်မှာ
ရေဒီယိုနားထောင်ရင်း ကမ္ဘာကိုပြန်ချောင်းတယ်....
ဟိုအရင်စည်ကားခဲ့တဲ့ မိသားစုထမင်းဝိုင်းဆိုတာ
ပြန်မရတော့တဲ့ အိမ်မက်လိုဘဲ
နိုင်ငံသားဖြစ်ဖို့အတွက် ဟိုနိုင်ငံသားနဲ့ လက်ထပ်စာချုပ်လုပ်ရမယ်ပြောတဲ့
ချစ်သူတွေ
အိုးတိုက်ပုဂံဆေးဖို့ လောလောဆယ် cheer ဆိုပြီး
ဘီယာခွက် တချွင်ချွင်တိုက်နေတဲ့
အင်ဂျီနီယာအစ်ကိုတွေနဲ့ ဆရာဝန်အမတွေ
ဟိုမှာမွေးတာလေ မြန်မာစကားတောင် ကောင်းကောင်းမပြောတတ်တော့ဘူးဆိုတဲ့
တူ တူမတွေ
ဒုက္ခ္ခသည်ဖြစ်ဖို့အရေး ရှေ့နေနဲ့ ငွေကုန်ခံကြိုးစားရတဲ့ ဒေါ်လေးတွေ ဦးလေးတွေ
------------------
---------------------------------------
-----------------------------------------------------
တို့တွေဝေးကြပုံများ
လေပြင်းမုန်တိုင်း ခံရလို့ လွင့်ခဲ့တဲ့ ကျေးညီနောင်ကမှနှစ်ကောင်တည်း
တို့တွေကတမျိုးလုံးတဆွေလုံး
Sunday, January 31, 2010
Tuesday, December 29, 2009
Saturday, December 19, 2009
သူ့သဘောထား
ကျောင်းသားခေါင်းဆောင် ကိုကိုကြီး
Friday, December 18, 2009
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး အတွက် မွေးနေ့ဆုတောင်း
Thursday, December 17, 2009
တိုက်ပွဲပျော်ကြီးဆုံးသွားပြီ
တိုက်ပွဲပျော်။
ပုခက်ထဲက အူဝဲဟစ်ကာ
စစ်ကြေငြာပြီး လောကကြီး၏
ခါးသီးတွေ့ကြုံ အလုံးစုံကို
မဖြုံအံခဲ ပွဲဆက်နွှဲရင်း
လူလဲတော်တော် ကြီးခဲ့ပေါ့။
မိုက်လဲမိုက်လို့ တိုက်လဲတိုက်ခဲ့
ရှုံးလိုက်တာလဲ အသင်္ချေ။
ရဲလဲရဲလို့ နွှဲလည်း နွှဲခဲ့
နိုင်ပွဲတွေလဲ အနန္ဒ။
ဒီလိုပဲပေါ့
တိုက်ပွဲဆိုတာ သာချင်သာမယ်၊
တိုက်ပွဲဆိုတာ နာချင်နာမယ်၊
ဘယ်မှာ ခန့်မှန်းသိနိုင်မလဲ။
နာနာသာသာ ဘာမှမဖြုံ
စိတ်လုံခြုံရင်
မတုန်မလန့်ဖျပ်ပါဘူး။
အဟုန်မတန့်ရပ်ပါဘူး။
ရှေ့ကဆီး၍
လမ်းခရီးထဲ သစ်ပင်လှဲမလား။
ရှေ့ကကန့်၍
အဟန့်အတား ဆူးတွေထားမလား။
ယောက်ျားဟေ့နော်
တိုက်ပွဲပျော်
ကျွန်တော်တိုက်ရင်း တက်မှာပဲ။
ကျော်ထွန်း(ဓနုဖြူ) (ခ) အီကြာကွေး။
Saturday, December 12, 2009
ထွက်ခဲ့စမ်းပါ ရဲရဲ
မင်းသုဝဏ်မရှိခဲ့ဘူး
လူထုဒေါ်အမာမရှိခဲ့ဘူး
ဒေါက်တာသန်းထွန်းမရှိခဲ့ဘူး
တင်မိုးမရှိခဲ့ဘူး
မင်းတို့ဘက်မှာ
ဘိုနိုမရှိဘူး
ရမ္ဘိုမရွိဘူး
ဂျူလီယာရောဘတ်မရှိဘူး
ဂျင်းကားရေးမရှိဘူး
ဖိနှိပ်မှုနဲ့ လက်နက်သာအမှန်တရားထင်ရင်
ငါတို့တိုင်းပြည် ဓားမနောက်ပိတ်ခွေးဘဲဖြစ်နေမှာ
ဟိုမှာ အလင်းရောင် တွေ့လား
လာခဲ့စမ်းပါ ရဲရဲ
ထွက်ခဲ့စမ်းပါ ရဲရဲ
မင်းတို့ဘက်မှာ
လူထုစိန်ဝင်းမရှိဘူး
မာမာအေးမရှိဘူး
ဇာဂနာမရှိဘူး
ကျော်သူမရှိဘူး
မင်းတို့ဘက်မှာ
ဒက်(စ)မွန်တူးတူးမရှိဘူး
ဒလိုင်းလားမားမရှိဘူး
ဂျိုဒီဝီလျှံ မရှိဘူး
မင်ဒဲလားမရှိဘူး
ငါတယောက်အတွက်နဲ့ အများဒုက္ခဆင်းရဲထဲရောက်နေရင်
ငါတို့တိုင်းပြည် ဓားမနောက်ပိတ်ခွေးဘဲဖြစ်နေမှာ
ဟိုမှာ ကိုယ်ကျိုးစွန့်သူတွေ တွေ့လား
လာခဲ့စမ်းပါ ရဲရဲ
ထွက်ခဲ့စမ်းပါ ရဲရဲ
Tuesday, December 8, 2009
......
ရိုးသားမှုကို သောက်လိုက်ရတဲ့ ပီတိထက် ဘာမှမမက်မောခဲ့ပါဘူး
ဖော်ဝေး
Friday, October 9, 2009
ကိုယ့်အကြောင်း
သူငယ်ချင်းအပေါင်းအသင်းတွေကို ဆွေမျိုးတွေထက်ပိုခင်တွယ်တယ်။ ဒါပေမယ့် တယောက်ထဲနေရတာ ပိုနှစ်သက်တယ်။ ဘာတစ်ခုခုမှစွဲစွဲမြဲမြဲ လုပ်တတ်တဲ့အကျင့်မရှိဘူး။ အခုထက်ထိ ကိုယ်ကိုကိုယ် ဘာမှန်းမသိဘူး လွတ်လွတ်လပ်လပ်နေတဲ့အကျင့်ရှိတယ်။ ချုပ်ချယ်တာမကြိုက်ဘူး။ ၁၉၉၂ ခုနှစ်မှာ ဆယ်တန်းအောင်တယ် စာသင်ခန်းထဲစာသင် နေတာကိုမုန်းလာလို့ ဒုတိယနှစ်နဲ့ အဝေးသင်တက္ကသိုလ် ပြောင်းလိုက်တယ်။ (အမှန်က ပိုက်ဆံမရှိလို့ပါ) ၁၉၉၅ခုနှစ် ကနေ ၂၀၀၅ခုနှစ်အထိ ရုံးအကူအဖြစ် ပို့ဆောင်ရေးဝန်ကြီးဌာနမှာလုပ်တယ်။ ဌာနက ဌာနမှူးကိုမကြိုက်လို့ အစိုးရ အလုပ်ကနေ ဌာနခွဲစာရေးရာထူးဖြစ်တော့ ထွက်လိုက်တယ်။ သူကလဲ ကိုယ့်ကိုမကြိုက်ပါဘူး။ (ပြန်ခံပြောလို့၊ စာရေးအဆင့်ကပြန်ခံပြောတော့ သူအောက်တယ်လို့ ထင်နေတယ်။ သူကိုယ်တိုင်က အသုံးမကျပါဘူး တရုံးလုံးသိတယ်။ ကိုယ်ကိုတိုင်ကလည်း ဘာစည်းကမ်းမှ မရိုသေတဲ့ကောင်ဆိုတော့) လုပ်သက် ၁၀ နှစ်ရတာလွဲရင် ပညာလည်းမရဘူး ပိုက်ဆံလည်းမရဘူး။ အချိန်တွေဘဲနှမြောတယ်။ ကိုယ့်ဟာကိုယ်ဆို လဘက်ရည်ဆိုင်ထိုင်လိုက် ဖဲရိုက်လိုက် ဘီယာသောက်လိုက် စာအုပ်ဖတ်လိုက်နဲ့ ဆယ်နှစ်လောက်နေခဲ့ရရင် ပိုကောင်းမှာဘဲလို့ ထင်မိတယ်။ စာအုပ်ဖတ်တာနဲ့ ငြင်းခုံဆွေးနွေးရတာကိုအရမ်းသဘောကျတယ်။
အိမ်ထောင်မရှိလို့ လူပျိုလို့ပြောရင်တော့ လူပျိုကြီးပေါ့။ ရည်စားနှစ်ယောက်ရှိဘူးတယ်။ အမှန်က တယောက်တည်းထားမလို့ပါ။ ပထမတစ်ယောက်ရဲ့ မိဘတွေကကြီးကျယ်တယ်။ ရုံးစာရေး ငကြောင် တက်လမ်းဘာမှမရှိဘူးလို့ထင်တယ် ပေါ့ပေါ့နေပေါ့ပေါ့စားနဲ့ သူ့တို့အိမ်တက်လာမှာ ကြောက်တယ်ထင်တယ် သူ့သမီးကိုနားချတော့ နှစ်ယောက်သား ဆက်ဆံရေးတွေ အေးခဲပြီး နောက်ပြီးသွားတယ် သူကံကောင်းပါတယ်။ ခုတစ်ယောက်က လက်ထပ်ဖို့အတူနေဖို့မပြောဘူး လက်ထပ်လိုက်ရင် သူ့အတွက် ၀န်ထုတ်ဝန်ပိုးတွေပိုလာ မှာကြောက်တယ် ထင်တယ်။ ပထမတစ်ယောက် ကံကောင်းတယ်ဆိုရင် ဒုတိယတစ်ယောက်က ကံဆိုးတာပေါ့။
အ၀တ်အစားကတော့ ဂျင်းဘောင်းဘီနဲ့ တီရှပ်အဖြူဗြောင်တွေကြိုက်တယ်။ သပ်သပ်ရပ်ရပ်နေဖို့ ကြိုးစားတာ နှစ် နှစ်ဆယ်လောက်ရှိပြီ အခုအထိ ရှုပ်ပွနေတုံးဘဲ။ အဖေက ဖြစ်ထွန်းမဲ့ကောင်လို့မမြင်ဘူး။ သူများတွေနဲ့ နှိုင်းပြောလွန်းလို့ အိမ်မှာမနေဘူး။ ကိုယ်ကိုတိုင်လည်းဖြစ်ထွန်းမယ်လို့ မထင်ပါဘူး။ နေထိုင်လာခဲ့တဲ့ တလျှောက်လုံး သူလိုငါလိုဘဲကိုး။ ထူးချွန်တာဆိုလို့ ဇဲတောက်ခုံတောက်တာလောက်ရှိတယ်။ ရည်မှန်းချက် ကတော့ ခြံအကျယ်ကြီးထဲမှာ ပန်းအလှစိုက်တဲ့သက်မွေးဝမ်းကြောင်းမှုမျိုးကိုလုပ်ခြင်တယ်။ အဲဒိအကြောင်းကို ပြီးဆုံးသွားတဲ့ ပထမချစ်သူကိုပြောပြတော့ ငယ်ငယ်ရွယ်ရွယ်တုံးက သူအရမ်းသဘောကျတယ် လက်ထပ်ပြီးရင် အမေ့ကိုပြောမယ် ခြံဝယ်မယ် စိုက်ကြမယ်ပေါ့ နည်းနည်းကြီးလာတော့ သူမေ့သွားတယ်ထင်တယ်။ ကျွန်တော်ကတော့ ခုထိစိတ်ကူးယဉ်တုန်း။ ဒုတိယချစ်သူနဲ့တော့ ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေ သိပ်မပြောဖြစ်ဘူး။ သူကလည်း ကိုယ့်ကို အဲဒါရှိမှာမဟုတ်ဘူးလို့ ထင်နေတယ်။ အဲဒါကြောင့်မမေးတာနေမှာပါ။
့နိုင်ငံရေးအကြောင်းပြောရရင် စစ်အစိုးရကိုမကြိုက်ဘူး။ ဖြစ်နိုင်ရင်စစ်တပ်တစ်ခုလုံး မြေမြိုသွားတာ မြင်ခြင်တယ်။ စိတ်ပျက်လွန်းလို့... ဘ၀မှာလူဖြစ်လာကတည်းက ဒီစစ်တပ်ကကောင်တွေအုပ်ချုပ်တာ ခံနေရတော့ စစ်တပ်ကကောင်တွေ တစ်ယောက်မှမပါတဲ့ အုပ်ချုပ်ရေးစနစ်ပြောင်းလဲမှုမျိုးကို မြင်ခြင်မိတယ်။ ၈၈ အရေးအခင်းတုန်းက ဗဟန်း အထက (၁)မှာ ဖွင့်တဲ့ စစ်သင်တန်းမှာ အပေါက်စောင့်ဘူးတယ်။ (အသက်ငယ်လို့ လို့တော့ပြောတာဘဲ) နောက် မောင်ထော်လေးလမ်း မှာ ဖွင့်ထားတဲ့ အခြေခံပညာကျောင်းသားသမဂ္ဂမှာ ရန်ကုန်တိုင်းအခြေခံပညာကျောင်းပေါင်းစုံအစည်းအဝေး လုပ်တော့ တကြိမ်ရောက်ဘူးတယ်။ (ကိုအောင်ခင်မြင့် (ပျူနိုင်ငံဘလော့)တို့ကပိုသိမှာပါ)။ နောက်ပိုင်း နိုင်ငံရေးလဲ မလုပ်ဖြစ်ပါဘူး။ ၂၀၀ရ ခုနှစ်ကျတော့ သံဃာတော်တွေ စီတန်းလမ်းလျှောက်တာလျှောက်လိုက်တယ်။ စစ်တပ် ကို ဆန့်ကျင်နေရရင်ပျော်တယ်။ ထောင်ကျမှာလည်းကြောက်တယ်။ အလေးစားဆုံး နိုင်ငံရေးထဲက ပုဂ္ဂိုလ် ဆိုရင် ၈၈ ထဲက ကိုကိုကြီးဘဲ သူ့အယူအဆတွေကြိုက်တယ်။
နောင်လုပ်ဖြစ်မယ်ထင်တာကတော့ အရင်အတိုင်း လဘက်ရည်ဆိုင်ထိုင်မယ် ဖဲရိုက်မယ် ညနေဘီယာသောက်မယ် ချစ်သူရုံးဆင်းသွားကြိုမယ် စာအုပ်ဖတ်မယ် စနေ တနင်္ဂနွေ ချစ်သူချိန်းရင်သွားမယ် သူမချိန်းရင်မသိသလိုဘဲနေလိုက်မယ်။ အလုပ်ခြင်ဆုံးကစစ်အစိုးရ ကိုဆန့်ကျင်တဲ့ ဖြုတ်ချမယ့်သူတွေဆို မည်သူကို မဆို အားပေးသွားမယ်။


