Friday, November 19, 2010
ပုဂံမင်းလက်ထပ် အထက်မြန်မာပြည် နှင့် အောက်မြန်မာပြည် မြေပုံ

အိမ်ရှေ့မင်းဓား
အင်တာနက်ထဲမှာ လိုခြင်တဲ့ ပုံတပုံလိုက်ရှာရင်းနဲ့ မထင်မှတ်ဘဲတွေ့လိုက်ရလို့ ပြန်လည်မျှဝေတာပါ။ Sword Forum International ဆိုတဲ့ Forum တစ်ခု မှာ သူ့အဖေ မြန်မာပြည်ကယူလာတဲ့ ဓားပျောက်သွားလို့ တင်ထားတဲ့အကြောင်းပါ။ သူက အဲဒီဓားကိုနှစ်သက်ပုံရပါတယ်။ ဓားရိုးက ငွေရယ် ဆင်စွယ်ရယ်နဲ့လုပ်ထားတယ်လို့ပြောပါတယ်။ ဓားအိမ်မှာ “၁၁၁၄ ခုနှစ် အိမ်ရှေ့မင်းဒါးတော်” လို့ရေးထားပါတယ်။ ဓားအသွားမှာတော့ ရာမဇာတ်ပုန်လို့ ရေးထားပါတယ်။ မြန်မာသက္ကရာဇ် ၁၁၁၄ ခုနှစ်ဆို အင်္ဂလိပ်သက္ကရာဇ်က ၁၇၅၂ ခုနှစ်ကပါ အလောင်းဘုရားနန်းတက်တဲ့အချိန်ပါ။ အလောင်းဘုရားသားတော်ကြီး ဖြစ်တဲ့ နောင်တော်ကြီး က အိမ်ရှေ့မင်းဖြစ်နေမယ့်အချိန်ပါ။ သူကိုင်ခဲ့တာလဲဖြစ်နိုင်ပါတယ်။ ဘယ်လောက်သေချာလဲတော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် မြန်မာ့ရှေးဟောင်း အမွေအနှစ်တစ်ခုလဲ ဖြစ်ခြင်ဖြစ်နိုင်ပါတယ်။ link က ဒီမှာ
http://forums.swordforum.com/showthread.php?t=79223 သွားကြည့်လို့ရပါတယ်။
သူရိုက်ထားတဲ့ ဓါတ်ပုံတွေကအောက်မှာပါ-
Sunday, November 14, 2010
တကမ္ဘာလုံးက ထိပ်တန်းသတင်းဌာနတွေအားလုံး က Head Line News အဖြစ်ဖေါ်ပြကြတဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်း
Aljazeera

Associated Press

BBC News

CNN

Guardian News

Time

VOA

Yahoo News
ပြည်တွင်းမီဒီယာတွေဖြစ်တဲ့ ELEVEN News နဲ့ The Yangon Time မှာလည်း ဖော်ပြထားတယ်

ပြည်ပရောက်အတိုက်အခံမီဒီယာတွေဆို ဒေါ်အောင်ဆန်းစုကြည်သတင်းအကြောင်း ပြောစရာမလိုအောင် တင်ထားကြတယ်။
ဒေါ်အောင်ဆန်းစုကြည် လိုဘဲ မြန်မာပြည် နေအိမ်အကျယ်ချုပ်ခံထားရတဲ့ တစ်ယောက်ရှိပါသေးတယ်။ သူ့ခေတ် သူ့အခါကလျှမ်းလျှမ်းတောက် လက်လက်ထနေတာဘဲ။ တန်ခိုးအာဏာကလဲ လက်ညှိုးသာညွှန်လိုက် အကုန်ဖြစ် အာရှနိုင်ငံတွေဆို ပြဲပြဲဆင်သွားတယ်။ သူ့ကိုကျတော့ နိုင်ငံတကာခေါင်းဆောင်တွေ၊ UN အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ ဘယ်သူမှ လွတ်ပေးဖို့တောင်းဆိုသံမကြားရဘူး ဘယ်သူကမှလဲ ဂရုမစိုက်ဘူး သူကဒေါ်အောင်ဆန်းစုကြည် ကို ညီမလေးလိုသဘောထားပါတယ် ပြောခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွှန့်ဘဲ... သူလွတ်လာရင် ဒီလိုဘဲဖြစ်မယ် ထင်ပါသလား

Saturday, November 13, 2010
Thursday, November 11, 2010
Tuesday, November 9, 2010
ရန်ကုန်မြို့တော်ဝင် အောင်သိန်းလင်း / ဆက်ဆံရေးဝန်ကြီးဟုခေါ်သော အောင်ကြည်
ရန်ကုန်မြို့တော်ဝင် ဦးအောင်သိန်းလင်းအနေဖြင့် ပြိုင်ဘက်အမတ်လောင်း ဦးကောင်းမြင့်ထွဋ်ကို
“ငါ့တူ မောင်ကောင်းမြင့်ထွဋ် ဦးလေးလဲ ရန်ကုန်မြို့တော်ဝန်တာဝန်ကို ယူလာတာနှစ်ပေါင်းများစွာကြာပြီကွာ တတ်နိုင်သလောက်တော့လုပ်တာဘဲ အဆင်မပြေတာတွေလည်းအများကြီး ငါ့အနေနဲ့ မင်းတို့လိုလူငယ်တွေ ကို လွဲပေးပြီး အကြံသစ် ဥာဏ်သစ်နဲ့ ငါတို့ နိုင်ငံကိုဦးဆောင်စေခြင်တယ် လူပြောင်းသွားတော့ အကြံတွေလဲပြောင်းသွားတာပေါ့” လို့များပြောပြီး အမတ်အနေနဲ့ ၀င်အရွေးမခံဘဲနေခဲ့ရင်
မင်္ဂလာတောင်ညွှန့်မှ မင်းဗထူး အမည်ခံ ဦးအောင်ကြည်လည်း ငါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေကို ကြားထဲ ဆက်ဆံရေးဝန်ကြီးလုပ်လာတာ ဘာမှလည်းမအောင်မြင်ဘူး ငါနောက်ဝင်မပါလည်းရပါတယ်လေ ဆိုတဲ့ အတွေးများဝင်ခဲ့ရင်
ခုတော့ အခုခေတ် မြန်မာ့တပ်မတော် စစ်ခေါင်းဆောင် ထမိန်ဝတ်များအတိုင်း ဦးအောင်သိန်းလင်း ခင်မျာ နည်းမျိုးစုံနဲ့ အနိုင်ယူသွားတော့ လူကြီးလူကောင်းဟုဆိုရမည့်အစား လူညစ်ပတ် ကလေးဗိုလ်ဟု သာခေါ်ခြင်တော့သည်။
နောက်တယောက်ကတော့ ထမိန်ဝတ်စစ်တပ်ကထုံးစံအတိုင်း ရပ်ကွက်တွေကနိုင်သမျှ အစိုးရ၀န်ထမ်းအများစုကိုအကြပ်ကိုင်ကာ ကြိုတင်မဲလုပ်အနိုင်ယူလို့ မင်းဗထူး အစား မင်းသာရူး လို့ဘဲခေါ်ပါတော့
အရှက်မရှိတဲ့ပုံတွေမတင်ဘဲထားတယ် နောက်မှ Google search engine မှာအောင်သိန်းလင်း တို့ အောင်ကြည်တို့ နာမည်ရိုက်ရှာရင် တွေ့ရအောင် တင်ထားဦးမယ်

Subscribe to:
Posts (Atom)