Friday, June 12, 2009

ဝန်ကြီးချုပ်ဦးနုရဲ့ ပြည်တော်သာစီမံကိန်း နှင့် copycat နအဖ ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ

ဦးနုလက်ထပ်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်အကူအညီနဲ့ ရေးဆွဲထားတဲ့နာမည်ကျော် ပြည်တော်သာစီမံကိန်းကို သိကြမှာပါ။ မိသားစုတစ်ခု တိုက်တစ်လုံးကားတစ်စီး ဆိုပြီးကြွေးကြော်ခဲ့ပါတယ်။ အဲဒီစီမံကိန်းဟာ ဆန်စပါးနဲ့စိုက်ပျိုးရေးပို့ကုန်ကို အခြေခံပြီး နိုင်ငံတော်ရဲ့ အခြေခံအဆောက်အဦး တစ်ခုလုံးကို မြှင့်တင်ကာ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့ ရေရှည်စီမံကိန်းတစ်ခုပါ။ ထိုစီမံကိန်းထဲမှာ ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း၊ မူးမြစ်ဝှမ်းစီမံကိန်း၊ ရဲရွာရေအားလျှပ်စစ်စီမံကိန်း၊ ရန်ကုန်မန္တလေး အမြန်လမ်းမစီမံကိန်း၊ပညာရေးနဲ့ ကျန်းမာရေး စီမံကိန်းများ နှင့်အခြားသော တိုင်းပြည်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေပါဝင်ပါတယ် ရန်ကင်း နဲ့ ဖဆပလက အိမ်ယာစီမံကိန်းတွေ မကွေးက ပြည်တော်သာတိုက်ခန်းတွေ၊ ရန်ကုန် လှိုင်ကောလိပ်စတာတွေဟာ စီမံကိန်းရဲ့ အစိတ်အပိုင်းတွေပါ။ ဒါပေမယ့် ဒီစီမံကိန်းတွေဟာ နိုင်ငံတကာမှာ ဆန်စပါးဈေး ကျလာတာနဲ့ ထင်သလောက်မဖြစ်ခဲ့ပါဘူး ပိုပြီးဆိုးသွားတာ ဦးနေ၀င်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီစီမံကိန်းတွေကိုဆက်လက် အကောင်အထည် မဖော်ခဲ့တော့တာဘဲ.. ကမ္ဘာ့ဆန်အတင်ပို့ဆုံးနိုင်ငံဘ၀ကနေတောင် လျောကျသွားတဲ့ အထိဖြစ်ခဲ့တယ်။ နောက်ပိုင်းမဆလခေတ်မှာ ပြည်တော်သာစီမံကိန်း တွေဟာ လှောင်ပြောင်ခံရတဲ့အဆင့် အထိရောက်ရှိ သွားပါတယ်။

နအဖလက်ထပ် ရောက်တဲ့အခါ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို သူတို့လက်ထက် မှာဖြစ်ရအောင် (မဆလခေတ်မှာ လုပ်ခဲ့တဲ့ မအောင်မြင်တဲ့ စီမံကိန်းတွေကိုဖုံးကွယ်ဖို့) အမှန်က မဆလစစ်တပ်ကအုပ်ချုပ်သူအခြင်းခြင်းသိက်ခါဆည်ဖို့ စဉ်းစားတဲ့အခါ ပြည်တော်သာစီမံကိန်းကို ပုံတူးကူးဖို့ ဖြစ်လာတာထင်ပါတယ်။ ဘယ်သကောင့်သားက အကြံပေး လိုက်တယ်မသိ ပြည်တော်သားစီမံကိန်းတစ်ခုလုံးကို ပုံတူးကူးချတော့တာဘဲ.. နအဖရဲ့ စီးပွားရေးဦးတည်ချက် လေးရပ် မှာ စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများ တိုးတက်စေရေးဆိုတာ ပြည်တော်သာ စီမံကိန်းရဲ့ Main Objective ပါ နအဖရဲ့ လက်ထွက်မဟုတ်ပါ.. အဲလိုဥာဏ်မရှိတဲ့ စစ်ဗိုလ်တွေအုပ်စိုးခံရတဲ့ ပညာတတ်တွေကို လူရာမသွင်းတဲ့ မဆလ၊ န၀တ၊ နအဖ စစ်အစိုးရအဆက်အဆက်မှာ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် ဘာမှခေါင်းထဲမှာမရှိတာ ထင်ရှားပါတယ် သူများတွေလုပ်ထားတာ ပုံတူးကူးဖို့ ခိုးယူဖို့ဘဲ တတ်ပါတယ်.. နောက်စစ်အစိုးရပိုင်မီဒီယာတွေမှာဖော်ပြနေတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ လမ်းညွှန်ချက် တို့ အမျှော်အမြင် ကြီးမှုတို့ဟာ ပါလီမန်ဒီမိုကရေစီခေတ် က စီမံကိန်းကြီးကို လိမ်လည်လှည့်ဖျားကာ သူတို့လုပ်သယောင် ထင်ယောင်ထင်မှား ပြောကြားချက်တွေပါ..

စစ်တပ်တွေလက်ထပ် တိုင်းပြည်ရဲ့ နိုင်ငံရေး လူမှုရေး စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ စေ့စပ်ညှိနှိုင်းမှုမရှိ ရေရှည်ကိုမမျှော်ကိုး ဒမြသာသာ လက်နက်အင်အားသုံးဖြေရှင်းဖို့သာ လုပ်ဆောင်တတ်ပါတယ် အသေးအမွှားပြဿနာ လောက်သာဖြစ်တဲ့ ကျူးကျော်ရပ်ကွက်တွေ ပြောင်းရွှေ့ ရေးမှာတောင် လူတွေကို ရန်သူသဖွယ် အိမ်တွေအတင်းဖျက် အတင်းကားပေါ်တင်ပြီး ကွင်းခေါင်ခေါင် တွေမှာ ပစ်ထားတဲ့နည်းနဲ့ ဖြေရှင်းပါတယ်။ အိမ်စောင့်စစ်အစိုးရ လက်ထပ် ရန်ကုန်မြို့တွင်းက ကျူးကျော်ရပ်ကွက် တွေကို သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥ က္ကလာ စတဲ့ လယ်ကွင်းထဲ အဖြစ်ဖောက်ထားတဲ့ လမ်းသာရှိတဲ့ နေရာမှာ မြောင်းမရှိ အရိမ်မရှိ သောက်သုံးရေမရှိ ပစ်ထားခဲ့ပါတယ်။ ထိုနည်းတူ န၀တ နအဖ လက်ထပ် မှာလည်း အုတ်ဖို၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် တောင် မြောက် စသည်တို့မှာ လူတွေကို ပစ်ထားပါတယ်။ ပါလီမန်ဒီမိုကရေစီလက်ထပ်မှာ ဖဆပလကျူးကျော်ရပ်ကွက်ကို အိမ်ယာစီမံကိန်း တစ်ခု အဖြစ် တည်ဖောက်ပြီး ရပ်ကွက်တွင်းနေထိုင်သူတွေကို တဲပေါ်ကနေ တိုက်ပေါ်ကို စနစ်တကျတင်ပေးခဲ့ပါတယ်။ ၄င်း ဖဆပလ ရပ်ကွက်မှာ ၁၉၆၂ ခုနှစ် အာဏာသိမ်းတဲ့အချိန်အထိ အပြီးမသတ်သေးဘဲ မဆလခေတ် ရောက်တဲ့အခါ ၁၉၇၄ အခြေခံဥပဒေကို တရပ်ကွက်လုံးထောက်ခံမှာသာ စီမံကိန်းကို ဆက်လက် ဆောင်ရွက်မှာဖြစ်ပြီး မထောက်ခံပါက ကျန်ရှိတဲ့ ကျူးကျော်တွေကို ပြောင်းရွှေ့မယ် ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်.. ထိုအချိန်က မဆလအခြေခံဥပဒေကို ထောက်ခံသော်ငြားလည်း ၁၉၈၈ ခုနှစ် အရေးအခင်းမှာ မဆလစစ်တပ် ကိုပြန်လည်တိုက်ခိုက်သည်အထိ လုပ်ဆောင်ခဲ့၍ မြောက်ဥ က္ကလာပ အနီး ဝေဘာဂီအရပ်သို့ အတင်းအကျပ်ပို့ဆောင်ခဲ့သလို နောက်ပိုင်း ထို အပြောင်းအရွှေ့ခံများ၏ နေရာကို မြ၀တီ တိုက်ခန်းဟုအမည်တပ်ကာ စစ်တပ်ကသူတွေကိုပေးခဲ့ပါတယ်။ တခြားအမျိုးသားပြန်လည် သင့်မြတ်ရေးတို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဆိုတာတွေအသာထား ပါလီမန်ခေတ် နဲ့ စစ်တပ်ကသူတွေ အုပ်စိုးတဲ့ အိမ်စောင့်အစိုးရ၊ မဆလ၊ နအဖ နှင့် န၀တ လက်ထပ် ကျူးကျော်ရပ်ကွက်ဖယ်ရှားတဲ့ အသေးအမွှားကိစ္စကို ကိုင်တွယ်ပုံခြင်း ဆီနဲ့ရေလို ကွဲပြားတာမြင်ရမှာပါ။

၁၉၉၃ ခုနှစ်လောက်က ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ် တက်နေသည့် မိတ်ဆွေအမကြီးတစ်ဦးကို ရုံးပိတ်ရက် 0utpass ရသည်ကို သွားကြိုပါရန် သူ့မိသားစုက အကူအညီတောင်းသဖြင့် သူငယ်ချင်းတစ်ဦး ကားဖြင့် ဖောင်ကြီးသို့သွားရာ လမ်းမှားပြီး မြေလမ်းတစ်ခုပေါ်ရောက်သွားခဲ့သည် ထိုလမ်းသည် အလွန်ငြိမ်သက်ကာ မောင်းနေသော သူငယ်ချင်းက မြေလမ်းဖြစ်ပြီး မောင်းလို့ကောင်းလှချည်း ဟုအသံထွက်ရွတ်ရသည်အထိ ပါဘလေကာ ၈၂ မော်ဒယ်ကားလေးသည် ငြိမ်ပြီး မောင်းလို့ကောင်းမှန်းမသိ ကောင်းနေသည်။ တော်တော် လှမ်းလှမ်းရောက်မှ ကျွန်တော်မှတ်မိသလောက် ၁၅ မိုင် ၂၀ မိုင်လောက် ရောက်မှ လယ်တဲတစ်ခုအတွင်း လယ်သမားများကို ဖောင်ကြီးကို ဒီလမ်းအတိုင်းသွားရင်ရောက်သလားဟု ကားရပ်ပြီး မေးကြည့်သောအခါ ရောက်တော့ရောက်တယ် ဒါပေမယ့် ဖောင်ကြီးလမ်းတော့မဟုတ်ဘူးလို့ ပြောပါသည်။ ထိုအခါ သူငယ်ချင်းက လယ်သမားကြီးကို ဒီလမ်းကဘာလမ်းလဲဦးလေး လမ်းက မြေလမ်းဖြစ်ပြီး အရမ်းငြိမ်ကာ ကားမောင်းလို့ အရမ်းကောင်းသည်လို့ ပြောတော့.. လယ်သမားကြီးက ပြည်တော်သာစီမံကိန်း လက်ထက် အပြီးမသတ်ခဲ့သည့် ရန်ကုန်မန္တလေးအမြန်လမ်းမကြီး၏ အစပိုင်းဖြစ်ကြောင်း လမ်းဖောက်စဉ်က လမ်းမြေသားအနက်ကို ၁၀ ပေကျော်ခန့်တူးကာ ကျောက်ချ မြေဖို့ပြီး တည်ဆောက်ခဲ့၍ ကတ္တရာလမ်းအဆင့်မရောက်မီပင် အလွန်ကောင်းကြောင်း ရှင်းပြခဲ့ပါသည်။

ထို့နောက် ထိုလမ်းမကြီးအကြောင်းသိရသည်မှာ ထိုလမ်းဖောက်သည့် အကူအညီမှာ world Bank မှဖြစ်ပြီး၊ လမ်း စဖောက်သည်တွင် တရုတ်နိုင်ငံမှ အမေရိကန်စစ်လေယာဉ်များဆင်းသက် နိုင်သည်ဟု အကြောင်း ပြခဲ့ကြောင်း ထို့ကြောင့် ဦးနေ၀င်းလက်ထပ် လမ်းစီမံကိန်းကို ရပ်နားခဲ့ပြီး၊ တရုတ်အစိုးရမှ ရန်ကုန် မန္တလေး လမ်းဟောင်းကို လေယာဉ်ဆင်းသက်၍ မရအောင် ရေလည်ကျွန်းများခံကာ အဆင့်မြှင့်ပေးမည်ဟု ကမ်းလှမ်းခဲ့ပါသည်။ တကယ်လည်း အကောင်အထည် ထိထိရောက်ရောက် မပေါ်ပါ။ ခု နအဖ လက်ထပ် ရန်ကုန် နေပြည်တော်အမြန်လမ်းမကြီး ဟုခေါ်တွင်ကာ သူတို့အကြီးအကဲကဘဲ လမ်းညွှန်သယောင်နဲ့ ပြည်တော်သာစီမံကိန်း၏ လမ်းစီမံကိန်းတစ်ခုကို ပုံတူးကူးချကာ ညာဖြီးခဲ့သည်။ ထိုလမ်းအူကြောင်း အတိုင်းယူကာ ဆောက်လုပ်ခဲ့ကာ အရှက်မရှိ ဖွင့်လှစ်ခဲ့သည်။

၎င်းလမ်းမကြီးတည်ဆောက်ခြင်း၊ အခြားသော မူးမြစ်ဝှမ်း။ ပေါင်းလောင်းစီမံကိန်းများ ဆောင်ရွက်ခြင်းများသည် အလွန်ကောင်းပါသည် မကောင်းတာက ပါလီမန်ဒီမိုကရေစီ ခေတ်ကရှိခဲ့သည့် စီမံကိန်းများကို နအဖဗိုလ်ချုပ်များ လမ်းညွှန်ခဲ့သယောင် လိမ်လည်လှည့်ဖျား ခြင်းပင်ဖြစ်သည်။ ထို့ထက်ဆိုးသည်မှာ ပါလီမန်ဒီမိုကရေစီခေတ် တိုင်းပြည်ဖွံ့ဖြိုးရေး ဆောင်ရွက်ပုံနှင့် စစ်တပ်ကသူများ တိုင်းပြည်အုပ်ချုပ်စဉ် ဆောင်ရွက်ပုံအဆင့်ဆင့်သည် ပြည်သူများအတွက် မဟုတ်ဘဲ စစ်တပ်နန်းဆက် တည်ဆောက်ရေးအတွက်သာ ဖြစ်နေသည်မှာသာ အလွန်ယုတ်ညံ့လွန်းသည်။ ကိုယ်ပိုင်ဥာဏ်မရှိ တဲ့အထဲ သူများဆီက ခိုးကာ အကြီးအကဲများ ၏လမ်းညွှန်ချက်ဟု ညာဖြီးနေသည်မှာ ရှက်စရာပင်ဖြစ်သည်။

နအဖဗိုလ်ချုပ်တွေအတွက် မြေအောက်သင်ချိုင်းများ

BBC ညပိုင်းအစီအစဉ်မှာBertil Lintnerရဲ့ Tunnels, Guns and Kimchi: North Korea’s Quest for Dollars – Part I, North Korea digs tunnels for Burma’s brutal, secretive regime ဆိုတဲ့ Yale online Magazine မှာတင်ထားတဲ့ဆောင်းပါးအကြောင်းကို Bertil Lintner နဲ့ အင်တာဗျူးကို ထုတ်လွှင့် သွားပါတယ် အောက်က ပုံတွေက အဲဒီမဂ္ဂဇင်းမှာ တွေ့တဲ့ နအဖ ဗိုလ်ချုပ်တွေအတွက် မြေအောက်သင်ချိုင်းပါ..
တိုင်းပြည်က၀င်ငွေတွေကို အကျိုးရှိရှိအသုံးမချဘဲ ကြောက်လန့်တကြားမြေအောက်အောင်းခြင်တဲ့ စစ်အာဏာရူးတွေပါ ..

























online Magazine link http://yaleglobal.yale.edu/display.article?id=12442



Wednesday, June 10, 2009

ရခိုင်ရိုးမ

တောင်ယာမီးလောင်နံ့
ဖျစ်ဖျစ်ထ ညိုမှိုင်းနေတဲ့လေ
ဝါထိန်တောက်မျက်လုံးများနဲ့
လယ်ယာမဲ့များ
မီးသွေးဖြစ်သွားတဲ့ မျောက်ချော
ဝံကုတ်ခံရတဲ့ မုဆိုး
ကျွန်းရှာသူ လောဘသား
ရယ်မောနေတဲ့ စစ်သားများ။


ဓါတ်ပုံသည်ဘလော့မူပိုင်ဖြစ်သည်။

Friday, January 9, 2009

များလိုက်တဲ့ ဗိုလ်ချုပ်တွေ

အမှန်တော့ မြန်မာအစိုးရထုတ်သတင်းစာကိုမဖတ်ဖြစ်ပေ။ အကျိုးမရှိ အချိန်ကုန်လို့ဖြစ်သည်။ သွားပြီးရောင်နန နဲ့ သွားဖတ်ဖြစ်တော့ အရေးမပါတွေ့တော့ တာဘဲ များပြားလှတဲ့ ဗိုလ်ချုပ်တွေ.. ဘာတွေကြောင့် ဒါလောက်များတဲ့ ဗိုလ်ချုပ်တွေခန့်ထားပါလိမ့် ဘယ်နေရာ မှာ ဘာတွေ သုံးသလဲတော့မသိဘူး ဒုချုပ်မောင်အေး သင်တန်းဆင်းပွဲတစ်ခုမှာ တက်တဲ့ ဗိုလ်ချုပ်စာရင်း တတန်းကြီးထိုင်နေကြတာ မြင်ရတော့ ဟားဟား ရယ်တော့ရယ်ရသား အောက်က သတင်းစာပါပုံနဲ့ စာရင်းကိုသာ ကြည့်ကြပါတော့







Wednesday, January 7, 2009

သူမရဲ့အချစ်

ခင်ဗျားတို့အတွက်ဂုဏ်ယူပါတယ်ဗျာ.......






BBC Burmese Web side ကကူးယူဖော်ပြသည်။

Thursday, January 1, 2009

၂၀၀၉ အတွက် အမိမြေမှသားကောင်းများ

ခင်မတို့အိမ်မှာ ညကအိပ်ဖြစ်တယ် မနက်နိုးတော့ ခင်မ အမျိုးသား သန်းဇော်ဝင်း မနက်ဈေကားက ကုန်ချဖို့သွားပြီ.. ကလေးနှစ်ယောက်ကတော့ ဖာတရာခြင်ထောင်ထဲမှာ ကွေးကောင်းတုံး မျက်နှာသစ်ပြီး ထမင်းကြမ်း ကို နနွင်းမှုန့်နဲ့ ရောကြော် ထားတဲ့ ခင်မလက်ရာထမင်းကြော်ကို ရေနွေးပူပူနဲ့ မျောနေမိတယ်... ကိုသန်းဇော် ပြန်လာတဲ့အထိစောင့်ပါအုံး သူတော်ကြာ ပြန်လာတော့မှာပါ ဟု ခင်မကပြောသည်။ ကျွန်တော်ခေါင်းကို လေးညှင်းစွာ ခါလိုက်သည်။ မစောင့်တော့ဘူး အစ်ကို ချိန်းထားတာ မီအောင်သွားရမယ်....

ကျွန်တော် လွယ်အိတ်ဆွဲပြီးထွက်လာခဲ့သည်။ လမ်းတလျှောက် ခင်မတို့ ကျွန်တော်တို့ငယ်ဘ၀တွေ တရိပ်ရိပ်ပြေးနေသည်..
ခင်မတို့ ကျွန်တော်တို့ အိမ်ဘေးက သုံးပင်ခန်းလေးကို ပြောင်းလာတော့ ခင်မအဖေခြေတဖက်မပါပါ.. နောက်အဖေသွားမိတ်ဆက်မှ တပ်မတော်မှ ဗိုလ်ကြီးဟောင်းဖြစ်ပြီး တိုက်ပွဲတွင် နိုင်ငံအတွက် ခြေတစ်ဖက်ပေးလှူ ခဲ့ရကြောင်းသိခဲ့ရပါသည်။ ထိုအချိန်က ကျွန်တော်တို့ ညီအကိုသည် စစ်ရူးရူးနေပါသည်။ အဖေကတော်လှန်ရေးနေ့ဆို ဦးဝိစာရလမ်းလိုက်ပို့သလို ကျွန်တော်တို့ ညီအစ်ကို သုံးယောက်ကို တလှည့်စီဂုန်းပိုးကာ စစ်ချီလာသော စစ်သားများကို ပြခဲ့ပါသည်။ ကစားရင်တောင်စစ်တိုက်တမ်းမှ ကစားသည့် ကျွန်တော်တို့ ညီအစ်ကိုတွေသည် အမိမြေမှသားကောင်းများ ရုပ်ရှင်ကို မြန်မာ့အသံတွင်ပြသောအခါ ရုပ်မြင်သံကြားစက်မရှိသော ကျွန်တော်တို့ညီအစ်ကိုတွေ လမ်းထိပ် မျက်နှာစူစူ တရုပ်မကြီးအိမ်တွင် ခွေးကတက်မှ အသည်းအမဲ ကြည့်ခဲ့ကြသည်။ ထိုစဉ်က ၈း၀၀ နာရီ သတင်းရှည်ကြီးတွေ မရှိခဲ့တာတောင် ရုပ်ရှင်ချိန်ရောက်ရင် အိပ်တတ်သော အငယ်ကောင်တောင် ပြူးပြဲပြီး ကြည့်သည်။ နောက်နေ့ရောက် ဒိုင်းညှောင့် ဒိုင်းညှောင့်နှင့် ညီအစ်ကိုတသိုက် ဆူညံပွက်ထတော့သည်။ ခင်မတို့ အဖေက ကျွန်တော်တို့ စစ်တိုက်တမ်းကစားရင် ပြုံးပြုံးကြီးကြည့်နေသလို ကျွန်တော်တို့တွေကလည်း ခြေပြတ်ကြီးကို ဂုဏ်ယူစွာကိုင်ကြည့်ချင်ကြပါသည်။

ကျွန်တော်တို့ အရွယ်ရောက်လာတော့ ခင်မတို့ အဖေက သူပါဝင်တိုက်ခိုက်သော စစ်ပွဲတွေ အကြောင်း သူတိုင်းပြည်ရန်ကာကွယ် ဖို့ ရဲဘော်ဘ၀ကနေ စတင်စစ်ထဲဝင်ခဲ့ကြောင်း၊ သူရခဲ့သောဆုတံဆိပ်တွေထုတ်ပြ သူအရာရှိသင်တန်းတက် ဗိုလ်ဖြစ်ခဲ့ပုံအထိ မရိုးအောင် ပြောပြခဲ့ပါသည်။ သူ့ဘ၀မှာ ရဲဘော်တက်လို့ အမိန့်မပေးဘဲ ရဲဘော်တို့ ငါ့နောက်လိုက်ခဲ့လို့သာ အမိန့်ပေးခဲကြောင်း ပြောသောအခါတိုင်း ကျွန်တော်တို့ရင်ထဲ လှိုင်းထမိပါသည်။

ထိုစဉ်အခါက စစ်တပ်ကပင်စင်စားဗိုလ်ကြီး တိုက်ပွဲတွင်မိုင်းထိခြေပြတ်ခဲ့သော စစ်သားကြီးတို့ အိမ်စီးပွားရေးမှာ သာမန်သာဖြစ်ခဲ့သည် ကိုပြန်တွေးမိသည်။ ၁၉၈၈ ခုနှစ် ကျွန်တော်တို့လူပျိုမပေါက်တပေါက် အချိန်တွင် တပါတီ စနစ်ဆိုးကို လူထု ကတော်လှန်သောအခါ စစ်တပ်က လူထုကိုရက်စက်စွာပစ်ခက်နှိမ်နှင်းသောအခါ လူထုထဲရောက် လူထုနဲ့ တသားထဲ ဖြစ်နေသော သူရဲကောင်းမှတ်တမ်းဝင် စစ်သားကြီးတောက်တခေါက်ခေါက်နှင့် ဖြစ်နေပါသည်။ ထို့အတူ စစ်တပ်ထဲဝင်ခြင်သော ကွန်တော်အစ်ကိုသည် တောခိုပြီး စစ်တပ်ကို ပြန်ချဖို့ကြိုးစားသလို.. ဘာမသိညာမသိ အငယ်ကောင်သည်လည်း စစ်တပ်ဆို ရေတောင်စစ်မသောက် ဖူးဆိုတဲ့အထိဖြစ်လာပါသည်

ကျွန်တော်တို့ အဖေကတော့ တော်လှန်ရေးနေ့ရောက်ရင် သွားကြည့်ဖို့မပြောနှင့် ရပ်ကွက်ကောင်စီက မလွင့်ရင် ကိုယ့်တာဝန်ကို ယူရမည်ဆိုသော အမိန့်နှင့်လွှင့်ခိုင်းသည့် ပြည်ထောင်စုမြန်မာနိုင်ငံ အလံတောင် မသိချင်ယောင်ဆောင်ကာ မထောင်ခဲ့ပေ။ ခြေပြတ် သူရဲကောင်းမှတ်တမ်းဝင်ကြီးသည်လည်း စစ်တပ်တက်ခါစ စစ်မှုထမ်းဟောင်းတွေ ယာယီ ရပ်ကွက်အုပ်ချုပ်ရေးတွင် ထမ်းဆောင်ဖို့ မ၀တ ဥက္ကဌ ဗိုလ်ကြီးကလာပြောတာတောင် ကျန်းမာရေးအကြောင်းပြခေါင်းခါခဲ့သည်။

တပ်မတော်နေ့နီးတိုင်း လာလေ့ရှိသည့် ဒါရိုက်တာစိန်ဖေတင် ရိုက်ခဲ့သည့် အမိမြေမှသားကောင်းများသည် ကျွန်တော်တို့ကို မဆွဲဆောင်နိုင်ခဲ့တော့သလို သူရဲကောင်းမှတ်တမ်းဝင် ခြေတဖက်ပြတ် အမိမြေကိုကာကွယ်ဖို့ စစ်ထဲဝင်ခဲ့သည့် ခင်မတို့အဖေ ဗိုလ်ကြီးလည်း ကွယ်လွန်ခဲ့ပါပြီ....... ခုတော့လည်း အမိမြေမှသားကောင်းများ ရုပ်ရှင်သည်လည်း ဆက်ရာဖာရာအပြည့်နှင့် အဖြူအမဲက မထင်ရှားတော့ အရုပ်တွေက မပီပြင်ဝေး၀ါးနေတော့မည်..........

၂၀၀၉ တွင် အမိမြေမှသားကောင်းများသည် မှုန်တိမှုန်ဝါးသာရှိတော့မည် ဖြစ်ကြောင်း.................

ခံစားမိသမျှ
မင်္ဂလာနှစ်သစ်ပါ
မျိုးဝင်းဇော်

Thursday, December 25, 2008

ရယ်မောခြင်း

ဟားဟားဟား
ဟားဟားဟား ဟားဟားဟား
ဟားဟားဟား

ရယ်ဖို့ဘဲကောင်းတယ်

Tuesday, September 23, 2008

ဆရာကြီးဦးဝင်းတင် လွတ်ပြီ





ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ ဆရာကြီးနှင့်အတူ မတရားထောင်ချခံထားရသော နိုင်ငံရေးအကျဉ်းသား တချို့လွတ်မြောက်လာခဲ့သည်ဟု ကြားသိရသည်။


ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး မြန်မာနိုင်ငံ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေ နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရေး၊ ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် NLD တိုင်းရင်းသားများ နှင့် စစ်တပ် တို့၏ အပြုသဘောဆောင်သည့် ဆွေးနွေးပွဲများပေါ်ထွန်း လာရေးတို့အတွက်လည်း မျော်လင့်နေမိပါကြောင်း.......

Monday, September 22, 2008

ပထမ

အစ်ကိုကြီး ကိုအောင်သာငယ် တက်၍တက်လိုက်သည်။ ဘက်စကားပေါ်

ပထမဆုံးတက်ရသည့်ကျောင်း - အ.မ.က.(5) ဒဂုံ (Bishop home)
ပထမဆုံးတက်ရသည့်အတန်း - သူငယ်တန်း (က)
ပထမဆုံးအတန်းပိုင်ဆရာမ - ဆရာမ ဒေါ်နော်အယ်ဒါဖိုးကွန်း
ပထမဆုံးသော သူငယ်ချင်း (ယောက်ကျားလေး) - တွေ့ကရာပေါင်းတော့ မမှတ်မိ
ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - ဂျိုလီဝင်း (ဟိန္ဒူကုလားမလေး)
ပထမဆုံးသော ဖတ်ရသောစာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - မီးလောင်မြေ
ပထမဆုံးသော ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - မြန်မာ့သမိုင်းဖတ်စာ
ပထမဆုံးသော ရဖူးသည့်ဆု - ၆ တန်းတုံးက အတန်းထဲတွင် တတိယရသည်။ အဖေက Eng to Eng Dictionary စာအုပ်လေးဆုပေးသည်။ အဲဒီနောက် ပထမ၊ ဒုတိယ၊ တတိယ မပြောနှင့် အဆင့် ၂၀ တွင်းတောင် ဘွဲ့ရသည်အထိ မ၀င်တော့..
ပထမဆုံးသောစီးရသည့်ကား - မ.ထ.သ. (၃၆) ချက်ပလက်ကား။ အကြွေသုံးဆယ့်ငါးပြားပေးရသည်ကို မှတ်မိသေးသည်။
ပထမဆုံးဆိုခဲ့သောသီချင်း - ဒီတောင်ကိုမောင်ဖြိုမယ် မြင့်မိုရ်မို့လား (စိုင်းထီးဆိုင်) အဲဒီတစ်ကြောင်းထဲ ရသည်။ ၆ တန်းတုန်းက အတန်းထဲက သူငယ်ချင်း ကုလားမလေး ဂျိုလီဝင်း (အလွန်တောင့်တင်းသူ) ကို နောက်ပြောင်ဆိုခဲ့စဉ်..
ပထမဆုံးရေးခဲ့ဘူးသောရည်းစားစာ - မရေးဘူးပါ။ ပထမဆုံးပြောသောရည်စားစကား မှာ
(ကျွန်ုပ်) နာမည်ဘယ်လိုခေါ်သလဲ (ကြောက်ကြောက်နှင့်)
(သူမ) မသိဘူး (တစ္ဆေတွေ့သလိုအော်လိုက်သည်)
(ကျွန်ုပ်) ဘယ်သွားမလို့လဲ (လန့်လာပြီ)
(သူမ) ဘယ်သွားသွား (နုတ်ခမ်းဆူပြီး)
(ကျွန်ုပ်) ဘယ်သွားမလို့လဲ (မေးပြီးသားပြန်မေးလိုက်သည်)
(သူမ) ဘယ်သွားသွားပါဆို ဘာလုပ်မလို့လဲ (ရပ်ပြီးခါးထောက်ကာ)
(ကျွန်ုပ်) ငါကအအအအအအ…ကောင်း…ပြောမလို့ပါ (နောက်ဆုပ်ပြီး..စကားလည်းမပီတော့)
ဝုန်း….
ခိခိ
ဝုန်းဆိုသည့် အသံမှာကြောက်ကြောက်နှင့်နောက်ဆုပ်စဉ် ရေမြောင်းထဲကျသွားသံဖြစ်ပြီး
ခိခိမှာ နောက်ပိုင်းတွင် အလွန်တရာချစ်မြတ်နိုးပါသည်ဟုဆိုသော သူမ၏လှောင်ရယ်သံဖြစ်သည်။
ပထမဆုံးကဗျာ- မဲမှုတ် တဲကုတ် ၀ဲကုတ် ပဲပြုတ် ဆိုသည့် နဘေထပ်လေး
ပထမဆုံးရောက်ခဲ့သောအခြားမြို့- ပုဂံ (ကျနော်က ရန်ကုန်သား)
ပထမဆုံးရောက်ခဲ့သောနိုင်ငံခြား - ထိုင်းနိုင်ငံ
ပထမဆုံးသောက်ဖူးသောဆေးလိပ်- ရွှေပြည်စိုး
ပထမဆုံးသောက်ဖူးသောအရက် - မန္တလေးရမ်၊ စခန်းသာမီးရထားဟိုတယ်၊ ရန်ကုန် ဘူတာကြီး၊ တပတ် ၃ကျပ်ပြားခြောက်ဆယ် ၄ ပတ်ထက်ပိုမရောင်း၊ ၄ ပတ်ထက်ပိုလိုခြင်ရင် ဈေးကြီးသော အမြည်းတပွဲမှာယူရသည်။ (မဆလခေတ်)
ပထမဆုံးပစ်ဖူးသောသေနတ် - ပလက်စတစ်လုံးလေးထည့်ပစ်ရသောသေနတ် ဘုရားပွဲတွင်ပစ်ဘူးသည်
ပထမဆုံး ဘလော့ပိုစ့်- စစ်ခွေးတွေကိုသတ်ချင်တယ်