ပုဂံမင်းလက်ထပ် (၁၈၄၆-၁၈၅၃) အင်္ဂလိမ် မြန်မာ ဒုတိယစစ်ပွဲအပြီး မြန်မာပြည်မြေပုံပါ။ ဗမာ နှင့် ကပ်လျက်ရှိသောနိုင်ငံများ (Burma, adjacent countries) ခေါင်းစဉ်နဲ့ ၁ လက်မကို ၂၄မိုင် စကေးရှိတဲ့မြေပုံပါ။ ထုတ်ဝေတဲ့ ခုနှစ်က ၁၉၀၁ ကပါ။.link ကတော့ http://www.davidrumsey.com/ ပါ။ အဲဒီ website ထဲမှာ အခြားမြန်မာပြည်နဲ့ပတ်သက်တဲ့ ရှေးဟောင်းမြေပုံတွေလဲ ရှိပါတယ်။ ထိုစဉ်က ကရင်နီနယ်လို့ ခေါ်တဲ့ ကယားပြည်နယ်ကို အငြင်းပွားဖွယ်ဒေသလို့ သတ်မှတ်ပြီး ဗမာမင်းရော အင်္ဂလိပ်တွေပါ သီးခြားထားခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က ကယားပြည်နယ်နဲ့ ကပ်ပြီးရှိတဲ့ ယခု မဲဟောင်ဆောင်လို့ ခေါ်တဲ့ဒေသကိုတော့ မြေပုံထဲမှာ အင်္ဂလိပ် လွှမ်းမိုးထားတဲ့ ဒေသအဖြစ်ဖော်ပြထားပါတယ်။ အခြေအနေပေးရင် ထိုင်းကိုပါသိမ်းမဲ့ သဘောထင်ပါတယ်။ ထိုင်းဘက်ခြမ်း မဲဟောင်ဆောင်နယ်မှာ အင်္ဂလိပ်က နှစ်ပေါင်းများစွာ သစ်ထုတ်သွားခဲ့တယ်။ မြန်မာသစ်ကုန်သည်တွေလဲ သစ်ထုတ်လုပ်ရေးလုပ်သွားခဲ့ ပါတယ်။ (ဦးနာအောက်က အဲဒီနယ်မှ သစ်လုပ်ငန်းလုပ်ကိုင်ရင်းချမ်းသာသွားတာ လို့ မှတ်သားဘူးပါတယ်) မြေပုံထဲကရထားလမ်းတွေက အဲဒီအချိန်ကရှိပုံမပေါ်ပါဘူး။ မြေပုံ အခြေအနေက ၁၈၅၃ ခန့်ကဖြစ်ပေမယ့်။ ရေးဆွဲတာက နောက်ကျတယ်ထင်ပါတယ်။Friday, November 19, 2010
ပုဂံမင်းလက်ထပ် အထက်မြန်မာပြည် နှင့် အောက်မြန်မာပြည် မြေပုံ
ပုဂံမင်းလက်ထပ် (၁၈၄၆-၁၈၅၃) အင်္ဂလိမ် မြန်မာ ဒုတိယစစ်ပွဲအပြီး မြန်မာပြည်မြေပုံပါ။ ဗမာ နှင့် ကပ်လျက်ရှိသောနိုင်ငံများ (Burma, adjacent countries) ခေါင်းစဉ်နဲ့ ၁ လက်မကို ၂၄မိုင် စကေးရှိတဲ့မြေပုံပါ။ ထုတ်ဝေတဲ့ ခုနှစ်က ၁၉၀၁ ကပါ။.link ကတော့ http://www.davidrumsey.com/ ပါ။ အဲဒီ website ထဲမှာ အခြားမြန်မာပြည်နဲ့ပတ်သက်တဲ့ ရှေးဟောင်းမြေပုံတွေလဲ ရှိပါတယ်။ ထိုစဉ်က ကရင်နီနယ်လို့ ခေါ်တဲ့ ကယားပြည်နယ်ကို အငြင်းပွားဖွယ်ဒေသလို့ သတ်မှတ်ပြီး ဗမာမင်းရော အင်္ဂလိပ်တွေပါ သီးခြားထားခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က ကယားပြည်နယ်နဲ့ ကပ်ပြီးရှိတဲ့ ယခု မဲဟောင်ဆောင်လို့ ခေါ်တဲ့ဒေသကိုတော့ မြေပုံထဲမှာ အင်္ဂလိပ် လွှမ်းမိုးထားတဲ့ ဒေသအဖြစ်ဖော်ပြထားပါတယ်။ အခြေအနေပေးရင် ထိုင်းကိုပါသိမ်းမဲ့ သဘောထင်ပါတယ်။ ထိုင်းဘက်ခြမ်း မဲဟောင်ဆောင်နယ်မှာ အင်္ဂလိပ်က နှစ်ပေါင်းများစွာ သစ်ထုတ်သွားခဲ့တယ်။ မြန်မာသစ်ကုန်သည်တွေလဲ သစ်ထုတ်လုပ်ရေးလုပ်သွားခဲ့ ပါတယ်။ (ဦးနာအောက်က အဲဒီနယ်မှ သစ်လုပ်ငန်းလုပ်ကိုင်ရင်းချမ်းသာသွားတာ လို့ မှတ်သားဘူးပါတယ်) မြေပုံထဲကရထားလမ်းတွေက အဲဒီအချိန်ကရှိပုံမပေါ်ပါဘူး။ မြေပုံ အခြေအနေက ၁၈၅၃ ခန့်ကဖြစ်ပေမယ့်။ ရေးဆွဲတာက နောက်ကျတယ်ထင်ပါတယ်။
Labels:
သမိုင်း
Subscribe to:
Post Comments (Atom)
2 comments:
ဒီ ပိုစ်နဲ့တော့ တိုက်ရိုက် ဆိုင်တဲ့ စာအုပ်တော့ မဟုတ်ပါဘူး။ စောလဖော်၊ ကရင်နီနယ်၊ မဲဟောင်ဆောင်၊ ရှေးက တရုတ် ၊ ယိုးဒယားနဲ့ မြေပုံထုတ်တာတွေကို ရေးထားတဲ့ စာအုပ်ပါ၊ စာအုပ်က - ဆာဂျော့စကော့၏ မြန်မာပြည် အတွေ့အကြုံများ ၊ ဦးလှဒင် ပြန်ဆိုသည် ၊ Scott of The Shan State , Edited by G.E Mitton (Lady Scott) , The Couple စာအုပ်တိုက် ၊ ဒု ကြိမ် ၊ နိုဝင်ဘာ ၂၀၀၇ (ရွှေရိုး အမည်ခံ ဆာဂျိမ်းဂျော့စကော့ ရဲ့ ခန့်မှန်း ၁၈၇၉ - ၁၉၀၃ လောက်က ကယားပြည်နယ် ၊ ရှမ်းပြည်နယ် အတွေ့အကြုံတွေပါ ၊ ) ကျေးဇူးတင်ပါတယ်။
ကျေးဇူးပါ
Post a Comment