ရွှေဝါရောင်တော်လှန်ရေးသည် သံဃာကျောင်းသားပြည်သူလူကြီးအတွက် အကျိုးများစွာ ရလိုက်သော တော်လှန်ရေးတစ်ရပ်ဖြစ်ပါသည်။ အဘယ်ကြောင့်အကျိုးများစွာရပါသနည်း။ ထိုတော်လှန်ရေးသည် ကျဆုံးသွားပါသလား.. ၁၉နှစ်ကြာအဖိနှိပ်အောက်တွင် နအဖ၏ လုပ်ချင်တာလုပ် ပြောချင်တာပြော မှုကို ခံခဲ့ရသော ပြည်သူလူထုကြီးသည် ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ၊ ၈၈ မျိုးဆက်ကျောင်းသား တို့၏ စွမ်းဆောင်မှုနှင့် ပြည်သူအပေါ် လည်းကောင်းတို့ထားသည့်စေတနာအပေါ် ထောက်ခံကြောင်းပြလိုက်သည့် ရင်ထဲကဆန္ဒအမှန်ပင် ဖြစ်ပေသည်။ နအဖကိုယ်တိုင် ကြောက်ရွံ့သွားသည်မှာ သွေးထွက်သံယိုဖြစ်အောင်ပင် နှိမ်နှင်းလိုက်ခြင်းသည် သက်သေပင်ဖြစ်သည်။ ကိုးကွယ်ယုံကြည်မှုအပေါ်တွင်ပင် မိုက်ရိုင်းစွာတုံ့ပြန်မှုသည် နအဖ၏ ကြောက်ရွံ့ထိန့်လန့်မှုသည် အဘယ်မျှရှိသည်ကို ပေါ်လွင်စေသည်။ နအဖအပေါ် အကြောက်တရား လွှမ်မိုးမှုသည် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံပါမည် ပြောကြားမှုသည် သက်သေဖြစ်သည်။ နိုင်ငံတကာဖိအားကြောင့်ဟု တချို့ကပြောကြသည်။ ထို နိုင်ငံတကာဖိအားသည် တစိတ်တပိုင်းပါဝင်မည်ဖြစ်သော်လည်း သံဃာ ကျောင်းသား ပြည်သူလူထု ဖိအားသည်သာ နအဖ ၏ အကြောက်တရားသာဖြစ်သည်ဟု ကောက်ချက်ဆွဲ လျှင်ရပေမည်။ ပြည်သူလူထုသည် ငြိမ်နေလျှင်လည်း အဖိခံရမည်သာဖြစ်သည်။ လှုပ်ရင်ကော လှုပ်ရင်လည်း ရက်ရက်စက်စက် နှိမ်နှင်းခံရမည်သာဖြစ်သည်။ သို့သော် ငြိမ်သက်နေတာနဲ့ စာလျှင် လှုပ်နေခြင်းက အကျိုးအမြတ်များစွာရသည်ကို ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး က သက်သေပြလိုက်ပြီဖြစ်သည်။ NLD ပါတီဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ဆင်နွဲခဲ့သော သံဃာများ၊ ပြည်သူလူထုများကို ဖမ်းဆီးသည်နှင့် နအဖ အပေါ်တော်လှန်ရေးဆင်နွဲမှုသည် ရပ်တန့်သွားမည်ဟု နအဖထင်ပါသလား။ နအဖသည် ပြည်သူကိုအထင်သေးပါက မှားသွားဖြစ်ကြောင်းပြောကြားလိုသည်။ အဘယ်ကြောင့်နည်း ပြည်သူလူထု သည် လည်းကောင်းတို့၏ အထွေထွေအကျပ်အတည်းမျိုးစုံသည် နအဖ၏ လွဲမှားစွာအုပ်ချုပ်မှုကြောင့် ဖြစ်လာရသည်ကို ထင်ထင်ရှားရှား တွေ့မြင်လာပြီဖြစ်သောကြောင့် ဖြစ်ပေသည်။ ကျောင်းသားလူငယ်များသည် လည်းတို့၏အနာဂတ်သည် စစ်တပ်အုပ်ချုပ်မှု အောက်တွင် မှုန်ဝါးနေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်လာကြပြီဖြစ်ပေသည်။ လူငယ်များ၏ အနာဂတ်သည် တိုင်းပြည်ကို ကိုယ်ဖြစ်စေချင်သော ကိုယ်ဖန်တီးခြင်သော တိုင်းပြည်ကို တိုးတက်အောင်လုပ်ခြင်သော စိတ်ဆန္ဒများသည် နအဖစစ်တပ်က ပိတ်ဆို့လျက်ရှိကြောင်း တွေ့မြင်လာကြပြီဖြစ်ပေသည်။ ထိုနည်းတူ ဗုဒ္ဓသာသနာတော်၏ အနာဂတ်သည်လည်း နအဖ စစ်တပ်၏ လုပ်ရပ်များကြောင့် မှေးမှိန်လာနေပြီဖြစ်ကြောင်း သံဃာပျိုများ သိမြင်လာကြပြီဖြစ်ပေသည်။ အို… နအဖ စစ်အစိုးရ သင့်ကျဆုံးခန်းသည် နီးလာချေပြီ။ သင်၏ ဖိနှိပ်မှု လူမဆန်လာလေ.. သင်၏ဖိနှိပ်မှုပြင်းထန်လာလေ.. သင်သည် အနောက်ရပ် နေ၀င်ချိန် တွင် ကွပ်မြက်ခံရတော့ပေမည်…
Monday, October 22, 2007
ရွှေဝါရောင်တော်လှန်ရေး နအဖအတွက် နေ၀င်ချိန် တို့အတွက်အမြတ်
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
2 comments:
ကျနော်တို့ www.mmedwatch.blogspot.com မှာ ဒီပို့စ်ကို ကူးယူတင်ပြလိုက်ပါတယ်။
ဒီဘလော့ဂ်လိပ်စာကိုလည်း ညွန်းထားပါတယ်။
Cheer !
MMEDWatch
ကောလဟာလတွေရေးပြီး တိုင်းပြည်ကို ဆူအောင်လုပ်နေတဲ့ ကောင်က ငါတို့ နိုင်တော့မယ်ဆိုပဲ၊ မင်းလိုပါပဲ ငါသိတဲ့ အန်အယ်ဒီက ဘကြီးတစ်ယောက်လဲ ငါတို့ နိုင်တော့မယ် ဆိုပြီး ပြောလာတာ နှစ် ၂၀ လောက်ရှိပြီ၊၊ အခုတော့ အဲဒီ ဘကြီး ခမျာ သေသာသွားပါလေရော၊ တပ်မတော် အစိုးရ က ပြုတ်ကျ မသွားသေးဘူး၊ ဟဲဟဲ မင်းလဲ အဲဒီ ဘကြီး လို ဖြစ်နေအုန်းမယ်နော်
Post a Comment